chan chan interview
ဒီတစ်ခါတော့ Model နဲ့ အဆိုတော်ပိုင်းမှာ နာမည်ရ အောင်မြင်လာတဲ့ ချမ်းချမ်းနဲ့ အင်တာဗျူးလေးပါ။ ဒီတစ်ခုလည်း မှန်းတာထက် နည်းနည်းနောက်ကျသွားတော့ စိုင်းစိုင်းဟာနဲ့ပဲ နည်းနည်းခြားပြီး တင်ပေးလိုက်ပါတယ်။

chan1

မချမ်းချမ်းရေ မင်္ဂလာပါ။ ကျွန်တော်ကတော့ MYMC radio က Heart Hacker ပါ။
ဟုတ်ကဲ့  ကျွန်မက ချမ်းချမ်းပါ။

ဟုတ် ပထမဦးဆုံးအနေနဲ့ အစ်မအနုပညာ လောကထဲကို ဝင်ဖို့ဆုံးဖြတ်ချက်ချဖြစ်ပုံနဲ့ ဆုံးဖြတ်ချက်ချခဲ့တဲ့ အချိန်လေးကိုသိပါရစေ။
အစ်မအနုပညာထဲဝင်တာကတော့ ငယ်ငယ်လေးကတည်းက ဝါသနာပါတာပေါ့နော်။ ဒါပေမဲ့ အစ်မလုပ်ဖြစ်သွားတာက ဒီပထမနှစ် အစ်မ E major စတက်တော့ ပြိုင်ပွဲတွေပေါ့။ အဲ Miss Royal Gold တို့ ပြိုင်ပွဲတွေလုပ်တယ်။ Model ပြိုင်ပွဲတွေ အစ်မဝင်ပြိုင်ချင်တာ အဲဒါနဲ့ အစ်မဝင်ပြိုင်လိုက်တယ်။ ဝင်ပြိုင်ပီးတော့ ဆုတော့ မရဘူး ဒါပေမဲ့ နောက်တစ်ခု အစ်မထပ်ပြိုင်တယ်။ အဲပြိုင်နေတဲ့အချိန်မှာပဲ Melody World ကိုလည်း အစ်မသွားပြိုင်တယ်။ အဲ၂ ခုလုံးပြိုင်တယ် အဲ၂ခု လုံးမှာဆုရတာပေါ့။ အဲကနေစပြီး ဝင်ဖြစ်သွားတာ။ ဟုတ်

သြော် ဟုတ်ကဲ့ အဲတော့ အစ်မအဲဒီပြိုင်တဲ့ အချိန်တုန်းကကော ဒီချမ်းချမ်းဆိုတဲ့ nick နဲ့ပဲလားခင်ဗျ
အင်းဟုတ်တယ် အဲဒီနာမည်က ဟိုလေ သူက form တင်တော့ နာမည် ၂လုံးတည်းပေးရမယ်ဆိုတာနဲ့ ဘယ်လို ပေးရမယ်မှန်းမသိဘူး။ အဲဒါနဲ့ ဆရာမခေါ်တဲ့ နာမည်နဲ့ပဲ ထည့်ပေးလိုက်တာ။

ဟုတ်ကဲ့ အဲဒါဆို အစ်မရဲ့နာမည်အရင်းကကော....
အစ်မနာမည်အရင်းက ချမ်းမြငြိမ်း။

အစ်မက အခုပြောသလိုပဲ model တစ်ယောက်အနေနဲ့ အနုပညာ လောကထဲကို စဝင်လာတာဆိုတော့ အစ်မအရင်တုန်းကကော ဘယ် model agency တွေမှာ သင်တန်း တက်ဖြစ်သေးလဲခင်ဗျ။
အစ်မက သင်တန်းတော့မတက်ဘူး။ ဒါပေမဲ့ အစ်မ အဲshow ပွဲတွေသွားကြည့်ပြီးရင် သူတို့လိုအရမ်းဖြစ်ချင်တာ။ အဲလိုလျှောက်တတ်ချင်တယ်၊ သွားတတ်ချင်တယ်၊ အဲလိုမျိုးဝတ်တတ်ချင်တယ်ပေါ့နော်။ အဲဒါနဲ့  အစ်မဘာသာအစ်မ catalogue တွေစုတယ်။ ပြီးတော့အခွေတွေကြည့်တယ်။ Next Top Model အဲဒါတွေကြည့်ပြီး အစ်မကိုယ့်ဘာသာလေ့ကျင့်တာပါ။

ဟုတ် နောက်ပြီးတော့ အစ်မအဲလို show လျှောက်တဲ့အခါတို့ ဓါတ်ပုံရိုက်တဲ့အခါတို့ကြရင် မိတ်ကပ်ကကော ကိုယ့်ဘာသာပြင်တာလား ဒါမှမဟုတ် မိတ်ကပ်ဆရာက ပြင်ပေးတာလား။
အစ်မ စစ model စလုပ်တော့ မိတ်ကပ်ဆရာပေါ့နော်။ အစ်မတို့မဂ္ဂဇင်းထဲက sponsor ပေးလို့ရှိရင် အဲဒီ sponsor ပေးတဲ့ မိတ်ကပ်ဆရာနဲ့ပြင်တယ်။ တခါတစ်လေကြလို့ရှိရင်တော့ ကိုယ့်ဘာသာကိုပြင်တာပေါ့။ အရမ်းကြီးလွတ်လွတ်လပ်လပ်ပဲ ပေါ့ပေါ့ပါးပါးပဲရိုက်တဲ့ ဟာမျိုးဆိုရင်တော့ ကိုယ့်ဘာသာကိုပြင်တယ်။ နည်းနည်းလေး make-up artist & creation လုပ်တာတို့ဘာတို့ကြတော့ artist ပိုပြင်တာ အဆင်ပြေတယ်လေ။ အဲဒါကြောင့်မလို့ပါ။

သြော် ဟုတ်ကဲ့ပါ အဲထဲမှာ အစ်မသဘောအကျဆုံးမိတ်ကပ်ဆရာ ဒါမှမဟုတ် ဓါတ်ပုံဆရာ အဲအကြောင်းလေး နည်းနည်းပြောပြပါဦး။
အစ်မရဲ့မျက်နှာကိုသိတာကတော့ မိုးကုတ်ပပ ပေါ့နော်။ မိုးကုတ်ပပက မိတ်ကပ်ရော အဝတ်အစားရော အနောက်တိုင်းဆန်တယ်။ အစ်မနဲ့ကြတော့ ပိုပြီးအဆင်ပြေတယ်။ ဒီခင်စန်းဝင်းတို့ ဘာတို့လည်းကောင်းတယ်။  စိမ့်စိမ့်တို့ဘာတို့ဆို အစ်မအမြဲလိမ်းနေကြ။ ဇင်ဇင်တို့ စိုးစိုးတို့  သူတို့နဲ့လည်း အမြဲလိမ်းနေကြပဲ။ သူတို့ကျတော့ နည်းနည်း ဟိုလိုဘယ်လိုခေါ်မလဲ မိတ်ကပ် art creation တွေဘာတွေကြတော့ ပိုပြီးကောင်းတာပေါ့နော်။ ထူထူထဲထဲပြင်တာပေါ့။ လင်းလင်းတို့ဘာတို့နဲ့လည်းပြင်ဖြစ်တယ်။ ဟုတ်

ဟုတ်ကဲ့ပါ ဟုတ်။ နောက်တစ်ခုက အခုခေတ်မှာပေါ့နော် အနုပညာရှင်တွေ၊model တွေ အမြဲတမ်းတွေ့ကြုံနေရတဲ့ ကောလဟာလတွေနဲ့ပတ်သက်ပြီးတော့ အဲလိုမျိုးထွက်ပေါ်လာတဲ့ကိစ္စတွေရှိရင် မချမ်းချမ်းကကော ဘယ်လိုများတုန့်ပြန်လေ့ရှိပါသလဲ။
အစ်မဘက်ကတော့ အဲလိုမျိုး တစ်ခါမှ ကောလဟာလတော့ မကြားဖူးဘူး။ မကြားဖူးဘူးဆိုတာ အစ်မနဲ့ပတ်သက်ပြီးတော့ အစ်မကဘယ်လိုခေါ်မလဲ အဲလို party တက်တာတို့ club သွားတာတို့မရှိတော့ သတင်းနဲ့ကြတော့မထွက်ဘူး။ ပြီးတော့ အစ်မ ခရီးထွက်လို့ရှိရင်လည်း သိပ်ပြီးတော့ ပေါင်းတာမရှိဘူး။ ကိုယ့်ဘာသာကိုယ်နေလေ့ရှိတယ်။ အစပိုင်းကတော့ အစ်မကို ဘယ်လိုပြောကြလဲဆိုတော့ ဖင်ခေါင်းကျယ်တယ်လို့ပြောကြတယ်ပေါ့နော်။ ဘဝင်မြင့်တယ်ပေါ့ မာနအရမ်းကြီးတယ် တော်ယုံတန်ယုံ လူဆိုမရောဘူးပေါ့နော်။ အစ်မအဲဒါ တကူးတကကြီးတော့ လိုက်မရှင်းပြတော့ဘူး။ အစ်မနေတတ်တာက အဲပုံစံအတိုင်းပဲ။ အစ်မငယ်ငယ်လေးကတည်းက တစ်ကိုယ်တည်းနေရတာ ဝါသနာပါတယ်ဆိုတော့လေ။ ဒါပေမဲ့ ဒီလမ်းကြောင်းလုပ်ြပီဆိုရင်တော့ လူမှုဆက်ဆံရေးတော့ ရှိရမှာပေါ့နော်။ အဲခါကတော့ ကိုယ်နဲ့ပေါင်းတဲ့သူကတော့သိတယ်။ အစ်မက ပေါင်းပြီးသွားရင် တကယ့်ကိုဂျိုကာမှန်း လူတိုင်းသိတယ်။  အဲလိုမျိုးပေါ့နော်။ လုံးဝကိုမထင်ရဘူး အပေါ်ယံကြည့်ရင်တော့ မျက်နှာကမာသလိုလိုနဲ့။ ပြီးရင် ဟာသတွေပဲ ပြောရင်းခင်သွားတာ။

ဟုတ်ကဲ့ပါ။ အစ်မအလုပ်တွေများပြီးတော့ စိတ်ရှုပ်တဲ့အခါတို့ ၊ စိတ်အားငယ်တဲ့အခါတို့ဆိုရင် အစ်မကို ပြန်အားဖြည့်ပေးအောင် လုပ်နိုင်တဲ့အရာတွေကရော။
အဓိကတော့ အစ်မတို့ဘာသာမှာပေါ့နော် အဲဒီ Forsaking all for Christ ဆိုတာရှိတယ်။ အဲဒီစာအုပ်ပေါ့။ အစ်မဖတ်ဖြစ်တယ်။ အဲဒါဖတ်လို့ရှိရင် အမြဲတမ်းအစ်မစိတ်ထဲမှာခံစားနေရတာတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတယ်ပေါ့ အဲဒီစာအုပ်ထဲကအတိုင်းပဲ။ အဓိကကတော့ ဘုရားသခင်ရဲ့စကားပါ။ တခြားတော့မရှိပါဘူး။ 2

ဒီတခါတော့ အစ်မရဲ့ Singer Life နဲ့ပက်သက်တာလေးတွေ မေးမယ်နော်။ အစ်မ Melody World ကနေပြီးတော့ သီချင်း လက်ဆောင်ဆိုတဲ့သီချင်းနဲ့ ဂီတလောကထဲ ကိုကူးလာခဲ့တာဆိုတော့ ဂီတလောကကို ဘယ်လိုစိတ်ပါသွားခဲ့တာလဲခင်ဗျ။
အဓိကကတော့ အစ်မတို့ အစ်မတစ်ယောက်တည်း ၀ါသနာပါတာ မဟုတ်ဘူးဂီတကလေ ၊အစ်မတို့ ညီအမလေးယောက်လုံး အဆိုတော်အရမ်းဖြစ်ချင်တာ။ Spice Girls သီချင်းတွေဘာတွေ အစ်မတို့ကျက်တယ်။ အလွတ်ကျက် ၊ ပြီးရင်အဲဒါ စောင်တွေအုပ်၊ အခွေတွေသွင်းကြ ၊ ရေချိုးခန်းတွေထဲပြေးဝင် အဲလိုမျိုးတွေ လုပ်ကြတာပေါ့နော်။ အရမ်းဖြစ်ချင်တယ်။ ကိုချန်ဟိန်းလေ ၊ အဲဒီတုန်းက ဇော်ပိုင်ကို ထုတ်ပေးတာ။ သူ့ဆီအစ်မတို့ အခွေသွားအပ်သေးတယ်။ အစ်မတို့ဆိုထားတဲ့ သီချင်းတွေအားလုံး။ သွားအပ်တော့ အဲဒီတုန်းက အစ်မအရမ်းငယ်တာ။ ကလေးတွေ အကုန်လုံးဖြစ်နေတယ်။ ၈ တန်း ၊ ၉ တန်း ၊ ၄ တန်း အဲလိုမျိုးတွေ။ ဘယ်သူမှ သေသေချာချာကြီး Effect မရောက်ဘူးဆိုတော့ အဲဒါနဲ့စိတ်ဓါတ်ကျပြီး အစ်မတွေက သူတို့စာဘက်ပဲ ဦးစားပေးတော့ တယောက်က သွားဘက်ဆိုင်ရာ ဆရာဝန်ဖြစ်သွားတယ်။ သူကလုံးဝ စိတ်မ၀င်စားတော့ဘူး။ ဒါပေမယ့် အခုနောက်ပိုင်းတော့ နည်းနည်းပါးပါး လိုက်ဆိုပေးတယ်။ ဘယ်သီချင်းလေးတွေ ကောင်းလဲ ဘာညာ ပြောတယ်ပေါ့။ နောက်တယောက်ကျတော့ အဲဒီ Hotel Life ဘက်ကိုပြောင်းသွားတယ်။ အဲဒီမှာ Secretary လုပ်ပြီးတော့ အသားကျသွားတော့ ဒီဘက်ကိုသိပ်မလှည့်တော့ဘူး။ အစ်မနဲ့နေနေနဲ့ နှစ်ယောက်ပဲ ကျန်တော့တယ်။ သူနဲ့အစ်မနဲ့ပဲဆိုဖြစ်သွားတာ။

ဟုတ်ကဲ့။ အဲဒါဆိုအစ်မတို့ နှစ်ယောက်တွဲပြီးဆိုဖို့ကော၊ အခွေတွေ ဘာတွေထုတ်ဖို့ရောရှိလားခင်ဗျ။

အင်း။ ကမ်းလှမ်း ထားတာတော့ရှိတယ်။ ဒါပေမယ့် သိပ်တော့ မသေချာသေးဘူးပေါ့နော်။

ဟုတ်။ အဲဒါဆို အဆိုဘက်မှာရော အစ်မလက်ဦးဆရာတွေရှိသေးလားခင်ဗျ။
အဆိုဘက်ကတော့ အစ်မအဓိကအားဖြင့်တော့ အစ်မရဲ့ဆရာအားလုံးကတော့ နိုင်ငံခြားက ဟာတွေလည်းပါတာပေါ့နော်။ ကိုယ်နားထောင်တဲ့အခွေတွေပေါ့။ Mariah Carey တို့ ၊ Salin Deyon တို့ ၊ အခုဆိုရင် နောက်ပိုင်းထွက်တဲ့ Leona Lewis တို့ဘာတို့လေ။ အဲဒါတွေကို အစ်မပိုပြီး ဦးစားပေးပြီး နားထောင်ဖြစ်တယ်။ Katy Perry တို့၊ အဲဒီသူတို့အဖွဲ့တွေပေါ့။ အဲဒါတွေနားထောင်ဖြစ်တယ်။

အစ်မသီချင်းတွေကိုရော ကိုယ်တိုင်ရွေးချယ်တာပဲလား ကိုယ်ဆိုမယ့်သီချင်းတွေကို။

အရင်တုန်းကတော့ Producer က တေးရေးနဲ့ဆိုင်ပြီးတော့ပေါ့  ဆရာမြင့်မိုးအောင်ဆို ဆရာမြင့်မိုးအောင်ဆီအပ်ပေးတယ်။ အပ်ပေးပြီးတော့ ဆရာကကိုယ်နဲ့လိုက်မယ့် တရုတ်သီချင်းပဲဖြစ်ဖြစ် ၊ ဂျပန်သီချင်းပဲဖြစ်ဖြစ်ရွေးပေးတယ်။ အခုနောက်ပိုင်းကျတော့ အစ်မကို Producer က သူကိုယ်တိုင်လာအပ်တာ။ အစ်မကသီချင်းလည်းရေးတယ်ဆိုတော့ ကိုယ်ကြိုက်တဲ့သီချင်းကိုရွေး ၊ ကိုယ်တိုင်ရေး အဲလိုမျိုးပေါ့နော်။

ဟုတ်ကဲ့ပါ။ အစ်မက တရုတ်သီချင်းဖြစ်ဖြစ် ၊ အင်္ဂလိပ်သီချင်းဖြစ်ဖြစ် ရွေးပေးတယ်ဆိုတော့ အစ်မကတရုတ်သီချင်းရောဆိုတတ်လား။
တရုတ်သီချင်းဆိုတတ်လားဆိုတော့ အစ်မကတရုတ်လိုတော့မဆိုတတ်ဘူး။ ဒါပေမယ့် တရုတ်အလိုက်တွေဆိုအရမ်းကြိုက်တယ်။ သူတို့က အဆွဲအငင်များတော့လေ။ အစ်မက R&B ဘက်ကိုအားသန်တယ်။ အဲဒါလေးတွေပိုကြိုက်တယ်။

3ဟုတ် အဲတာဆို အစ်မ Album ထဲမှာပါတဲ့ သီချင်းအမျိုးအစားလေး တွေကိုလည်း ပြောပြပေးပါအုံး။
အစ်မရဲ့ဒီ Solo ထဲမှာက ဂျပန်သီချင်းပါတယ်။ ပြီးတော့ အဲတရုတ်သီချင်းတွေပါတယ်။ သူတို့ အားလုံးကတော့ R&B တွေချည်းပဲ။ အဲလိုမျိုး နည်းနည်းဆွဲဆွဲငင်ငင်ဖြစ်တဲ့ဟာမျိုးတွေ။ ပြီးတော့ ABBA ထဲကသီချင်းတွေပါတယ်။ ဟုတ်။

ဟုတ်ကဲ့ အဲထဲမှာဆို copy ဘယ်နှစ်ပုဒ်၊ own tune ဘယ်နှစ်ပုဒ် ပါမလဲခင်ဗျ။
Own tuneက အစကတော့ ခြောက်ပုဒ်လုပ်ဖို့ပဲ။ ဒါပေမယ့် စာပေစီစစ်ရေးတင်ဖို့နဲ့ အချိန်သိပ်မလောက်တာနဲ့ အစ်မကတစ်ပုဒ်ပဲ ပါတော့တယ် အဲတာက own tune တစ်ပုဒ်ပဲ။ ကျန်တာကတော့ copy တွေများတယ်။ တရုတ်တို့ဂျပန်တို့ အဲတာတွေ။

အစ်မ အဲဒီအခွေ VCD တို့၊ DVD တို့ထွက်တဲ့အခါကြရင် ကိုယ်တိုင်ကော သရုပ်ဝင်ဆောင်မလားခင်ဗျ။

သရုပ်ဝင်ဆောင်မလားဆိုတော့ အစ်မသရုပ်ဆောင်တာ သိပ်ဝါသနာမပါဘူး။ ဒါပေမယ့် သီချင်းဆိုတဲ့ပုံတွေတော့ ထည့်တာတော့ ထည့်မှာပေါ့နော်။ Live show ပေါ်မှာဆိုတဲ့ပုံတော့ ထည့်ဖြစ်မယ်။ သိပ်ထွေထွေထူးထူးတော့ သရုပ်မဆောင်ဖြစ်ပါဘူး။ ဟုတ်။

ဟုတ် အဲလိုမျိုးအနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ အစ်မအိမ်နဲ့ တိုင်ပင်တာကော ရှိပါလား။
အိမ်နဲ့တိုင်ပင်တာကတော့ အမေတို့အဖေတို့က clubတို့ဘာတို့ သွားတာတော့မကြိုက်ဘူး။ အစ်မကိုယ်တိုင်လည်း အဲတာမျိုး စိတ်မ၀င်စားဘူးဆိုတော့ အဲတာတော့ အစ်မကိုယ်တိုင် စိတ်ထဲကမပါတော့ တားမြစ်တာပေါ့နော်။ ပြီးတော့ အရက်မသောက်ဖို့ ဆေးလိပ်မသောက်ဖို့ ပြီးတော့ ညဘက်(၈)နာရီဆို အပြင်မထွက်ဖို့ ၊ တကယ်လို့ထွက်မယ်ဆိုရင်တော့ အဖေအမေတွေလိုက်ပို့မှရတာ အစ်မကအဲလိုမျိုး။ သူငယ်ချင်းတွေနဲ့ ခရီးသွားတာဆိုတာလည်း အစ်မအရမ်းနည်းပါတယ်။

နောက်ပြီးတော့ အစ်မအခုနောက်ပိုင်းထွက်တဲ့ ဆည်းဆာအလှ album မှာလေ  အစ်မန့ အစ်မနေနေပါဝင်ဆိုထားတာကို ကြားရပါတယ်။ ဆိုတော့ အဲတာပတ်သတ်ပြီး စိတ်ဝင်စားနေတဲ့ပရိသတ်ကြီးကို နည်းနည်းပြောပြပေးပါအုံးခင်ဗျ။
သူနဲ့အစ်မနဲ့ကလေ music ကြိုက်တာချင်းလည်း ကွဲတယ်။ သူက rockတို့ နည်းနည်း ဘယ်လိုခေါ်မလဲနော် ကြမ်းကြမ်းချိုချိုလေးတွေ ကြိုက်တယ်။ အစ်မကတော့ကြတော့ အဲလိုစွဲစွဲငင်ငင်နဲ့အေးတာမျိုးကိုကြိုက်တယ်။ အစ်မလိုင်းက favourite က Celine Dion နဲ့ Mariah Careyက အစ်မရဲ့လိုင်း။ Wayne Watsonတို့ဘာတို့ အဲလိုင်းကြိုက်တယ်။ သူကတော့ Avril Lavigneတို့  Katy Perry တို့ အဲတာမျိုးလိုင်းမျိုးကို ကြိုက်တယ်။
4

ဟုတ်ကဲ့ပါ။ နောက်ပြီးတော့လေ ပရိသတ်တွေက အစ်မကိုပြောနေကြတယ်။ မချမ်းချမ်းက ဘယ်တော့ကြည့်ကြည့် ဒီခန္ဓာကိုယ်အချိုးအစားနဲ့ပဲတဲ့။ အဲတော့ အစ်မဒီခန္ဓာကိုယ်လေးကို ဘယ်လိုထိန်းသိမ်းလဲဆိုတာ မျှပေးပါအုံး။
အဓိကကတော့ အစ်မကထိန်းစရာကိုမလိုတာ။ အစ်မကကြိုက်သလောက်စား တစ်နေ့ကို ရှစ်ကြိမ်စားလည်း ဒီပုံစံပဲ။ အမေကတောင်ပြောနေတယ် သူများတွေက ဆန်ကုန်မြေလေးတဲ့ နင်ကဆန်ကုန်မြေပေါ့တဲ့ သိလား။ မလေးဘူးတဲ့ ကြိုက်သလောက် ကျွေးတဲ့။ အစ်မအဓိကက ယောဂကျင့်တာလည်းပါမယ်။ တစ်နေ့ကို အစ်မလေးကြိမ်လောက်ထိုင်တယ်။

အစ်မအဲဒီအပိုင်းနဲ့ပတ်သတ်ပြီးတော့ ဆရာတွေဘာတွေနဲ့ သက်သက်ကျင့်ဖြစ်သေးလား အစ်မ။
အရင်တုန်းက Nursis Kazin ဆီမှာတက်ဖူးတယ်။ Nursis Kazinက နိုင်ငံခြားထွက်သွားတော့ အစ်မကိုယ့်ဘာသာကိုယ် India ကလာတဲ့စာအုပ်တွေလေ။ အဲတာတွေဖတ်ဖြစ်ပြီး ကိုယ့်ဘာသာလုပ်ဖြစ်တယ်။

ဟုတ်ကဲ့ အစ်မ။ အဲဒါဆို အစ်မကို ဆက်သွယ်ချင်ရင်ကော ဖုန်းနံပါတ်ဖြစ်ဖြစ်၊ email လေးဖြစ်ဖြစ်....
အစ်မရဲ့ဖုန်းနံပါတ်က 09 517 2528

ဟုတ်ကဲ့ပါ။ emailကကော?

chanchan.reader

အစ်မအနေနဲ့ နောက်ဆုံး MYMC ရဲ့ပရိသတ်တွေ ရေဒီယိုတွေအပေါ် အကြံပေးချက်လေးကို ကြားချင်ပါတယ်။
အဓိကကတော့ အစ်မတို့အနုပညာရှင်တွေဆိုတာကလေ ဒီ media နဲ့အဆက်အသွယ်ပြတ်လို့မရဘူး။ သူတို့က အစ်မရဲ့ကျေးဇူးရှင်တွေ၊ ဘာကြောင့်လည်းဆိုတော့ ပရိသတ်တွေနဲ့တိုက်ရိုက်ထိတွေ့ဖို့ သူတို့ရဲ့စကားတွေ အကြံပေးချက်တွေ ကြားဖို့ဆိုတာ media တွေက ကြားခံနယ်အဖြစ်ရှိရတာလေ။ အဲတော့ခုလို media အသစ်ပေါ်လာတဲ့အတွက်ကြောင့် အစ်မတို့ဘက် ကျေးဇူးအများကြီးတင်ပါတယ်လို့။

ဟုတ်ကဲ့ အစ်မ ခုလိုဖြေကြားပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဒီထက်ပိုပြီး အောင်မြင်ပါစေလို့လည်း MYMC ၀ိုင်းတော်သားတွေကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
အစ်မကလည်း ကျေးဇူးအများကြီးတင်ပါတယ်လို့ ....

 


အင်တာဗျူးကိုအသံနဲ့နားထောင်ချင်တယ်ဆိုရင်တော့...

MYMC Interview Team
Interviewer | Heart^Hacker
Writeup/Questions | S^_^eet, Amedeo, Gypsy
Audio Editor | V (aka Fairy)
Management | S^_^eet
Special Thanks | MYMC Yangon Crew
Photos Credits | myanmarcelebrity.com