
Myanmar Youth Media Club ဆိုတာဖြစ်ပေါ်လာကတည်းက အားပေးလာခဲ့တဲ့ fan တွေရော ၊ ခုမှ MYMC ကိုစိတ်ဝင်စားလို့ ပါဝင်ချင်တဲ့ fan တွေအတွက်ရော MYMC နဲ့ ဒီထက်ပိုပြီးရင်းနှီးနိုင်ဖို့ အစီအစဉ်လေးတခုကို စဉ်းစားပေးထားပါတယ်။MYMC အတွက် တဖက်တလမ်းက ကူညီချင်တယ် ၊ Idea အသစ်လေးတွေမျှပေးချင်တယ်ဆိုရင်တော့ အကောင်းဆုံး အခွင့်အလမ်းတစ်ခုပါ။ MYMC ရဲ့လှုပ်ရှားမှုတွေဖြစ်တဲ့ Interviewတွေ၊ Special Program တွေမှာ ပါဝင်ကူညီနိုင်သလို၊ MYMC ရဲ့ ဒုတိယခြေလှမ်းဖြစ်တဲ့ www.mymcnews.net ဆိုတဲ့ သတင်းဆိုဒ်မှာလည်း ကိုယ်စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေကို ဝေမျှရင်းနဲ့ ကူညီအားဖြည့်နိုင်ပါတယ်။ နောက်ထပ် စီစဉ်ဦးမယ့် MYMC ရဲ့ ရင်ခုန်ဖွယ်တင်ဆက်မှုတွေမှာလည်း သင့်ရဲ့အစွမ်းအစတစိတ်တပိုင်း ပါဝင်ချင်တယ်ဆိုရင်တော့...
- အောက်မှာပါတဲ့ formဖြည့်ပြီး လူငယ်တွေအတွက် လူငယ်တွေမှတင်ဆက်ပေးနေတဲ့MYMCမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးကို အရယူလိုက်ပါ။
- Form မှာပြထားတဲ့ပုံစံအတိုင်း ပြည့်ပြည့်စုံစုံဖြည့်ပေးဖို့တော့ မှာချင်ပါတယ်။ ကန့်သတ်ချက်နဲ့ မကိုက်ညီတဲ့ Form များကို ထည့်သွင်းစဉ်းစားမှာ မဟုတ်သလို လူဦးရေအကန့်အသတ်လည်း သတ်မှတ်ထားပါတယ်။
- နောက်ဆုံး ရွေးချယ်မှုကိုတော့ Interview နဲ့ ဆုံးဖြတ်မှာပါ။
မရှင်းလင်းတာရှိမယ် ၊ အသေးစိတ်သိချင်တာတွေရှိတယ် ဆိုရင်တော့
This e-mail address is being protected from spambots. You need JavaScript enabled to view it
ကို gtalk က add ပြီးပဲဖြစ်ဖြစ် ၊ Email ပို့ပြီးပဲဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်။
ကဲ MYMC မှာပါဝင်လာမယ့် ကမ္ဘာအရပ်ရပ်က လူငယ်တွေကို ဒီကပဲ ဖိတ်ခေါ်လိုက်ပါရစေ။
သတိပြုရန်။ ။ Application Form ကို English လိုပဲ type လုပ်ပြီး တင်ပေးပါရန်။ Burglish, မြန်မာ font ဖြင့် ရေးသားထားသော form များကို လုံးဝ လက်ခံ စဉ်းစားပေးမည်မဟုတ်ပါ။