mother's day
မေမေချစ်တဲ့ သားတွေ သမီးတွေ ၊ မေမေ့ကိုချစ်ကြတဲ့ သားတွေ သမီးတွေအတွက်ကို MYMC က လက်ဆောင်ပေးချင်တဲ့အတွက် အမေများနေ့မှာ မေမေ့ဆီသို့တမ်းချင်း ဆိုတဲ့ Special Program ကို လက်ဆောင်အဖြစ် MYMC Radio ကနေ ထုတ်လွှင့်ပေးသွားပါတယ်။ မေမေ့ဆီသို့ တမ်းချင်း (Mother's Day အထူးအစီအစဉ်လေး) ကို တင်ဆက်တဲ့နေရာမှာ Special Valentine Program လိုပဲ ပရိသတ်များရဲ့ ရင်တွင်းခံစားချက်လေးများနဲ့ အားလုံးပါဝင်ခွင့်အောင်လုပ်ဖို့ စီစဉ်ထားပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်လိုက်ပါဘူး။ ဒါပေမယ့်  ရတဲ့အချိန်လေးမှာ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်လုပ်ပြီး ပရိသတ်ကြီးကို လက်ဆောင်ပေးချင်တဲ့စိတ်ကူးလေးနဲ့ ဒီ Program လေးကို MYMC ပရိသတ်လက်ထဲကို အရောက်ထည့်ပေး လိုက်နိုင်ခဲ့ပါတယ်။ အားလုံးလည်း ကြိုက်နှစ်သက်ခဲ့ လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။

မေမေ့ဆီသို့ တမ်းချင်း အစီအစဉ်လေးကို တင်ဆက်တဲ့နေရာမှာ ကျေးဇူးတင်ရမယ့်သူတွေ အများကြီးရှိနေပါတယ်။ အလုပ်တွေနဲ့ မအားမလပ်တဲ့ကြားကနေ Interview တွေဖြေပေး ၊ ကဗျာတွေ ရေးပေး ၊ ကိုယ်တိုင်ရွတ်ပေးကြတဲ့ စာရေးဆရာမ မမနော်ဟရီ ၊ ကဗျာဆရာ blogger ကိုကောင်းကင်ကို ၊ ကဗျာဆရာ blogger ကိုလင်းဒီပ ၊ Poemscorner မှ ကဗျာဆရာ ကိုသက်ထွေး နဲ့ ကဗျာဆရာ blogger ကို Zephyr တို့ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ဒီအစီအစဉ်အတွက် အချက်အလက်တွေကို အမေများနေ့ဘာကြောင့်ဖြစ် ဆိုတဲ့ Post ကနေ ယူခွင့်ပေးခဲ့တဲ့ မနိုင်းနိုင်းစနေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ အလုပ်တစ်ဖက်နဲ့ မအားတဲ့ကြားထဲက ဘာကူပေးရမလဲဆိုပြီး အစစအရာရာ လိုက်လုပ်ပေးတဲ့အပြင် Interview Files တွေ ၊ ကဗျာတွေကို အချိန်မှီရအောင် ကူညီပေးခဲ့တဲ့ မဖြိုး (Dj - melodyphyO)
Dj တွေရဲ့ ရင်တွင်းဖြစ်ခံစားချက်တွေကို စိတ်ကူးကောင်းကောင်းနဲ့ ရယူပေးခဲ့တဲ့ Sweet (Dj - Sweet) နဲ့ အစစအရာကူညီပေးကြတဲ့ MYMC က မောင်နှမတွေအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ Scripts တွေရွေးပေး ၊ သီချင်းတွေရွေးပေး ၊ အသံတွေသွင်းပေးတဲ့ မမြတ်သဲဖြူ (Dj - Kindnessgirl) ၊ မဆုမွန် (Dj - Cady) ၊ခိုင်လေး ( Dj - αмє∂єσ ) နဲ့ ယွန်းရွှေအိမ် (Dj - Lay_pyay) တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ မေမေ့ဆီသို့ တမ်းချင်း အစီအစဉ်လေးကို နားဆင်ခံစားပေးခဲ့ကြတဲ့ MYMC ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ကြောင်းပြောရင်း ဒီနှစ် ဒီအချိန် အမေများနေ့မှသည် နှစ်ပေါင်းများစွာ ကိုယ်ချစ်တဲ့ အမေနဲ့အတူတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြလို့ MYMC ညီအကိုမောင်နှမများက ဆုတောင်းပေးရင်း နောက်ထပ်စီစဉ်တင်ဆက်မယ့် MYMC ရဲ့ Special Program တွေကိုလည်း စောင့်မျှော်အားပေးကြပါဦးလို့ သတင်းပေးရင်း နှုတ်ဆက်လိုက်ပါတယ်။

MYMC Family