Idiots
Idiots 1
V: မင်္ဂလာပါရှင် အနော်ကတော့ MYMC online ရေဒီယို station မှ interviewer V ပဲ ဖြစ်ပါတယ်ရှင်။ ပထမဦးဆုံး အကိုတို့ရဲ့member  ၁ ဦး ချင်းစီအလိုက် နာမည်အရင်း အသက်နဲ့  တီးတဲ့ instrument လေး ပြောပြ ပေးပါရှင်.
Raymond:  ဟုတ်ကဲ့ ကျွန်တော်ကတော့ Raymond  ပါ နာမည်အရင်းက တော့ ဝေမွန်ဦး လို့ခေါ်ပါတယ် ကျွန်တော်က band မှာ vocalist ပါ။ အသက် ကတော့ ၂၁ ပေါ့။
Japan: ကျွန်တော်ကတော့ Japan        ဖြစ်ပါတယ်။နာမည် အရင်းကတော့ လှမျိုးဦး ဖြစ်ပါတယ် Idiots band မှာ drum တီးပါတယ်။ ကျွန်တော်ကတော့  ၃၀ ရှိနေပါပြီ။
4Lone: ကျွန်တော် နာမည် မျိုးမင်းဆွေ ပါ  အနုပညာ နာမည်က 4Lone  အသက်က ၂၀ ။ guitar တီး ပါတယ်။

V: အကိုတို့က အရင်တုန်း က ၅ ယောက်လို ပဲနော်။ အခုမှ ဘာလို့ ၃ ယောက်ဖြစ်သွားတာလဲ။
Raymond: ကျွန်တော်တို့ ဒီ band လုပ်လာတဲ့ ၅ နှစ်တာအတွင်း မှာ အပြောင်းအလဲတော့ရှိပါတယ် band စစလုပ်ချင်းတုန်းကတော့ ကျွန်တော်တို့ အခုဒီ member တွေနဲ့ မဟုတ်ဘူး..ကျွန်တော်နဲ့ တခြားmember တွေ ပေါ့နော်။ နောက်ဆုံးဖြစ်သွားတာက 2009 နှစ်အစလောက်က စပြီး ကျွန်တော်တို့ ဒီ member ၃ယောက် က permanent ဖြစ်သွားတာပေါ့နော်။


V: ဟုတ်ကဲ့ အစ်ကိုတို့ ရဲ့ဝါသနာချက်လောက်တော့ပြောပြပေးပါဦး။
Raymond: ကျွန်တော်က 4Lone နဲ့တူတူပဲ။ game နှိပ်တာဝါသနာပါတယ်။အင်း ပြီးတော့လျှောက်သွားရတာ ၀ါဿနာပါတယ် ပြီးတော့သောက်ရတာ ၀ါသနာပါတယ်။
Japan:  အတူတူပဲ။
4Lone: ကျွန်တော်ကတော့ ဂိမ်းနှိပ်တာပဲဝါသနာပါတယ်။ လျှောက်သွားရတာတော့ ဒီကောင်ဝါသနာပါတာနဲ့ ပါသလိုလို ဖြစ်သွားတယ် အမှန်ကမပါပါဘူး။


V: ဟုတ်ကဲ့ interview တိုင်းမှာမေးကြသလိုပေါ့နော် MYMC ပရိတ်သတ်ကြီးလည်းပိုပြီးသိအောင်လို့ Idiots band က ဘယ်ခုနှစ်မှာ ဘယ်လိုစပြီးဖြစ်လာလဲ။ အဲ လို မျိုးလေး တချက်လောက်တိတိကျကျလေးပေါ့နော်။
4Lone: ခုတော့2010ရှိပြီ။ ဘာမှတော့ ဖြစ်မလာသေးဘူး။
Raymond: အော် အင်း(ရယ်လျှက်) band စခဲ့တာတော့ 2005 Jan (ခဏခဏလည်းရှိပါပြီ.ပြောရတာ။Jan ၂၀ ပေါ့နော် အဲဒီတုန်းက စဖွဲ့ဖြစ်တယ် ကျွန်တော်တို့ Unplugged  ရှိုးလေးမှာ စ တီးဖြစ်တာ။
စ တီးဖြစ်ပြီးတော့ ဒီလိုပဲ ဟို လိမ်ဖယ်လိမ်ဖယ်နဲ့ ပဲ အခု ၂၀၁၀ ရောက်လာပြီပေါ့ အခုဆိုရင်တော့ ကျွန်တော်တို့ ဟို အတွဲခွေ ၃ ၄ ခွေနဲ့ ငြိမ်ငြိမ်လေးတင်နေတဲ့အခြေအနေပေါ့နော် ရောက်နေပါပြီပေါ့။


V: ဘယ်လိုပဲပြောပြော အကိုတို့ကလေ အောင်မြင်လာပြီလို့ပြောလို့ ရပါတယ် အင်တာဗျူး တိုင်းမှာလဲ တွေ့နေရတယ်။ အခွေတော်တော်များများမှာလဲ ပါနေရတယ်ပေါ့နော်။ ဒီလိုမျိုးအောင်မြင်လာဖို့ အတွက် အကိုတို့ရဲ့ကြိုးစားအားထုတ်မှု လေးလဲ တစ်ချက်လောက်ပြောပြပေးပါအုံး ?
Raymond: ကြိုးစားအားထုတ်မှုကတော့ ဘယ်လိုပြောရမလဲ သိပ်ပြီးတော့ ကျွန်တော်တို့  struggle အရမ်းလုပ်စရာတော့မလိုဘူး  ဘာကြောင့်လဲ ဆိုတော့ အကုန်လုံးက music ကိုဝါသနာပါလာပြီးသားပဲလေ။ ဒီအလုပ်လုပ်ရရင်ပျော်နေတယ်ဆိုတော့  ဒီအလုပ်နဲ့ပတ်သက်ပြီးတော့ ကြိုးစားအားထုတ်မှုတော့ရှိတာပေါ့။ ဥပမာ သီချင်း ၁ ပုဒ် ဖန်တီးတဲ့နေရာမှာ ကျွန်တော်တို့ပြီးစလွယ် မလုပ်ဖူးပေါ့နော် သေသေချာချာလေး အကုန်လုံး band သား သုံးယောက်လုံး တိုင်ပင်ပြီး သေချာလုပ်ကြတယ်....ဆိုတာတီးတာကအစ ရေးတာက အစ ပေါ့ ။ အဲ့ပိုင်းမှာ အားစိုက်ပြီး ကျန်တဲ့ အပိုင်း ကတော့ သိပ်တော့ အရမ်းကြီးအားစိုက်စရာမလိုဘူး။
4Lone: အဓိက က ကျွန်တော်တို့  ကိုယ်လုပ်တဲ့ ဂီတအပေါ်မှာ ရိုးရိုးသားသားလုပ်ခဲ့တာတစ်ခုက..

Raymond: ပျော်တယ် ပျော်တယ်။ လုပ်တာကပျော်တဲ့အတွက်ပေါ့နော်။ သိပ်ပြီးတော့ မပင်ပန်းဘူးပေါ့။


V: ဘယ်လိုပဲပြောပြောလေ အကိုတို့ က band အသစ်ဆိုတော့ အခက်အခဲတွေလဲ ရှိမှာပဲ။ အဲ့ဒီအခက်အခဲတွေကရော။
Raymond: အခက်အခဲလေးတွေကတော့ ရှိတယ်ပေါ့။ ဒါပေမဲ့  ဒီ ကျွန်တော်တို့ band တွေ မှ မဟုတ်ပါဘူး။ဒီလောက ထဲ စ၀င်တဲ့ လူတွေ ရှိကြမှာပဲ။ ဥပမာ လူမရှိပဲနဲ့လူ ၁ ယောက်မှ မရောက်သေးပဲနဲ့ စတိတ်ပေါ်တက်ရတာတို့ ပြီးတော့ ဘယ်လို ပြောရမလဲ နဲနဲလေး အဆိုတော်တွေနဲ့ ပတ်သက်ပြီး role လေးနဲနဲအဲခွဲခံရတော့တို့ အဲဒါလေးတွေတော့ ရှိမှာပေါ့။ လူတိုင်းလဲ ကြုံရမှာပေါ့။ ဘယ်အလုပ်ပဲလုပ်လုပ်လေ ဒီလိုမျိုးဟာလေးတွေတော့   ကိုယ်ကဒီဥစ္စာထဲကို ကြာတော့ ကြာပြီပေါ့။ ၅ နှစ်လောက်ရှိပြီ ဆိုပေမဲ့ music အနေနဲ့ကော ကျွန်တော်တို့ သွားချင်တဲ့ ပုံစံအနေနဲ့ အသစ် ဖြစ်နေတာပေါ့။ အဲလို အခက်အခဲလေးတွေတော့ရှိတာပေါ့။ လူလက်ခံနိုင်ဖို့လေ။


V: ဟုတ် အကိုတို့ ရဲ့လေ ပွဲတော် အခွေထဲမှာပါတဲ့ အချိန်တန်ရင်ဆိုတဲ့ သီချင်းလေးကိုလေ တော်တော်များများလဲ ကြိုက်ကြတယ်ရှင့်။ ဒါပေမဲ့ အဲဒီ့ MTV  ထဲမှာ ပြန်ကြည့်တော့ အကိုတို့က ငယ်ငယ်လေးပဲ ရှိသေးသလိုပဲ ဆိုတော့ အချိန်တန်ရင် ဆိုတဲ့ သီချင်းက အကိုတို့ရဲ့ပွဲဦးထွက် သီချင်းများလား မသိဘူး။
Raymond: အဲသီချင်းက  ပွဲ ဦးထွက်တော့ မဟုတ်ဘူး။ အဲသီချင်းကဟိုဟာ  ဒုတိယမြောက်ပေါ့နော်။ ဒုတိယမြောက်  albumမှာပါတဲ့ သီချင်းလို့ပြောလို့ရတယ်။  ခု တီးတာက ကျွန်တော်တို့ဘာလာလာ ထဲမှာ ပါတဲ့ သီချင်းကို အရင်လုပ်တာ အရင်လုပ်ပြီးတော့မှ တီးပြီးတော့မှကျွန်တော်တို့ အဲဒီ့အချိန်တန်တော့ ဆိုတဲ့ သီချင်းက ကျွန်တော်တို့ပွဲတော် ရှိုးလုပ်မယ်။ ငါတို့တီးကြမယ် ဆိုတော့ ရေးလိုက်တာပေါ့နော်။ အဲဒီ့ပွဲလုပ်ခါနီး ကိုရေးပြီးတော့ တီးဖြစ်လိုက်တာ။  အဲတုန်း က 4Lone ရယ် ကျွန်တော်ရယ် တူတူပဲကို ကျောင်းက တူတူပဲဆိုတော့ ဟိုဟာလောက်ပဲ ရှိအုံးမယ်။ ၈ တန်းပေါ့ ၊၈ တန်းနှစ်အတွင်းမှာထင်တယ်။ ၈တန်းအပြီး လောက်မှ 2005 နှစ်ကုန်ပိုင်းလောက်မှာ နှစ်ကုန်ပိုင်းလောက်ပေါ့နော်။


V: ဘာလာလာထဲက ခွေဆိုတောလေ့  ငါ့ အပြစ်နဲ့ ငါ သီချင်းလား တစုံတရာ လားမသိဘူး။
Raymond: ဘာလာလာ ထဲကသီချင်း ၂ ပုဒ်လုံး က အကုန် မတိမ်းမရိမ်းလုပ်တာပေါ့။ အဲငါ့အပြစ်နဲ့ငါကော တစုံတရာကော  အချိန်တန်ရင်ပြီးမှ မဟုတ်ဘူး။  အချိန်တန်ရင်မတိုင်ခင်..


V: အော် ဟုတ်ဟုတ် အကိုတို့ရဲ့လေ ဟို underground မှာ ပျံ့နေတဲ့ သီချင်းလိုပေါ့နော်။ မင်းနဲ့နီးဖို့ဆိုတဲ့ သီချင်းက အဲ့သီချင်းလေးက တော်တော်လေး လဲ ပျံ့ပြီး တော်တော်လေး လဲ ကောင်းပါတယ်ရှင့်။ အဲသီချင်းလေး အကြောင်းလေး လဲတစ်ချက်လောက်ပြောပြပေးပါအုံး။
Raymond: အဲသီချင်းလေး က ကျွန်တော်ဟိုဟာ နာဂစ် ဖြစ်တုံးထင်တယ်။ နာဂစ်ဖြစ်ပြီးတော့  သိပ်မကြာပါဘူး အဲမှာ အဲသီချင်းလေး ရေးဖြစ်တာပါ။ ရေးဖြစ်တာ အဲတုန်းက Retro ပုံစံလေး သီချင်းပုံစံလေး Cold Play တို့ပါတို့ အဲသီချင်းလေးနဲနဲနားထောင် ပြီး  ကျွန်တော်တို့လုပ်လာတာ  ဒီ modern rock   အပိုင်းမှာဆိုရင် ဒီအနှေး ထဲမှာဆိုရင်ဟို cord frame နားထောင်တာတွေများလာပြီး နဲနဲလေး ညည်းလာတယ်။ ဒီကောင်ကြတော့ နဲနဲလေး အကွန့်လေးနဲ့ပုံစံ ရိုးရိုးလေး နဲ့သွားတယ်။ Drum  ဆိုလဲ down-beat လေးနဲ့သွားတယ်ပေါ့နော်။ စာသားရိုးရိုးလေး နဲ့ဒီဘက် retro ဘက်ရောက်တဲ့ music မျိုးလေး အဲ အဲပုံစံလေး လုပ်ကြည့် ချင်တယ်ဆိုပြီးတော့ ကျွန်တော်တို့ ရေးလိုက်တာပါ။


V: ဟုတ်ကဲ့ အကိုတို့ရဲ့single album ကိုကော ဘယ်တော့လောက် ထွက်ဖြစ်မယ်ထင်လဲ?   
Raymond: single က ကျွန်တော်တို့ ခုမှန်းတာကတော့ ကျွန်တော်တို့ Jan မှန်းထားတာ Janတော့ မထွက်ဖြစ်လောက်တော့ဘူး ထင်တယ်။ ဒီ mixing ပိုင်းလဲ ရှိတော့လေ။ Feb လောက်ဖြစ်မယ်ထင်တယ်။ Feb လဆန်းပေါ့။ အဲထက်တော့ နောက်မကျလောက်တော့ပါဘူး။

V: တခြား band တွေနဲ့ အဲလို  တွဲထွက်မဲ့လေ ဟို ဘာလာလာ တို့ လို ဟာလိုပေါ့။ အဲလိုမျိုးခွေတွေကောရှိသေး လား မသိဘူး။
Raymond: ဟုတ်ကဲ့ ရှိပါတယ် ကျွန်တော်တို့အခု ဒီ 2010 (၁)  ရက်နေ့က ထွက်တဲ့သမိုင်းသစ်ဆိုတဲ့ ခွေရှိပါတယ်  သမိုင်းသစ် အခွေရယ်။ သမိုင်းသစ် ကတော့ အဖွဲ့  ၆ ဖွဲ့ပေါ့။ Temper Level8,Drive ရယ်, Idiots,Reason,Wanted ရယ် Offkeys  ရယ်… ၆ ဖွဲ့ ။အဲ ပြီးတော့ ကျွန်တော်တို ခု လုပ်နေတာပေါ့နော်။ လုပ်နေဆဲ အခွေလေး ၁ ခွေ ရှိပါတယ်။ ကျွန်တော်တို့  GIR  ဆိုပြီး နာမည်ပေးထားတာ  ကို G latt  အကြမ်းမျဉ်းပေါ့။ ကို G latt , Reason ပြီးတော့ ကျွန်တော်တို့  Idiots  ပေါ့ ၃ ဖွဲ့။


V: ဒီ အခွေ မှာကော အကိုတို့ သီချင်းက ဘယ်နှပုဒ်လောက်ပါမလဲ မသိဘူး။
Raymond: သမိုင်းသစ် ထဲမှာ ကျွန်တော်တို့ သီချင်း ၂ ပုဒ်ပါတယ် ၂ ပုဒ်ပေါ့နော်။
V: ဟို အသစ်ပဲလား မသိဘူး။
Raymond: အသစ် ၊ အသစ်၂ ပုဒ် ပြီးတော့။ GIR  ထဲမှာကြတော့ ကျွန်တော်တို့  ၁ဖွဲ့ ကို ၄ ပုဒ်လောက်ဖြစ်မယ
်။

V: အော်   ၄ပုဒ်ပေါ့ နော်။ ဟုတ်
Idiots 2
ဟို သီချင်းလုပ်တဲ့ အပိုင်းလေးတွေလဲ နဲနဲ မေးမယ်နော်။ အကိုတို့ သီချင်းတွေလုပ်တဲ့ အခါမှာ own tune တွေ ပဲလုပ်တာလား ဒါမှမဟုတ် copy ကောလုပ်လားမသိဘူး။
Raymond: ကျွန်တော်တို့  own tune ပဲ လုပ်ပါတယ် own tune ကို တတ်နိုင်သမျှဖြစ်အောင်ကို ပိုပြီးတော့ ကြိုးစားပြီးလုပ်ကြပါတယ်
4Lone: ဒီနေရာမှာ နဲနဲ ဟိုဟာ ကျွန်တော်တို့ ကို မေးနေကြမေးခွန်းလေး၁ခု  ရှိတာပေါ့ .. အဲဒီ့အရင်တုန်းက မျက်နှာမသစ်ကြသူများ  ဆိုတဲ့ အခွေထဲမှာ Raymond ဆိုထားတဲ့ သီချင်း ၁ပုဒ်ရှိတယ် အဲဒါသူက The Calling  သီချင်းပေါ့နော်။ အဲဒါကို သူ က copy ဆိုထားတာ။


V:  အော် ဟုတ်နားထောင်ဖူးပါတယ်
4Lone: အင်း အဲသီချင်းကို ဆို နားထောင်ကြတဲ့လူတွေက ဒါ Idiots သီချင်းပေါ့နော် အဲလိုလာလာမေးကြတယ် , Idiots  copy လုပ်တာလား  အမှန်ကတော့ မဟုတ်ဘူးဗျ အမှန်က ခွေစီစဉ်တဲ့ လူက Raymond ကို Idiots  နဲ့တွေ့ပြီးတော့ သူကနောက်ပိုင်းကြတော့ Raymond က Idiotsက  ဆိုပြီး ထဲ့လိုက်တာ အမှန်ကတော့ Raymond  က အဲသီချင်းဆိုတုန်းက Idiots  ကိုမလုပ်ရသေးဘူး အဲဒါကြောင့် Idiots   copy လုပ်သလိုမျိုး ထင်သွားတာ။
Raymond: အဲဒီတုန်းက သီချင်းကလဲ ဆိုချင် ကလေး ကလဲဖြစ် ၈ တန်းပဲ ရှိသေးတာကိုး ဆိုချင်တဲ့အခါကြတော့ ဘာမှ မစဉ်းစားရသေးပဲ လုပ်လိုက်တာ အဲမှာ နောက်ပိုင်းကြတော့မှ အဲဒီ့ဥစ္စာက ကျွန်တော် ၈ တန်းနှစ်မှာ လုပ်တယ်,ထွက်လာတော့ ကျွန်တော်တို့ပွဲတော် ပြီးတော့မှ ကျွန်တော်တို့ ပြန်ထွက်လာတယ်  ဆိုတော့ အချိန် ကဟနေတယ် အဲချိန်မှာ Idiots က copy လုပ်တယ်လို့ထင်သွားကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာလဲ ကျွန်တော်တို့လုပ်ဖို့လုံးဝအစီအစဉ် မရှိပါဘူး။ copy ကတော့။
V: ဟုတ်ကဲ့။ ဒီလိုမျိုး own tune တွေလုပ်တဲ့။ အခါမှာရော အကိုတို့က studio သွားပြီးတော့ အသံ သွင်း တာ နောက်တီးတာက အစပေါ့နော် အဲလိုမျိုးတွေ သွားသွင်းတာ ဒါမှ မဟုတ် Fruity Loop တို့လို software တွေ ပဲ သုံးလား။ 
Raymond: ကျွန်တော်တို့ကြတော့ rock band  ကျွန်တော်က ဘယ်လိုပြောမလဲ Acoustic ပေါ့နော် Acoustic  ဆိုတာ ကျွန်တော်တို့ လိုက်တီးရတဲ့music ပေါ့ data တွေလဲပေါတီးတတ်ရတယ်။ Fruity Loop တို့ဘာတို့ ကြမသုံးဘူးလားဆိုတော့ သုံးတယ် ဘယ်လို နေရာမျိုးတွေလဲ ဆိုတော့ကျွန်တော်တို့  ဟို ဥပမာ  sequence  ပါမယ် ဗျာ။ သီချင်း ၁ ပုဒ်မှာ ဒီ Drum တွေနေရာမှာ တချို့ ဥစ္စာလေးတွေ ကျွန်တော်တို့  rock bandတွေလိုပဲ sequence နဲနဲလေး ပါမဲ့ဥစ္စာလေး ရှိမယ်။ အဲဒါလောက်ပါပဲ ကျွန်တော်တို့  သုံးလဲ အခွေ ၁ ခွေလုံးမှာ ၁ ဘား ၂ ဘားထက်မပိုပါဘူး။
4Lone : Fruity  သုံးတတ်တဲ့ နေရာတွေဆိုတာလဲ ခုနကအဲဒီ့ ပြောသွားတဲ့ underground မှာပြန့်သွားတဲ့ မင်းနဲ့နီးဖို့တို့ ဘာတို့ဆို ဒါ  tempo version တွေလို့ပြောလို့ရတယ်။ အဲကောင်တွေဆိုရင်တော့ ဟိုသီချင်းစပ်တဲ့လူက Raymond ဖြစ်တဲ့ အတွက် သူ့ခေါင်းထဲက ဟာကိုသူက  အကုန်လုံးချထုတ်တဲ့အခါမှာ အကုန်လုံး နားထဲမှာပေါ်အောင်လို့ သူက FruityLoop  ကိုအဲလောက်တော့ သုံးပါတယ်။


V:  ဟုတ်ကဲ့ရှင့် အကို တို့ ဒီ rock music  အကိုတို့ ဆိုရင် တော့ modern rock ခေါ်မှာပေါ့နော်။ အဲလိုမျိုးမှာ band  ၁ခုနဲ့၁ခုက ချပြမဲ့ ပုံစံ မတူဘူးလို့ သိရတယ်ရှင့်။ အကိုတို့ကကော အကိုတို့ ကိုယ်ပိုင် ပရိသတ် ကိုချပြမဲ့ပုံစံ  ရှိပြီလား မသိဘူးရှင့်။
Raymond: ဟုတ်ကဲ့ ကျွန်တော်တို့ ချပြမဲ့ပုံစံ ကပေါ့။ Idiots  ပုံစံ ပဲ ဖြစ်သွားမယ် ထင်တယ်။ဘာကြောင့်လဲ ဆိုတော့ တီးတဲ့ လူတွေကလဲ band  သဘောတရားက ဒီလိုပဲလေ။ ကျွန်တော်တို့ ကျွန်တော် band မှာတီးနေတဲ့ လူတွေကလဲ ၁ခြားလူတွေနဲ့ မတီးဘူး။ ဟို  permanent ပေါ့နော် လိုက်မတီးဘူး။ ကျွန်တော်ကိုယ်တိုင်ကလဲ ၁ ခြားလူတွေနဲ့ မဆိုဘူးဆိုတော့လဲ ဟိုကျွန်တော်တို့ကြိုက်တဲ့ ဥစ္စာနဲ့လဲ တူတယ်ဆိုတော့ ပြန်ထွက်လာတဲ့ Form  ကလဲ ဟို တူမှာပါ။ ၁ ချို့ဟာလေးတွေပေါ့နော်။ ကျွန်တော်တို့ ကြိုက်တဲ့ ဥစ္စာလေးတွေ တူမှာပါ။ Idiots ရဲ့ form လေးတွေဖြစ်သွားမှာပါ။


V: ဟုတ်ကဲ့ အခု ဒီလက်ရှိပေါ့နော်။ music လောက အပေါ် music industry ခေါ်မှာပေါ့။ အဲပေါ်မှာ အကိုတို့ရဲ့အမြင်လေး ကိုလဲ ၁ချက်လောက် ပြောပပေးပါအုံး။
Raymond: ဟို music လောကကတော့ ဘယ်လိုပြောရမလဲ ဆိုတော့  နဲနဲတော့ ရွဲနေပြီ ( ဟီး )။ နဲနဲရွဲနေပြီ ဆိုတာ ကျွန်တော်တို့ ခုလိုအားသွန် ခွန်စိုက်လုပ်မဲ့လူတွေ ရှိလာလို့။ ရှိရင်တော့ မပြောတတ်ဘူး။ ဒီခိုးကူးတွေဘာတွေ ကလဲ တော်တော် များနေပြီဆိုတော့ အဓိက  က ဒါပဲ။ ကျွန်တော်တို့ income က အရမ်းနဲ နေပြီဗျာ။  income အရမ်းနဲ တဲ့ အတွက်ကို ဟို တကယ်တမ်း အားစိုက်လုပ်မဲ့ လူတွေက တဖြည်းဖြည်း နဲသွားကြပြီ။ သိပ်ပြီးတော့ အငတ်ခံပြီးမလုပ်နိုင်ကြဘူး။ အဲတော့ ကျွန်တော်တို့  ခန့်မှန်းလို့ ရသလောက်တော့ ဒီခိုးကူးတွေပဲ ပျောက်မလား။ music လောကပဲ ပျက်မလား။ (ဟီး ) ၁ ခုခုတော့ ပျောက်ရမယ်။ ( ဟီးဟီး ) အဲလို မျိုး ဖြစ်နေတယ်။


V: ဟုတ်ကဲ့ ဒီ ရှိုးပွဲတွေ အကြောင်းနဲနဲ မေးချင်ပါတယ် ရှင်။ ခုနောက်ပိုင်းပေါ့နော် hip hop တွေနဲ့ဒီ rock ရှိုးတွေလုပ်ကြတဲ့ အခါမှာ hip hop ရှိုးတွေဘက်က ပိုပြီး ပွဲ စည်သလို ဖြစ်နေတယ်ပေါ့နော်။ rock ရှိုးတွေမှာလဲအဲလိုသူ့ ပရိသတ်နဲ့သူ အခိုင်အမာ ရှိပေမဲ့ ဒါပေမဲ့ hip hop ရှိုးနဲ့ ယှဉ်လိုက်လို့ ရှိရင်  hip hop ရှိုးက ပို များနေသလို ဖြစ်နေတယ်။ အဲဒါလေးနဲ့ ပက်သက်ပြီးတော့လဲပြောပြပါဦး။
Raymond: အဲ ၁ ခု ကတော့  ငြင်းစရာမရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဟို hip hop ကလဲဒီအချိန်မှာ ပိုပြီးတော့ လူကြိုက်များနေပြီ။ music က အကုန်လုံးနဲ့ လည်း match ဖြစ်နေပြီဆိုတော့ အားပေးတဲ့ပရိသတ်က များတယ်။ သိပ်မဆန်းပါဘူး ကျွန်တော့တို့rock ကျတော့ နည်းနည်းဆူတာလည်း ပါတယ်။ ပြီးတော့လက်ခံနိုင်တဲ့ သူနည်းသေးတယ်ဆိုတော့လေ ဒါကတော့ဖြစ်မှာပါ။
4Lone: ဒီ modern rock ပိုင်းပေါ့နော်။အဲဒီ I.C တို့ဘာတို့သူတို့ rock ကျတော့ပေါ့နော် သူတို့ကတော့ သူတို့ပရိတ်သတ်နဲ့ သူတို့ အခိုင်အမာရှိပြီးသားဆိုတော့။
Raymond: သူတို့ကတော့ ပရိသတ်ဒီမှာအများဆုံး ဖြစ်နေတာပေါ့နော်။


V: အဲ့တာဆို အစ်ကိုတို.ပြောချင်တဲ့သဘောက ဒီပန်.(ခ်)တို. ဘာတို.ဖက်ပါ ရောပြီးပါတာပေါ့နော်။ ဘာလို့လဲဆိုတော့ အစ်ကိုတို.က ရှိုးလ်လုပ်လို့ရှိရင် ပန့်(ခ်)တို့၊ emo တို့၊ modern rock တို့က တစ်ခါတည်း ပေါ့နော်။
4Lone: အင်းပေါ့ လူတွေကအခုက modern rock ဆိုတာကိုပဲ သူတို.ကကောင်းကောင်းမမြင်ကြသေးဘူးဗျ။ သူတို့က ပရိတ်သတ်နားလည်တာက နှစ်ကန့်ရှိမယ်။ IC လုပ်တဲ့ Rock ရယ် အမ် ကျန်တဲ့ဟာက ဆူရင် ပန့်(ခ်) အဲ့လိုဖြစ်သွားကြတယ်။ အဲ့ခါကျတော့ ကျွန်တော်တို့က ကြားညှပ်သွားတယ်ဗျ။ အမှန်ကတော့ ကျွန်တော်တို့လဲ လိုင်းသတ်သတ်လေးပဲ ဖြစ်ချင်တာ။


V: အော် ဟုတ်ကဲ့ပါရှင်။ အမ်  rocker တွေနဲ့ rapper တွေနဲ့ယှဉ်တဲ့အခါမှာ အမ် ဘယ်လိုပြောမလဲ rapper တွေက underground မှာ သီချင်းအသစ်တွေ ပိုပြီးတော့ ဖြန့်ဖြစ်တယ်ပေါ့နော်။ အဲ့လို ပိုပြီးတော့ သူတို့သီချင်းအသစ်တွေ ပိုပြီးတော့ ရတယ်ပေါ့။ သမီးတို့ဖတ်က ကြည့်ရင် ဆိုတဲ့ခါကျတော့ အဲ့ဒီrockerတွေဘက်က သီချင်းတွေကျတော့ underground မှာ သိပ်မတွေ.ရဘူး။ ရှားတယ် တော်တော်ကြီးရှားပါတယ်ရှင့်။ ဆိုတော့ အဲ့တာလေးနဲ့ ပက်သက်ပြီးတော့ကော အစ်ကိုတို.အမြင်လေး။
Raymond: ပြောရမယ်ဆို ခုဏက ပုံစံအပိုင်းနဲ့လဲဆိုင်တယ်။ ဘာလိုလဲဆိုတော့ ဟို တစ်ခုရှိတာပေါ့ေ
နာ် rock ကကျတော့ ဟို ကျွန်တော်တို့ စရိတ်များတယ်(ရယ်လျှက်)။ rock ဒီ တစ်ပုဒ်လုပ်ဖို့ကို Drumer ဒီ Drum တီးဖို့ရှိမယ်၊ guitar တီးဖို့ စရိတ်ရှိမယ် ၊ studio စရိတ်တွေပေါ့နော် (ဟုတ်ကဲ့)။ ပြီးတော့ ဟို ကျန်တဲ့ဟာတွေလဲတော်တော်များပါတယ်။ ဟိုပြီးတော့ hiphop ကကျတော့ ကျွန်တော်တို့ ဟို စရိတ်ပိုင်းနဲ့ ဟိုဟာဖြစ်ကြည့်လို့ရှိရင် ဟို နဲနဲလေးချုံ့မယ်ထင်တယ်။ ဟို တစ်ယောက်ထဲနဲ့ ဖြစ်သွားနိုင်တယ်လေ။ ကျွန်တော်တို့ ဒီ Demo လုပ်တယ်ဆိုတာကအဓိကက ဟို ဒီသီချင်းကို ပရိတ်သတ်ထဲ ကြားထဲ အနည်းအကျင်းနဲ့ဖြန့်ကြည့်မယ်။ ဟို ကိုယ့်သီချင်းလေး လူသိသွားအောင်လ့ို အဲ့လိုလုပ်တဲ့အတွက် ဟို အဲ့လောက် အကုန်အကျ များသွားမယ် ဆိုရင်တော့ သိပ်အဆင်မပြေဘူးပေါ့နော်။ ကျွန်တော်တို.ကျတော့ ဟို အဲ့တာကြောင့် ဟို ခုဏကမေးတဲ့အထဲမှာ Fruity Loop  တွေဘာတွေသုံးလားဆိုတာ ကျွန်တော်တို.ကျတော့ အဲ့ Demo လေးလုပ်လို.ရှိရင် Fruity Loop  တွေဘာတွေသုံးတယ်။ ဂစ်တာကကျတော့ ဟို တတ်နိုင်သလောက် group တွေဘာတွေတီးတယ်ပေါ့နော်။ အဲ့တာ အဲ့အပိုင်းနဲ့ဆိုင်မယ်ထင်တယ်။ ပြီးတော့ ခုဏကပြောသလို လူကြိုက်များတဲ့ ဂီတဖြစ်တဲ့ အတွက် HipHop က လည်း လူကြိုက်များမှာပဲ လုပ်တဲ့သူကလဲ များတာကိုး။
V: ဟုတ်။ ဒီ idiots ထဲက ကို Raymond က J-Me နဲ့ကို J-Me နဲ့သီချင်းနှစ်ပုဒ်လောက် ဆိုထားတယ်လို့ သိရပါတယ်။ကို J-Me ရဲ့ album မှာ အဲ့တာ ဘယ်လိုလုပ်ဖြစ်သွားပြီးတော့ ဘယ်ချိန်တုန်းက လုပ်ဖြစ်သွားတယ် ဆိုတာလေးလဲ ပြောပြပေးပါဦး။
Raymond: အဲ့တုန်းက ကျွန်တော်  ဘာအခွေထဲမှာမှ သီချင်းမဆိုရသေးဘူး။ ၇တန်းနှစ် ၈တန်းနှစ်လောက်မှာပဲ အင်းဟုတ်တယ် အဲ့ဒီအပိုင်းမှာ။


V: The calling ဆိုတဲ့အချိန်ပဲပေါ့။
Raymond: The calling ကနောက်မှဆိုတာ။ အင် အဲ့တုန်းက ဦးအောင်ကိုလတ်ကြီးက ကျွန်တော့ရဲ့ အမေကို လာဆက်သွယ်လာတယ် သူတို.ကလဲ အလုပ်အတူတူ လုပ်ဖူးတယ်ဆိုတော့။ အဲ့ J-Me က Featuring  ခေါ်ဆိုချင်လို့တဲ့ သူက ကျွန်တော့ အသံကို ဘယ်မှာကြားဖူးတာလဲ ဆိုတော့ ခြင်ဆေးခွေကြော်ငြာ (ရယ်လျှက်) အဲ့ ခြင်ဆေးခွေကြော်ငြာတစ်ခုမှာ ကျွန်တော်ဆိုတာကို သူကြားပြီးတော့ အဲ့တာခေါ်ဆိုချင်လို့ဆို။


V: ခြင်ဆေးခွေ ကြော်ငြာမှာကြိုက်သွားတာပေါ့။
Raymond: ပြီးတော့ အဲ့မှာသူနဲ့ တူတူဆိုတာ rap နဲ့ အဲ့တော့ J-Me နဲ့တွေ.ပြီးတော့ သူက နှစ်ပုဒ်ရှိတယ်ပေါ့နော် ဆိုမလားဆိုတာနဲ့ ဆိုဖြစ်သွားတာ။


V: အဲ့လိုဆိုတဲ့အခါကျတော့လေ  စိတ်ထဲမှာ အဲ့တုန်းက ဘယ်လိုပဲပြောပြော idiots လဲမဖြစ်သေးဘူး။ ဘာလဲမဖြစ်သေးဘူးဆိုတော့လေ။ အဲ့ hiphop ဖက်ကို အဲ့လို ကြိုက်တယ်လို့ ရှိဖူးလား။
Raymond: Hiphop ကတော့ ကြိုက်ပါတယ်။ အခုလဲကြိုက်ပါတယ်။


V: မဟုတ်ဘူးလေ ဟို rock band အလိုက်ကို မပြောင်းပဲနဲ့ပေါ့နော်။ ဒီ rapper အဲ့လိုမျိုးစိတ်တွေဘာတွေရှိဖူးလား။
Raymond: အဲ့လိုမျိုးတော့ မရှိပါဘူး မဟုတ်ဘူး။ ငယ်ငယ်တုန်းကတော့ rapper လုပ်ဖူးတယ်။ rapper လုပ်ဖူးတယ်ဆိုတာ ကျွန်တော်တို သင်္ကြန်တွေဘာတွေသွားလို့ရှိရင် အဲ့ခေတ်တုန်းက ဝတ်စရာမရှိဘူး rapper အင်္ကျီပဲ ဝတ်စရာရှိတယ်။
4Lone: ကျွန်တော်တို့ Rocker အကျီင်္က ကျွန်တော်တို့ body နဲ့မတော်ဘူး ခင်ဗျ (ရယ်လျက်)။

Raymond: အဲ့လိုမျိုးတော့ ဖြစ်တော့ ဖြစ်ဖူးတာပေါ့နော်။ ငယ်ငယ်တုန်းက အဝတ်အစားဝယ်တဲ့အခါ ဒါပေမဲ့ ခုဏကပြောသလို ကျွန်တော်တို့က vocal သမားတစ်ယောက်ဖြစ်တဲ့အတွက်  ဒီဖက် melody ပိုင်းမှာ ပိုပြီးစိတ်ဝင်စားတယ်။ music ပိုင်းနဲ့ အဲ့လို တီးရတာ ခက်ရတာ စိတ်ဝင်စားတဲ့အတွက် အဲ့လိုမျိုးတော့ မစဉ်းစားဖူးဘူး။

V: အဲ့ဆို အစ်ကိုက ကိုJ-Meနဲ့ပေါ့နော်။ ဆက်ပြီးလုပ်ဖို.ရှိသေးလားမသိဘူး သီချင်းတွေ။
Raymond: J-Me နဲ့ကတော့ ဟို နောက်ပိုင်းတော့။
4Lone:  လုပ်ဖြစ်မယ် မလုပ်ဖြစ်ဘူးတော့ မသိဘူး ပြောထားတာတော့ရှိတယ်။ ကျွန်တော်တို့ band ကတီးပြီး သူ့Rap metal ပုံဆန်မျိုးပေါ့။ ပြောတော့ ပြောထားတာ ရှိတယ်။ ပြောတယ်ဆိုတာက ကျွန်တော်တို့ ဟို  confirm မလုပ်ရသေးဘူးပေါ့နော်။ အချင်းချင်း ဒါ idea စဉ်းစားရုံလောက်ပဲရှိပါသေးတယ်။ အခုလဲ cancel ဖြစ်ဖို.က ရာခိုင်နှိုန်းများသွားပါပြီ ဒီလိုပြောလိုက်တဲ့အတွက် (ရယ်လျက်)။
Raymond:  လုပ်တော့လုပ်ချင်တယ်။ ဟို rock နဲ့ကောင်းကောင်းမွန်လေး ပေါ့နော်။ သေသေချာချာ အားစိုက်ထုတ်ပြီးလုပ်ကြည့်ချင်တယ်။ အဲ့ rap metal ပုံစံမျိုးပေါ့နော်။ နောက် pumpin တွေ ဘာတွေနဲ့ J-Me ကိုလဲပြောထားတယ် သူလဲ သူ.အလုပ်နဲ့သူရှုပ်နေတာ ဖြစ်တဲ့အတွက် လုပ်ဖြစ်မလုပ်ဖြစ်သိပ်မသေချာဘူးပေါ့
နာ်။
Idiots 3

V: Rap Metal ဆိုတော့လေ ဟို အဲ့လို ပရိတ်သတ်ကြီးတွေ မျက်လုံးထဲမှာမြင်နေအောင်လို့ အဲ့လိုမျိုးလုပ်ထားတဲ့ သီချင်းရှိလားမသိဘူး။
Raymond: ကျွန်တော်တို့ ရှိတော့ရှိပါတယ်။ သိတော့ သိကြမှာပါ။ ဒီ ဒီထဲမှာဆို ဒီအသိုင်းအဝိုင်းထဲမှာဆို Limp Bizkit, Linkin Park, something တစ်ခုခုပေါ့။ တခြားဟာတွေ kids rock ဆိုတာတွေလဲရှိပါတယ်။


V: အော် ဟုတ်ကဲ့။ဟို ဒီ rocker တွေနဲ့ rapper တွေမှာပေါ့နော်။ rocker တွေ rapper တွေပဲလဲမဟုတ်ပါဘူး။ punk တို့၊ emo တို့ အကုန်တူတူပါပဲ။ ဒီ music အပ်ါဆွဲလမ်းပြီးတော့ပေါ့နော်။ ကွိုင် တက် ကျတာပဲ။ သူများ music ကကောင်းတယ် ကိုယ့် music က ကောင်းတယ်။ သူများ music က မကောင်းဘူး၊ ကိုယ့် music က မကောင်းဘူး၊ အဲ့မျိုးဟာတွေနဲ့ပက်သက်ပြီးတော့ အစ်ကိုတို့ရော ဘာများပြောချင်သေးလဲမသိဘူး။
Raymond: ကျွန်တော်ကတော့ ဘာမှမပြောချင်ပါဘူး။  ကိုယ်လုပ်ရင်တော့ ကိုယ်ကောင်းကြမှာပဲ။ ဟဲဟဲ အဲ့လိုပဲ ဟို သူ့ဟာနဲ့သူ လုပ်ကြတာပဲ။ အရည်အချင်းရှိတဲ့သူက ကောင်းကြတယ်၊ အရည်းအချင်းမရှိတဲ့သူကမကောင်းကြဘူး။  music နဲ့တော့ မဆိုင်ပါဘူး။ လုပ်တဲ့
ပုဂ္ဂိုလ် နဲ့ပဲဆိုင်ပါတယ်။

V: အမ်  အဝတ်အစား ခုဏကပြောသလိုပေါ့နော်။ တော်တဲ့ အကျီမရှိဘူးဆို အခုကောရှိပြီလား။
Raymond: အခုက ကျွန်တော်တို့ နဲနဲ ပေါ်လာပါပြီ။
4Lone: extra small လေးတွေပေါ်လာပြီ (ရယ်လျှက်)။


V: ဟုတ်ကဲ့ အစ်ကိုတို့ အဲ့လိုမျိုးပဲ အမြဲဝတ်လား။ တစ်ချို့ဆိုရှိတယ်လေ၊ rapper တွေဆိုရင် အကျီအပွ၊ဘောင်းဘီအပွ ဝတ်မှ အကြပ်တွေဝတ်လို့ရှိရင် အာ မင်းကဘာလဲ။ လိုင်းကြောင်တာလား ဘာလားဆိုပြီးအဲ့လိုပြောတယ်။ အစ်ကိုတို.ကကော အဲ့လိုမျိုးတွေရှိလား။
Raymond: ကျွန်တော်တို.က အဲ့ဒီ culture ပေါ်မှာ သိပ်ပြီးတော့ အားမစိုက်ဘူးဗျ။ နဲနဲတော့ ရှိတာပေါ့။ rocker လိုနေချင်တယ်၊ rocker လိုထိုင်ချင်တယ်။ ဒါက တစ်စိပ်တစ်ပိုင်းတော့ရှိတာပေါ့ နဲနဲပါးပါး ဝတ်ချင်စားချင် ဒါပေမဲ့ အဲ့ဒီဖက်တော့ သိပ်ပြီးတော့ အရေးမစိုက်ပါဘူး။ ကျွန်တော် ရှိုးပွဲတွေဘာတွေမှာ တစ်ခါတစ်လေ အနွေးထည်နဲ့တက်ပြီး ဆိုချင်လဲဆိုတာပဲ music က အဓိကပဲပေါ့နော်။  အဲ့ဒီဖက်ကိုသိပ်အရေးမပေးဘူး။


V: အစ်ကိုတို.ရဲ့ ဟို All time favorite artist အမြဲတမ်းကြိုက်နေတဲ့ artist ကောရှိလားမသိဘူး။
4Lone : Aerosmith
V: ကို Raymond ကကော။
Raymond: Staind
V: ကိုဂျပန် .. စဉ်းစားကြည့်ပါလား …
Japan: အများကြီးဆိုတော့ ပြောရခက်နေတယ်။
V: အော်ဟုတ်။ ဟုတ်ကဲ့ ဆိုတော့ အခုတစ်လောကော ဘာသီချင်းတွေ နားထောင်ဖြစ်နေလဲမသိဘူး။
Raymond: ကျွန်တော်ကတော့ အခု အဲ့ဒီ Creed ရဲ့ Full Circle တော်တော်မိုက်တယ်။ အဲ့ album လေး ၊ တော်တော်ကြိုက်နေတယ်။ band တော်တော်များများက အဟောင်းတွေက သိပ်ထပ်မထွက်လာကြတော့ ဒီဖက်ပိုင်း band တွေလဲ သိပ်မနားထောင်ဖြစ်ဘူး။ အဲ့တော့ အခုထွက်လာတဲ့ အခုခွေလေးတော်တော်ကြိုက်တယ်။ အခု တစ် band လုံးပဲထင်တယ် အဲ့ခွေကိုတော်တော်နားထောင်ဖြစ်ပါတယ်။
4Lone: ဟုတ်၊ new year ကတော့ dance music တွေတော့ တော်တော်နားထောင်တယ်။

V: ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ personal ဆန်တဲ့ မေးခွန်းလေးတွေ မေးမယ်နော်။ အစ်ကိုတို့က အမြဲတမ်း ဒီ music ကိုပဲ ဇောက်ချလုပ်သွားတော့မှာလား။ မအောင်မြင်ရင်ကော၊ အောင်မြင်ပြီးသွားတဲ့ အထိကော ဒီ music ကိုပဲ လုပ်သွားတော့မှာလား။ ဒါမှမဟုတ် နိင်ငံခြားကိုပဲထွက်ပြီးတော့ ပညာသင်ခရီးတွေဘာတွေသွားမလား၊  စီးပွားရေးဖက်တွေကော လိုင်းပြောင်းဖို့ရှိလား။ နဲနဲလေး အဲ့တာလေးလဲ ပရိသတ်ကြီး သိအောင်ပြောပြပေးပါဦး။
Raymond: ကျွန်တော်ကတော့ ဟို ဘယ်လိုပြောရမလဲ ပြောရရင်လဲ ကိုယ့်ပေါင်ကိုလှန်ထောင်းသလိုပဲ။ ကျွန်တော် music က လွဲပြီးဘာမှမလုပ်တတ်ဘူး(ရယ်လျက်)။ အဲဒီအတွက်ကြောင့်  ဘာအစီအစဉ်မှမရှိပါဘူး။ ကျွန်တော် music ပဲလုပ်မှာပါ။ music Idiots 4အောင်မြင်သည် မအောင်မြင်သည်ဆိုတာထက် အခုဟာက ထီထိုးနေရသလိုပါပဲ။ ဘယ်ချိန်ထပေါက်မလဲဆိုတာလဲ မသိဘူး မပေါက်ဖို့ကလဲ ရာခိုင်နှိုန်းက တော်တော်များနေတယ်။ music ကလွဲပြီးလဲတခြားဟာ မလုပ်တတ်တဲ့အတွက် အဲ့တာပဲ လုပ်ဖြစ်ဖို.များပါတယ်။


V: မအောင်မြင်မချင်းပေါ့။
Raymond: မအောင်မြင်မချင်းတော့ မပြောတတ်ဘူးဗျ။
4Lone: အဲ့လိုလဲမဟုတ်သေးဘူးထင်တယ် music ကလေ မအောင်မြင်လဲ လုပ်လို.ရတဲ့ အလုပ်တွေရှိပါတယ်၊ နောက်ကွယ်ကနေပန့်ပိုးလို့ ရတဲ့ဟာတွေလဲရှိပါတယ်။
Raymond: ဥပမာ ကျွန်တော်ဆိုလို့ရှိရင် သီချင်းရေးတယ် ၊သီချင်းတီးတယ်၊ ဟာမိုနီလိုက်တယ်၊ အစုံလုပ်ပါတယ်(ရယ်လျှက်)။ music ထဲမှာ ကျွန်တော် သီချင်းဆိုဖို့ တစ်ခုထဲ မဟုတ်ပါဘူး။

V: ဟုတ်ကဲ့။ ကို Raymond က အဲ့လိုပြောသွားတော့ ကို4Lone ဖက်ကကော် music ပဲလား။
4Lone: အင်း music ကိုတော့ ကျွန်တော် တစ်သက်လုံးလုပ်မယ်။ music ကြီးပဲတော့ ကျွန်တော် အာမမခံနိုင်ဘူး။
V: ဟုတ်ကဲ့။ ကိုဂျပန် အနေနဲ့ကော။
Japan: ဟုတ်ကဲ့ အဲ့လိုပဲ။


V: ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ ခုဏက အစ်ကိုကအဲ့လို သီချင်းရေးပေးတယ် ဆိုတာကို သိရတော့ သီချင်းရေးပေးတော့ တစ်ချို.သီချင်းတွေက ပြန်.သွားတယ်။ သမီးတို့ ဟို ဒီဖက်ကိုလဲ ရောက်ရောက်လာမယ်ပေါ့နော်။ အဲ့လိုဖြစ်တဲ့အခါမှာ အခက်အခဲလေးတွေရှိမှာပေါ့။
Raymond: သီချင်းပြန့်သွားတယ်ဆိုတာတော့။
V: (ရောင်းပြီးသား သီချင်းတွေလား)
Raymond: အဲ့တုန်းက အပေါင်းအသင်းလဲများတယ်။ အပေါင်းအသင်းတွေလဲရှိတယ် ဆိုတဲ့အခါကျတော့ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ပြန်.သွားကြတယ်။ နောက်ပိုင်းကျတော့ မရှိလောက်တော့ပါဘူးမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ကလဲ professional လုပ်မယ်ဆိုတော့ အဲ့ဒီ ကြည့်ထိန်းရတာပေါ့နော်။ တော်ရုံတန်ရုံ သူငယ်ချင်းတွေကိုတောင် သိပ်မပေးတော့ဘူး။ နဲနဲတော့ ပြဿနာရှိတာပေါ့ ကိုယ်က သူတို့ကို အခကြေးငွေယူပြီးတော့ ရောင်းလိုက်တဲ့အခါကြတော့ သူတိုရဲ့ဥစ္စာက ပြန့်သွားတာပေါ့။ နဲနဲတော့ ကိုယ်ဖြေရှင်းရတာပေါ့။


V: အင်း .. အစ်ကိုတို့ အချင်းချင်း စိတ်ဝမ်းကွဲတာတွေဘာတွေကော်ရှိဖူးလားမသိဘူး။
Raymond: အင်း စိတ်ဝမ်းကတော့ ကွဲပါတယ်။ တစ်ခါတစ်လေ မနက် အိပ်ရာထလို့သွားစရာရှိလို့မထလို.ရှိရင် ကိုဂျပန်ဆို ကျွန်တော့ကိုနိုးရတယ်ပေါ့နော်(ရယ်လျက်)။ အသေးအဖွားလေးတွေပေါ့နော်။ ကျန်တာတော့ ပြဿနာမရှိပါဘူး။ ၃ယောက်လုံးကလဲ စရိုက်တူတယ် ၊ အကြိုက်ချင်းလဲတော်တော်တူကြတယ်ဆိုတော့ စိတ်ခုစရာမလိုဘူး။


V: ဟုတ်  အစ်ကိုတို့Idiots မှ ၂၀၁၀ မှာ ပရိသတ်ကို ချပြဖို့ အသစ်အဆန်းလေးတွေ ဘာများရှိသလဲမသိဘူး။
Raymond: ၂၀၁၀ မှာက ကျွန်တော်တို့ချပြမှာက music ပဲပေါ့နော်။ music အသစ်အဆန်းလေးတွေပဲ ဖြစ်မှာပေါ့။ ဟို ဒီဖက်ကျွန်တော်တို့ Music လုပ်တဲ့ဖက်မှာတော့ သိပ်ပြီးတော့ မဆန်းဘူးပေါ့နော်။  ဒါပေမဲ့ ပရိသတ်အတွက်တော့ဆန်းမှာပေါ့ ကျွန်တော်တို့လုပ်ထားတဲ့ပုံစံလေးတွေက ဒီ single album ထဲမှာပါမဲ့ဟာလေးတွေက ဒီ modern rock အပိုင်း ဒီဖက်ရောက်တဲ့ အပိုင်းတွေမှာပါပါတယ်။


V: ကျေးဇူးတင်ပါတယ်ရှင်။ အစ်ကိုတို့အနေနဲ့ ဒီ MYMC online radio station လေးကို ဘာများအကြံပေးချင်ပါသေးလဲရှင်။
4Lone: အင်း။ သိပ်နားမထောင်ဖြစ်ဘူးဆိုတော့ ဘာအကြံပေးရမလဲ မပြောတတ်ဘူး။ အင်း အရင်က ပြီးခဲ့တဲ့ နှစ်လသုံးလလောက်ကတော့ ကျွန်တော် နားထောင်ဖြစ်ပါတယ်။ အခုကတော့ဘာကဏ္ဍ အသစ်တွေရှိလဲတော့ မသိဘူးပေါ့နော်။ ကောင်းပါတယ် ကောင်းပါတယ်။ ကျွန်တော်တို့ အနေနဲ့ သိပ်ပြီးsuggestion သိပ်မပေးတတ်ဘူး ဖြစ်နေတာ။
Raymond: အဟဲ rock လေး နဲနဲပိုလွင့်ပေးပါလို့။

V: ဟုတ်ကဲ့ လွင့်ပေးပါတယ်ရှင်။ အခုလို အချိန်ယူပြီးဖြေကြားပေးတဲ့ idiots ကို MYMC ကိုယ်စား V ကပဲ အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
Idiots: ဟုတ်ကဲ့ ကျွန်တော်တို့ကလဲ MYMC ကိုကျေးဇူးတင်ပါတယ်။
V: ဟုတ်ကဲ့ နောက်ထပ်လည်း Idiots ပိုပြီးအောင်မြင်ပါစေလို့ ဆုတောင်ပေးပါတယ်။
Raymond: ဟုတ်ကဲ့။ ပေးတဲ့ဆုနဲ့ မြန်မြန်ပြည့်ပါစေ။


footer

အင်တာဗျူးကိုအသံနဲ့နားထောငိချင်တယ်ဆိုရင်တော့...