
ကဲကဲ သီချင်းနားထောင်လိုက် အင်တာဗျူးတွေ ဖတ်လိုက်နဲ့ ပရိတ်သတ်ကြီး ပျင်းနေမှာစိုးလို့ အပြောင်းအလဲအနေနဲ့ ရယ်ရယ်မောမောလေးဖြစ်အောင် ဒီအစီအစဉ် အသစ်လေးကို တင်ဆက်လိုက်ပါတယ်။ရီစရာ မောစရာ ဗီဒီယိုများ၊ ဓာတ်ပုံများ၊ စာပိုဒ်လေးတွေ၊ စသဖြင့်စသဖြင့် ရှာဖွေစုဆောင်းပြီး တင်ဆက်ပေးသွားပါမယ်။ ပထမဆုံးအနေနဲ့ Comedy Talk Show လေးတစ်ခုကို အစမ်းသဘောအနေနဲ့ တင်ဆိုက်လိုက်ပါတယ်။ Comedian ကတော့ Canada ဖွား Indian သား Russell Peters ဖြစ်ပါတယ်။အာရှနွယ်ဖွားဖြစ်တဲအလျှောက် သူရဲ့ပျက်လုံးတွေက များသေားအားဖြင့် အာရှသားတွေကို ရည်ရွယ်ပါတယ် (အထူးသဖြင့် Chinese and Indian)။ R Peters ကခေသူတစ်ယောက်တော့မဟုတ်ပါဘူး။United States, UK, Australia, Hong Kong, Singapore စသဖြင့် နိုင်ငံအသီးသီးမှာ လှည့်လည်ဖျော်ဖြေခဲ့ရပြီး သူရဲ့ပွဲတွေဟာ များသောအားဖြင့် ခုံနေရာလွတ်မရှိ လူပြည့်ခဲ့ပါတယ်။ ဒါတင်မကပဲ Gemini Awards လေးမျိုးကိုလည်း Nominate အလုပ်ခံခဲ့ရတဲ့အပြင် သူရဲ့ ၂၀၀၆မှာထွက်ရှိခဲ့တဲ့ OutSource DVD ဟာ အခွေပေါင်း ၁၀၀,၀၀၀ ကျော်ရောင်းခဲ့ရပါတယ်။
Russell Peters နဲ့ပတ်သက်ပြီး ပိုမိုသိရှိချင်တယ်ဆိုရင်တော့ ဒီလင့် ကနေဆင့် သွားရောက်ကြည့်ရှုနိုင်ပါတယ်။
အခု Comedy Central Channel မှာပြသွားတဲ့ သူရဲ့ Show တစ်ခုဖြစ်တဲ့ Comedy NOW! Uncensored ကို MYMC လာလည်သူတွေ ကြည့်ရှုနိုင်အောင်တင်ပေးလိုက်ပါတယ်။
Warining : Video Cotent Rated (R) (18+) for explicit language