i-MYMC (Radio on IPhone/ITouch)

Note: ဒီ tutorial ကိုတစ်ခြား radio station တွေအနေနဲ့ ယူသုံးချင်တယ်ဆိုရင် လွတ်လပ်စွာ သုံးနိုင်ပါတယ်။ တစ်ခုပဲ မေတ္တာရပ်ခံချင်တာက MYMC ကို ပြန် credit ပေးပါ။ မပေးချင်လို့ ဒီအတိုင်းပေါ်တင်ကြီးလုပ်ပြီး ခပ်တည်တည်နေလည်း ကျွန်တော်တို့ ဘာမှပြောလို့မရပါဘူး။ ဒါပေမဲ့ တစ်ခြား radio station တွေရဲ့ admin တိုင်း DJ တိုင်းမှာ MYMC Family တစ်ခုလုံးက လေးစားလောက်တဲ့ စိတ်ဓာတ်ရှိမယ်လို့ ယုံကြည်ထားပါတယ်။
mahuyar
၁.
မိမိ Iphone/Itouch မှ Slide to Unlockဆိုတဲ့ဆိုတဲ့အတိုင်း Arrow Block ကို ညာဘက်ရွှေ့ပြီး unlock လုပ်ပြီး Home Screen ကိုသွားပါ။ Itouch/Iphone ဘယ် Generation မဆို firmware 3.0 နဲ့ အထက်ရှိတဲ့လူတွေအတွက်တော့ App Store ဆိုတဲ့ Application လေးကိုမြင်ရပါလိမ့်မယ်။ မရှိသေးဘူးဆိုရင်တော့ ကိုရဲမြင့်ရဲ့ blog ကနေတဆင့် ဖတ်ရှုပြီး လုပ်နိုင်ပါတယ်။ သွားမယ်ဆိုရင် ဒီကို နှိပ်ပါ။ firmware upgrade တစ်ခုထဲ မဟုတ်ပဲ Jail Break ပါ ထည့်ပေးထားတဲ့အတွက် ဖတ်ရှုသူတွေအဆင်ပြေပါလိမ့်မယ်။ အခု MYMC Radio အတွက်လိုအပ်တဲ့ Application ကတော့ jail break လုပ်စရာမလိုပါဘူး ဒါပေမဲ့ WiFi မဟုတ်ရင် 3G connection တစ်ခုခုရှိဖို့လိုအပ်ပါတယ်။ အကုန်အဆင်ပြေပြီဆိုရင် Home Screen က App Store ပေါ်ကို tap ထောက်ပြီး run ပါ။ Application ပွင့်လာတဲ့အခါ ပုံမှာပြထားတဲ့အတိုင်း Search ကို tap ပါ။
င်္
၂.
Search box ပွင့်လာတဲ့အခါ အောက်ကပုံမှာ ပြထားတဲအတိုင်း "fstream" လို့ရိုက်ထည့်ပြီး "Search" button ကိုနှိပ်ပါ။ "Fstream" ဆိုတဲ့ Application ဒုတိယပုံမှာ ပြထားတဲ့အတိုင်း ကျလာပါလိမ့်မယ်။ Fstream က free application ဖြစ်တဲ့အပြင် itunes store မှာတင်ပေးထားတဲ့အတွက် စိတ်ချလက်ချ Install လုပ်နိုင်ပါတယ်။ Fstream ပေါ် tap တစ်ချက်ထောက်ပါ။ Fstream ရဲ့ application home page ကိုရောက်သွားပါလိမ့်မယ်။ တတိယပုံမှာ ပြထားတဲ့အတိုင်း free ဆိုတဲ့ button ကိုတစ်ချက်နှိပ်ပါ။ ပြီးရင် install လုပ်ပါ။
၃.
Install ကိုနှိပ်ပြီးတဲ့အခါ Application ကို ကိုယ့်ရဲ့ Iphone/Itouch မှာ Download ပြီး Run ဖို့အတွက် Apple/itunes id နဲ့ password လိုအပ်ပါလိမ့်မယ်။ မရှိသေးသူတွေအတွက် id လုပ်ဖို့ Option ပေးပါလိမ့်မယ်။ ရှိပြီးသားတွေအတွက် ကိုယ်ရဲ့ id နဲ့ password ကို ရိုက်ထည့်ပြီး တစ်ခါထဲ Sign in လုပ်နိုင်ပါတယ်။ Itouch/Iphone ရှိတဲ့သူတွေတော်တော်များများမှာ apple id ရှိတတ်ကြပါတယ်။ Sign in လုပ်ပြီးရင် itouch/iphone home screen မှာ Installing ဆိုတဲ့ screen ပေါ်လာပါလိမ့်မယ်။ ပြီးသွားရင် ဒုတိယပုံမှာ ပြထားတဲ့အတိုင်း ပေါ်လာပါလိမ့်မယ်။ Fstream ပေါ် tap ခေါက်ပြီး run ပါ။
၎.
fstream ကို run ပြီးတဲ့အခါအောက်မှာ ပြထားတဲ့ ပထမပုံအတိုင်း မြင်ရပါလိမ့်မယ်။ "Radio Classique" ဆိုတာက fstream က default စမ်းသက်ဖို့ ထည့်ပေးလိုက်တဲ့ stream ပါ။ အခု MYMC ရေဒီယိုကိုနားထောင်နိုင်ဖို့ ဘယ်လို configure လုပ်ရမလဲဆိုတာပြပါမယ်။ ပထမဆုံး ပုံမှာပြထားတဲ့အတိုင်း "favourites" ကို tap တစ်ချက်ခေါက်ပါ။ "Edit" ကိုနှိပ်ပါ။ ပြီးရင် "Add new webradio" ဆိုတဲ့ option က ဘေးက "+" လေးကို နှိပ်လိုက်ပါ။
၅.
New Web Radio ကို ထည့်ဖို့ box ကျလာပါလိမ့်မယ်။ ပုံနည်းနည်းသေးသွားတဲ့အတွက် သေချာမမြင်ရဘူးဆိုရင် ထည့်ရမယ့် information တွေကို ဒီကနေတဆင့် ကြည့်နိုင်ပါတယ်။ Name ဆိုတဲ့နေရမှာ MYMC လို့ထည့်ပါ။ MYMC မဟုတ်ပဲ Myanmar Youth Media Club ဖြစ်ဖြစ် MYMClub Radio ဖြစ်ဖြစ် ကြိုက်တာထည့်လို့ရပါတယ်။ URL မှာတော mms://wma1.viastreaming.net/MYMC လို့ ရိုက်ထည့်ပါ။ Encoding နေရာမှာတော့ အောက်မှာပြထားတဲ့အတိုင်း WindowsLatin1 ကို ရွေးပြီး Save လုပ်လိုက်ပါ။ ခုနက "favorite" ကို ပြန်ရောက်သွားပါလိမ့်မယ်။ အဲဒီမှာလည်း "Done" နှိပ်ပါ။
၆.
"Done" နှိပ်ပြီးသွားရင် Configure လုပ်တဲ့အပိုင်းပြီးသွားပါပြီ။ အလုပ်လုပ်မလုပ် test ပြီးနားထောင်ဖို့ပဲ ကျန်ပါတော့တယ်။ အောက်မှာ ပြထားတဲ့အတိုင်း "Play" ပေါ်ကို tap လုပ်ပါ။ ယခင် Fstream home မှာ stream တစ်ခုပဲ ရှိရာကနေ အခု နှစ်ခုဖြစ်သွားပါပြီ။ "MYMC" ပေါ်မှာ tap တစ်ချက်နှိပ်ပြီး အပေါ်က Play button ကိုနှိပ်ပါ။ Buffering တက်တာခဏစောင့်ပြီး အသံတက်လာပြီဆိုရင်တော့ MYMC Radio ကိုမိမိတို့ရဲ့ Iphone/Itouch ပေါ်မှာ နားဆင်ခံစားနိုင်ပါပြီ။
အကုန်လုံးအဆင်ပြေအောင် video tutorial လေးပါတင်ပေးလိုက်ပါတယ်။ Video Tutorial ကတော့ လုပ်ထားတာ ကြာပြီမို့လို့ ကွဲလွဲမှုလေးတွေ အနည်းငယ်ရှိနိုင်ပါတယ်။ ဖြည့်စွက်ရမယ့် information များကိုတော့ အပေါ်မှာ ဖော်ပြထားတဲ့ Photos များနဲ့ စာများကိုသာ အသုံးပြုဖို့ လိုအပ်ပါတယ်၊
အဆင်မပြေတာတွေ ရှိခဲ့ရင် mahuyar@mymclub.net ဒါမှမဟုတ် lance@lanceonline.net ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Special Thanks to DJ - Lance from MYMC for all his efforts making this tutorial.