SOTD

ပရိတ်သတ် တောင်းဆိုမှု နဲ့ Song of the Day ကို Songs of the Day ဆိုပြီးချဲ့လိုက် ပါပြီ။ စာရှည်ရှည် မရေးတော့ပါဘူး။ လိုတိုရှင်းပေါ့။ သိလိုတာရှိရင် MYMC Formsping.me မှာလိုရာမေးနိုင်ပါတယ်။ Today - 1 (minus one) က yesterday ကိုဆိုလိုပါတယ်။ Today - 2 ကတော့ မနေ့တစ်နေ့ ကပေါ့။ Click လုပ်ပြီးပိတ်နိုင် ဖွင့်နိုင်ပါတယ်။ အရင် Song of the Day စာများကို အောက်ဆုံးမှာ မှတ်တမ်းတင် ထားပါတယ်။

ကျွန်တော်တို့ site ကိုနေ့တိုင်း လာလည်စေလို ချင်တာကြောင့် Song of the Day သီချင်းများကို ၃ ရက်စာပဲတင်ထား ပေးကြောင်းပါ။ တစ်ခြားနည်းနဲ့ ပြောမယ်ဆိုရင် ပရိတ်သတ်များ ၁၀ ရက်တစ်ခါပဲ လာမယ်ဆိုရင် ကျွန်တော်တို့ site popularity ကျလို့ပါခင်ဗျား။ နားလည်နိုင်မယ် လို့မျှော်လင့်ပါတယ်။

Song of Today
Song of Today

UK ကကောင်မလေး ငါးယောက်နဲ့ ဖွဲ့ထားတဲ့ English-Irish girl band တစ်ခုဖြစ်တဲ့ The Saturdays ကိုသိကြမှာပါ။ 'If this is love, Up, Issues" စတဲ့သီချင်းတွေက သူတို့ရဲ့ နာမည်ကြီး သီချင်းတွေပါ။ လက်ရှိအချိန်ထိ အယ်ဘမ် သုံးချပ် ထွက်ထားပြီးတော့ အခုလေးခွေမြောက်ကို ထုတ်ဖို့ ပြင်ဆင်နေ ပါတယ်။ ဒီနေ့ song of the day ကိုသူတို့ရဲ့ အခွေသစ်ထဲမှာ ပါမယ့် Gentleman ဆိုတဲ့သီချင်း ရွေးထားပါတယ်။ ဒီနေ့ မော်ဒန်ခေတ်မှာ ဒိတ်လုပ်ဖို့ စစ်မှန်တဲ့ လူကြီးလူကောင်း တစ်ယောက်ကို ရှာရတာ ဘယ်လောက် ခက်သလဲ ဆိုတာကို ဆိုထားတဲ့ The Saturdays ရဲ့ Gentleman ကိုနားထောင် ကြည့်ပါဦး။

ဒေါင်းရန် | MP3SKULL

Song of Today - 1
Song of Today

အရင် ၂၀၀၀ခုနှစ် တွေလောက်က နာမည်ကြီး Boy Band တစ်ခုဖြစ်တဲ့ Blue ကိုမှတ်မိ ကြမှာပါ။ All rise, One love, Guilty စတဲ့သီချင်း တွေက နာမည်ကြီး၊ UK မှာနံပတ်၁ နေရာ ချိတ်ခဲ့တဲ့ သီချင်းတွေပါ။ Stevie Wonder, Elton John စတဲ့ အဆိုတော်တွေ နဲ့လည်း အလုပ်အတူ တွဲလုပ်ခဲ့ ပါသေးတယ်။ ၂၀၀၅လောက်မှာတော့ အဖွဲ့ ကွဲသွားခဲ့ပြီး ၂၀၀၉မှာ ပြန်ပေါင်းစည်း ခဲ့ပါတယ်။ ဒီနေ့ Song of the Day ကိုတော့ လေးခွေမြောက် Roulette ထဲက Without You ဆိုတဲ့သီချင်း ရွေးထားပါတယ်။ သီချင်းလေးက ရိုးရိုးလေး ပါပဲ။ နင်မရှိရင်၊ ဖုန်းမရှိရင်၊ credit card မရှိရင် မနေနိုင်ပါဘူး ဆိုတဲ့အကြောင်း ဆိုထားတာပါ။ Blue ရဲ့ Without You ကိုအားပေး ကြပါဦး။

ဒေါင်းရန် | Rockdizfile

Song of Today - 2
Song of Today

Payphone သီချင်းကို မှတ်မိရင် ခေါင်းထဲမှာ စာသား အပိုင်းအစ လေးတွေ ရောက်လာပြီး လိုက်ညည်း မိတယ်ဆိုရင် Maroon 5 ကိုပြောစရာ မလိုအောင် သိပြီးသာ ဖြစ်မှာပါ။ California ပြည်နယ် Los Angeles မြို့က ပေါက်ဖွားလာတဲ့ ဒီ Band လေးက ၂၀၀၂ခုနှစ် တုန်းက ထွက်လာတဲ့ Song About Jane ဆိုတဲ့ Album က Harder To Breathe ကအပေါက်ဆုံးနဲ့ Radio တွေမှာ အဖွင့်အများဆုံး သီချင်းဖြစ်ခဲ့ သလို This Love နဲ့ She Will Be Loved ကလည်း အောင်မြင်ခဲ့တယ် ဆိုတာ ပရိတ်သတ်ကို ပြောစရာ မလိုအောင် သိပြီးသားပါ။ အခုဒီနေရ Song of the Day အဖြစ် ရွေးထားတာက သူတို့ရဲ့ လေးခွေမြောက် Album ဖြစ်တဲ့ Overexposed ထဲက Love Somebody ပါပဲ။ သီချင်းစာသား အရ တစ်သက်လုံး တစ်ခုခုကို တစိုက်မက်မက် အတည်တကျ အခြေကျဖို့ စိုးရိမ်ပြီး ပျော်ပျော်ပါးပါး ဖြတ်သန်းလာ ခဲ့တဲ့ သူတစ်ယောက်က အခုဆိုရင် လူတစ်ယောက်ကို ချစ်မိနေလို့ ကိုယ်ကို အကြောင်းပြချက် ပေးပြီး ပြန်သုံးသပ် တာပါ။ ခံစားကြည့် ပါဦး။

ဒေါင်းရန် | Tumblr

သီချင်း playlist တွေကို အခုလို အရမ်းအားပေးကြတဲ့အတွက် ကျွန်တော်တို့ လုပ်ရသူတွေအတွက် တစ်ကယ်အားတက်ပါတယ်။ ပီတိလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ Playlist တွေကိုအချိန်တော်တော်ယူပြီး လုပ်ရတော့ တစ်ခုတစ်ခုကို ဆိုဒ်မှာတင်နိုင်ဖို့ တော်တော်ကြာပါတယ်။ စောင့်မျှော်နေတဲ့သူတွေကိုလည်း တစ်ခုမဟုတ်တစ်ခု အမြဲတမ်းအသစ်တွေ ပေးချင်တဲ့စိတ်ကလည်းရှိတော့ တော်တော်ခက်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ နောက်ထပ်စဉ်းစားပြီး လုပ်နိုင်မယ်လို့ ထင်တာလေးအခု ချပြလိုက်ပါတယ်။

MYMC Song of the day မှာ အနောက်တိုင်း ဂီတသီချင်းတွေထဲကမှ တစ်နေ့ကို တစ်ပုဒ်နှုန်းနဲ့ ဂီတအမျိုးအစားပေါင်းစုံကနေ လာလည်သူတွေကြိုက်မယ်ထင်တာလေးတွေကို ရွေးရွေးပြီး ဖော်ပြပေးသွားပါမယ်။ သီချင်းတစ်ပုဒ်မှာ သံစဉ်ကောင်းရုံနဲ့ သီချင်းကိုသေချာခံစားလို့မရနိုင်ပါဘူး။ သံစဉ်ကော၊ စာသားကော အပြည်အ၀နားလည်နိုင်မှသာ သီချင်းရဲ့ တစ်ကယ့်ရသကို ပေးစွမ်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဒီ idea လေးအတွက်နောက်ထပ် ထူးခြားမှုတစ်ခုက ကျွန်တော်တို့ သီချင်းတွေရဲ့ Download လုပ်နိုင်မယ့် လင့်တွေကို Online မှတဆင့် ရှာဖွေပြီးတင်ပေးထားမှာပါ။ ဒါ့အပြင် အောက်က comment တွေမှတဆင့် အကြံပြူတောင်းဆိုတာတွေကိုလည်း ကျွန်တော်တို့ သေချာအလေးအနက်ထားပြီး အဆင်ပြေသလို ဆောင်ရွက်ပေးသွားမှာပါ။ အောက်မှာ comment တွေသေချာရေးပေးပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီ Page မှာ မသက်ဆိုင်တဲ့ တခြားcomment တွေအကုန်လုံးကို ဖျက်ပစ်မှာဖြစ်ပါတယ်။

သတိထားရမယ့်အချက်တွေအနေနဲ့ ...
၁. သီချင်းတွေကို Download ပေးမဲ့ Link တွေကို online ပေါ်ကသာရှာဖွေပေးထားခြင်း ဖြစ်ပါတယ်။
၂. ဒီစာမျက်နှာမှာ မြန်မာသီချင်းများ လုံးဝဖော်ပြမည်မဟုတ်ပါ။ မြန်မာသီချင်းနဲ့ ပတ်သက်ပြီးရေးသားတဲ့ comment များကိုလည်း ဖျက်ပစ်မှာဖြစ်ပါတယ်။ မြန်မာသီချင်းတွေ တောင်းဆိုဖို့ဆိုရင် ဒီကို သွားပါ။
၃. email ကနေတဆင့် ဒီသီချင်းတွေကို ပို့ပေးမှာ မဟုတ်ပါဘူး။

ဒါလေးတွေကို လိုက်နာပေးပါလို့ ပြောကြားချင်ပါတယ်။