MYMC ပရိတ်သတ်များအားမေတ္တာရပ်ခံချက်

MYMC ချစ်သောပရိတ်သတ်များခင်ဗျာ ချစ်သူများနေ့ အထူးအစီအစဉ်ထုတ်လွှင့်မှုတွင် တောင်းဆိုမူသီချင်းများ များပြားမူကြောင့် သီချင်းထုတ်လွှင့်မူအချိန်ကို ပြောင်းလဲမူများပြုလုပ်ခဲ့ချင်းကို နားလည်ခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


January လကုန် February မရောက်ခင်ထဲက ကျွန်တော်တို့ MYMC အဖွဲ့သားများက ပရိတ်သက် များကိုမရိုးနိုင်အောင် Special Program များနဲ တင်ဆက်ပေးနိုင်ရေးအတွက် Conference တွေလုပ်ပြီး စဉ်းစားခဲ့ရာ မှ ဒီ program လေးဖြစ်မြောက်လာတာပါ။ အခုလို ဒီ Valentine Special Program လေးဖြစ်မြောက်ရေးအတွက် ကူညီပေး ခဲ့ကြတဲ့ MYMC အဖွဲ့သားများကို ကျေးဇူးတင်ပါတယ်ဗျာ။ အထူးသဖြင့်Celebrity တွေရဲ့အသံ file ကိုရအောင်ယူပေးခဲ့တဲ့ Interviewer V နှင့် Interviewer PoePoe and Eindra ကိုအထူးကျေးဇူးတင်ပါတယ်။ နောက်ပြီး နေမကောင်းလို့မျော့မျော့ပဲကျန်ပေမဲ့ အစွမ်းကုန် ကူညီပေးတဲ့ Vincent ၊ အလုပ်ကနေပြန်ရောက်ရောက်ချင်း မမောမပန်းdata တွေရှာ record လုပ်ပေးခဲ့တဲ့DJ- KindnessGurl ၊ ရန်ကုန် ကိုပြန်ဖို့ရှိတာတောင် record လုပ်ပေးခဲ့တဲ့ DJ- V4!NGURL ၊ စာမေးပွဲတွေ ရှိတာတောင် "ကူညီပါရစေ" ဆိုပြီး ကူပေးတဲ့ DJ- Psycho၊ ညတိုင်းလိုလို မအိပ်ပဲနဲ့ script တွေရေးပေး ခဲ့ လို့မျက်ကွင်းညိုခဲ့ရတဲ့ DJ- Amedeo ၊ရှမ်းသံဝဲဝဲ လေးနဲ့valentine special program ကိုမဖြစ် ဖြစ် အောင် မညည်းညူကူပေးခဲ့တဲ့ MYMC ရဲ့ အမာခံ DJ- Yaou နဲ့ DJ- Jily ၊MYMC ရဲ့အသက် အငယ်ဆုံးDJ ဖြစ်ပေမဲ့ သွက်လက်ချက်ချာစွာ ကူညီပေးခဲ့တဲ့ DJ- DeHarlay တို့ကို အထူးကျေးဇူးတင်ပါတယ်။ မအားတဲ့ကြားကအစွမ်းကုန် ကြိုးစားတင်ဆက်ထားတာဖြစ်လို့ ပရိတ်သတ်ကြီးတို့အားလုံးကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ချစ်သူများနေ့မှာ ချစ်ရသောသူနဲ့အတူ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေလို့လည်းဆုတောင်းပေးလိုက် ပါတယ်။

 

MYMC မှ Special Program တွေကိုစဉ်ဆက်မပျက်တင်ဆက်နိုင် ရေးအတွက် မိမိတို့ ရဲ့ထင်မြင်ချက်များကို ထုတ်ဖော်ပြောကြားပေးနိုင်ဖို့ မဲပေးပြီးcomment ပေး ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။


MYMC Family

အကြိုက်ဆုံး DJ ဘယ်သူလဲ [April]