
MYMC ရေဒီယိုကနေ၂၄နာရီ ၇ရက်ပတ်လုံး ရသစုံလင်တဲ့သီချင်းတွေနဲ့တင်ဆက်တာကို အားပေးနေတဲ့ ပရိတ်သတ်ကြီးလည်း ရိုးလှရောပေါ့။ ကဲဒီတစ်ခါ ထူးထူးဆန်းဆန်းလေးဖြစ်အောင် MYMC နဲ့ Pasir Panjang Productions တို့ရဲ့ပူးပေါင်းတင်ဆက်ခဲ့တဲ့ အစီအစဉ်လေးတွေကို MYMC Radioမှာအသံလွှင့်ဖွင့်ခဲ့ဘူးပါတယ်။ ဒီအစီအစဉ်လေးကို ကြိုက်နှစ်သက်လို့ ထက်မံထုတ်လွှင့်ပေးဖို့ တောင်းဆိုထားတဲ့ MYMC Radio အမြဲနားထောင်နေတဲ့ပရိတ်သတ်အတွက်ကော၊ အကြောင်းအမျိုးမျိုးကြောင့် နားမထောင်ဖြစ်လိုက်သူတွေအတွက်ပါ ရည်စူးပြီး ဒီနေရာလေးမှာ ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်လေးတွေကို တင်ပေးလိုက်ပါတယ်။ အားလုံးပဲနားဆင်ပြီးအတူတူ ခံစားကြတာပေါ့။ နောက်ထပ်လည်း ဒီလိုအစီအစဉ်လေးတွေ မကြာခဏဆိုသလို ပြုလုပ်ပြီး တင်ဆက်ပေးသွားပါမယ်။အားလုံးကိုကျေှးဇူးတင်လျှက်...
မဟူရာ