Forlan

 

1(C4) MYMC ပရိသတ်ကြီးမင်္ဂလာပါခင်ဗျာ… ကျွန်တော်တို့ MYMC ကနေပြီး တစ်ပတ်တစ်ခါတင်ဆက်ပေးနေတဲ့ MYMC ပရိသတ်ကြီးအတွက် Knowledge101 ဆိုတဲ့ အစီအစဉ်လေးကို ဒီတစ်ပတ်မှာလည်း တင်ဆက်ပေးပါအုံးမယ်။ ဒီတစ်ပတ်အတွက်တင်ဆက်ပေးမယ့် အောင်မြင်ကျော်ကြားတဲ့ သူကတော့ ထူးထူးခြားခြားလေးဖြစ်အောင် ဘောလုံးသမားတစ်ယောက် အကြောင်းကိုပြောပြမယ်ဗျာ။ သူကတော့ ဒီနှစ်၂၀၁၀ဖီဖာကမ္ဘာ့ဖလားမှာ ရွှေဘောလုံးဆုကို ချီးမြင့်ခြင်းခဲ့ရတဲ့သူပဲ ဖြစ်ပါတယ်။ သူရဲ့နာမည်ကတော့ Deigo Forlan ပဲဖြစ်ပါတယ်။ ဥရုဂွေးအသင်းရဲ့ အဓိကအရေးကြီးဆုံး အနိုင်ဂိုးများကို သွင်းယူပေးခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ ဒီနှစ်ကမ္ဘာ့ဖလားရဲ့ ရလာဒ်အဖြေကို ကျေနပ်နှစ်သိမ့်ကြတဲ့ သူတွေရှိသလို၊ အားမလိုအားမရဖြစ်ခဲ့ကြရတဲ့ ပရိသတ်တွေလည်းရှိမှာပါ။ ကဲ.. ဒါဆို ဒီတစ်ပတ်ရဲ့ အစီအစဉ်လေးကိုတော့ ကျွန်တော် DJ C4 နဲ့ DJ Craton တို့က တင်ဆက်ပေးသွားမှာပါဖြစ်ပါတယ်။ ကဲ... ဒါဆို ပထမဦးဆုံး ဖော်လန်ရဲ့အကြောင်းလေးနဲ့ စလိုက်ရအောင်နော်။ MYMC ကိုနားဆင်နေတဲ့ ပရိသတ်တွေလည်း ဒီအစီအစဉ်လေးကို ကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။


Biography

(Craton) ဒီယေဂိုဖော်လန်ဟာ ယခင် ၁၉၆၆ခုနှစ်ဝန်းကျင်လောက် ကဥရုဂွေးနိုင်ငံတကာ ကစားသမားဖြစ်တဲ့ ပါဘလိုဖော်လန်ရဲ့သားဖြစ်ပါတယ်။ ဒါ့အပြင်သူ့အဖိုးဖြစ်တဲ့ Juan Carlos Corazo ဟာလည်း Argentina club Independiente မှာကစားခဲ့တဲ့ ကစားသမားဟောင်းတစ်ဦလည်းဖြစ်ပါတယ်။ ဖော်လန်ကို ၁၉၇၉ ခုနှစ် မေလ၁၉ ရက်နေ့မှာမွေးဖွားခဲ့ပြီး အခုဆိုရင် ၃၁ နှစ်ရှိပါပြီ။ နာမည်ရင်း Diego Forla’n Corazo လို့ခေါ်တဲ့ဖော်လန်ဟာ လော2လောဆယ်တော့ La Liga Club Atletico Madrid အသင်းနဲ့ ဥရုဂွေးအမျိုးသား လက်ရွေးစဉ်အသင်းမှာကစားနေတဲ့ ကစားသမားတစ်ယောက်ပါ။ ဖော်လန်ဟာ ဘောလုံးသမား မိသားစုကနေဆင်းသက်လာတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ ငယ်ငယ်တုန်းက တင်းနစ်ကိုပဲကစားခဲ့ပေမယ့်လည်း မျိုးရိုးအမွေအနှစ်ကို ဆက်ခံတဲ့အနေနဲ့ ဘောလုံးကိုသာ ပြောင်းလဲကစား ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဖော်လန်က Pichichi Trophy ဆုနဲ့ European Golden Shoe ဆုကို နှစ်ကြိမ်ရရှိထားတဲ့သူလည်းဖြစ်ပါတယ်။ တောင်အမေရိကားရဲ့ ကလပ်အသင်း တော်တော်များများမှာကစားဖြစ်ခဲ့ပြီး Argentine ကလပ် Independiante မှာဂိုးသွင်းကောင်းတဲ့ ကစားသမား တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၀၂ ဇန်နဝါရီလမှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းခြင်းကိုခံရပြီး ပေါင်ငွေ ၆.၉ သန်းနဲ့ မန်ယူအသင်းကို ရောက်ရှိခဲ့ပါတယ်။


Manchester United


(C4) ဖော်လန်ဟာ မန်ယူကိုရောက်ခါစနှစ်မှာတော့ အခြေအနေသိပ်တော့မလှခဲ့ပါဘူး။၂၀၀၂ ခုနှစ်ရဲ့ ဇန်နဝါရီလ ၂၉ရက်နေ့မှာတော့ သူရဲ့ ပထမဆုံး 3မန်ယူကစားသမားအဖြစ် ဘောလ်တန်အသင်းနှင့် ယှဉ်ပြိုင်တဲ့ပွဲမှာတော့ ကောင်းစွာ ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပါဘူး။ ဖော်လန်ဟာ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ မက္ကဘီဟိုင်ဖာ အသင်းကို ပင်နယ်လ်တီ သွင်းယူခဲ့တဲ့ဂိုးမတိုင်မီ မန်ယူအသင်းအတွက် တစ်ဂိုးမှ သွင်းယူပေးနိုင်ခြင်း
4မရှိလောက်အောင် အခြေအနေဆိုးဝါးခဲ့ပါတယ်။ အဲဒီနောက်မှာမှ အရေးကြီးတဲ့ဂိုးတွေဖြစ်တဲ့ အက်စတန်ဗီလာနဲ့ ကစားပွဲမှာ ပွဲပြီးခါနီးမှ သွင်းလိုက်တဲ့ ချေပဂိုး၊ ချယ်လ်ဆီးနဲ့ ကစားပွဲမှာလည်း နောက်ဆုံး မိနစ်တွင်းမှာမှ သွင်းတဲ့အနိုင်ဂိုးတွေဟာ မန်ယူအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေခဲ့တဲ့ ၂၀၀၂-၂၀၀၃ ခုနှစ်အတွက် အလွန်အရေးပါတဲ့ ဂိုးတွေဖြစ်ခဲ့ပါတယ်။ လီဗာပူး အသင်းကို အန်ဖီးလ်မှာ ၂ဂိုးသွင်းပြီး ၂ -၁ နဲ့အနိုင်ယူလိုက်တဲ့ပွဲကစပြီး မန်ယူပရိသတ်တွေရဲ့ အကြိုက်ဆုံးကစားသမား အဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင်ဖော်လန်က ဂိုးသွင်းယူအပြီး ဂျာစီ(အင်္ကျီ) ကိုချွတ်ပြီး  အားရပါးရ အောင်ပွဲခံလေ့ရှိလို့ မှတ်မှတ်ရရ ရယ်စရာအဖြစ်လေးတစ်ခုလည်း ရှိခဲ့ပါတယ်။ အဲဒါကတော့၂၀၀၂ နိုဝင်ဘာလမှာ ဆောက်သမ်တန်အသင်းကို ၈၄ မိနစ်မြောက်မှာ ဂိုးသွင်းယူအပြီး ထုံးစံအတိုင်း ဂျာစီ(အင်္ကျီ)ကိုချွတ်ပြီး အောင်ပွဲခံခဲ့ရာ စပေးဘောပြန်စတဲ့ အချိန်မှာတော့ ဂျာစီ(အင်္ကျီ)ကို ကိုးယိုးကားယား ဝတ်ဆင်လို့မပြီးနိုင်ဖြစ်ခဲ့ပါသေးတယ်။ ဖော်လန်ရဲ့ မန်ယူအသင်းအတွက် ၉၅ပွဲမှာ ၁၇ ဂိုးသွင်းတဲ့ ဂိုးသွင်းနှုန်းကတော့ ကစားဖော် နစ်စတယ်ရွိုင်းရဲ့ ၂၁၀ ပွဲ ၁၅၀ဂိုး နှင့်ယှဉ်ကြည့်ရင် အင်မတန်ကွာခြားခဲ့ပါတယ်။ ဒါကြောင့်ပဲ၂၀၀၄-၂၀၀၅ ရာသီအစမှာတော့ မန်ယူအသင်းမှာ မတွေ့ရတော့ဘဲ လာလီဂါ ကလပ် ဗီလာရီးရဲလ်ကို ပြောင်းရွှေ့ကစားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

 



Man U အတွက်သွင်းပေးခဲ့တဲ့ ၁၇ ဂိုးကို စုစည်းပြီး တင်ပေးထားတာဖြစ်ပါတယ်။



(Craton) ကဲ... ဖော်လန်ရဲ့အကြောင်းလေးထပ်ပြီးတော့မပြောခင်မှာ ဒီနှစ်၂၀၁၀ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ သီချင်းလို့ပြောလို့ရတဲ့ Shakira ရဲ့ Waka Waka (This Time For Africa) ဆိုတဲ့ သီချင်းလေးကို ကမ္ဘာ့ဖလား အလွမ်းပြေလေးနားထောင်ကြည့်ရအောင်နော်။ ဒီသီချင်းလေးကတော့ ဒီနှစ်ရဲ့ ရေပန်းအစားဆုံးသီချင်း တစ်ပုဒ်ဆိုလည်း မမှားပါဘူး။ The Official 2010 Fifa World Cup Album ထဲက သီချင်းလေးဖြစ်ပါတယ်။ ရေးစပ်ပေးထားတာကတော့ Golden Sounds, John Hill, African band တစ်ခုဖြစ်တဲ့ Freshlyground တို့အပြင် Shakira ကိုယ်တိုင်လည်း ၀င်ရောက်ရေးစပ်ထားပါတယ်။ နားဆင်ကြည့်ရအောင်နော်။ [Download MP3] [Watch Video]

Villareal


5(C4) ကဲ.. သီချင်းလေးနားထောင်ပြီးသွားတော့ ဖော်လန်ရဲ့ ဗီလာရီးရဲလ် အသင်းကို ရောက်ရှိလာပုံလေးကို ဆက်ပြောကြတာပေါ့ဗျာ။ ဖော်လန်က လာလီဂါကလပ်ဖြစ်တဲ့ လီဗန်တီအသင်းကို ရောက်လုနီးပါးဖြစ်ခဲ့ပေမယ့်လည်း ၂၀၀၄ ခုနှစ် သြဂုတ်လ ၂၁ရက်နေ့မှာတော့ ဗီလာရီးရဲလ်နဲ့ စာချုပ်ချုပ်ခဲ့ကြပါတယ်။ ဗီလာရီးရဲလ်အသင်းမှာတော့ ဖော်လန်ဟာ ဂိုးမြူးခဲ့ပြီး၂၀၀၄-၂၀၀၅မှာ လာလီဂါ ဂိုးသွင်းအများဆုံးဆု Pichichi Trophy ကို၂၅ ဂိုးသွင်းယူပြီးရရှိခဲ့ပါတယ်။ ဆက်လက်ပြီး နောက်နှစ်မှာပဲ ဗီလာရီးရဲလ်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီစွမ်းဆောင်ပေးခဲ့ပါသေးတယ်။ European Golden Shoe ဖြစ်တဲ့ ဥရောပကလပ်ပေါင်းစုံဂိုးသွင်းအများဆုံးဆုကိုလည်း သီယာရီအွန်နရီနှင့် တွဲဖက်ပြီးရခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၆-၂၀၀၇ ခုနှစ်မှာတော့ ဗီလာရီးရဲလ်အသင်းနှင့် ဂိုးသွင်းမှုများကိုရပ်တန့်ခဲ့ပြီး အသင်းပြောင်းရွှေ့ခဲ့ပါတယ်။

7


Atletico Madrid

 

(C4)ဖော်လန်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ၂၀၀၇ ခုနှစ်မှာ အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်တဲ့ (အခုလက်ရှိ လီဗာပူးလ်တိုက်စစ်မှူး) ဖာနန်ဒိုတောရက်စ်ဟာ လီဗာပူးလ်သို့ပြောင်းရွှေ့အပြီး ဖော်လန့်ကိုစာချုပ်ချုပ်ဖို့သဘောတူညီမှုရခဲ့ခြင်းဖြစ်ပါတယ်။ အက်သလက်တီ ကိုမက်ဒရစ်အသင်းမှာလည်း ဖော်လန်ဟာခြေစွမ်းမြူးမြူးနဲ့ ဂိုးတွေကိုဆက်လက်သွင်းယူနိုင်ခဲ့ပြီး ၂၀၀၈-၂၀၀၉ ခုနှစ်ရဲ့ လာလီဂါ ဂိုးသွင်းအများဆုံးဆုကို ဒုတိယအကြိမ် ၃၃ပွဲမှာ၃၂ဂိုးနဲ့ရရှိခဲ့ပါတယ်။ ဒါ့အပြင် European Golden Boot ကိုလည်း ထပ်မံရရှိခဲ့ပြန်ပါတယ်။ ၂၀၁၀ခုနှစ်ရဲ့ယူရိုပါဖလား ပွဲစဉ်တွေမှာလည်း အက်သလက်တီကို အသင်းကိုဗိုလ်စွဲအောင် ဖော်လန်ရဲ့လုပ်ဆောင်ချက်တွေဟာလည်း အရေးအပါဆုံး ဖြစ်ခဲ့တယ် ဆိုရင်လည်း မှားမယ်မထင်ပါဘူး။


2009 ခုနှစ်အတွင်း Forlan သွင်းခဲ့တဲ့ Goal တွေပြန်ကြည့်ရအောင်


2010 FIFA World Cup


(Craton) ၂၀၁၀ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဇွန်လ ၁၆ ရက်နေ့က ဥရုဂွေးအသင်းရဲ့ဒုတိယမြောက်ပွဲစဉ်ဖြစ်တဲ့ အိမ်ရှင်တောင်အာဖရိကအသင်းနဲ့ပွဲမှာလည်း အဝေးဘောနဲ့ သူရဲ့၂၀၁၀ ဖီဖာကမ္ဘာ့ဖလားရဲ့ ပထမဆုံးဂိုးကိုစတင်ခဲ့ပြီး ဒုတိယဂိုးကိုလည်း အဲဒီပွဲမှာပဲ ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ 8ဆက်လက်ပြီး ဥရုဂွေးအသင်း ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဂါနာအသင်းနဲ့တွေ့ဆုံတဲ့ ပွဲစဉ်မှာလည်း အရေးပါတဲ့ချေပဂိုးကို ဖရီးကစ်ကနေတစ်ဆင့် သွင်းယူပေးခဲ့ပြန်ပါတယ်။ အဲဒီ့ပွဲမှာလည်း ဖော်လန်ရဲ့ချေပဂိုးနဲ့ ဥရုဂွေးအသင်းက သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ ဖော်လန်တို့အသင်း အနိုင်ရခဲ့ပါတယ်။ ထပ်ပြီးတော့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း နယ်သာလန်အသင်းနဲ့ တွေ့ဆုံတဲ့အခါမှာ အဝေးကနေပဲ လှလှပပလေး ဘယ်ခြေနဲ့ ပထမချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်မှာတော့ နယ်သာလန်အသင်းကို မယှဉ်နိုင်ခဲ့ဘဲနဲ့ ပွဲအပြီးမှာ ၃း၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဇူလိုင် ၁၀ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ဒီနှစ်ဖီဖာကမ္ဘာ့ဖလားရဲ့ အင်အားကြီးအသင်းတစ်ခုဖြစ်ခဲ့တဲ့ ဂျာမနီနဲ့ တတိယနေရာလုပွဲမှာ တွေ့ဆုံတဲ့အခါ ဒုတိယဦးဆောင်ဂိုးကို လှလှပပပဲ ဗော်လီမြေထောက်ဘောကန်ပြီး ဂိုးသွင်းခဲ့ပြန်ပါသေးတယ်။ ဒါပေမယ့်လည်း ဂျာမနီအသင်းကို ၃း၂ ဂိုးနဲ့ထပ်မံရှုံးခဲ့ပြီး စတုတ္ထနေရာနဲ့ပဲ ဇာတ်သိမ်းခဲ့ရပါတယ်။ ဖော်လန်ဟာ ဒီနှစ် ဥရုဂွေးအသင်းရဲ့၂၀၁၀ ကမ္ဘာ့ဖလား အောင်မြင်မှုမှာ မပါမဖြစ်ကစားသမားဖြစ်ခဲ့ရုံမျှမက ဖီဖာ၏ ရွှေဘောလုံးဆုကိုလည်း ရရှိခဲ့ပါတယ်။

(C4)ကဲ... ဒီလောက်ဆိုရင် ဒီနှစ်ကမ္ဘာ့ဖလားရဲ့ ဖီဖာရွှေဘောလုံးဆု ချီးမြင့်ခြင်းခံရတဲ့ Forlan ရဲ့ အကြောင်းလေးကို နားလိုက်ရအောင်ဗျာ။ ဒီတစ်ပတ် တင်ဆက်ပေးလိုက်တဲ့ Knowledge101 အစီအစဉ်လေးကိုလည်း ပရိသတ်ကြီး နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။ နောက်သီတင်းပတ်တွေမှာလည်း ဘယ်သူ့ရဲ့အကြောင်းလေးတွေကို ဘယ်လိုတင်ဆက်သွားမလဲဆိုတာ စောင့်မျှော် အားပေးကြပါအုံးခင်ဗျာ။ MYMC ရဲ့ ရင်ခုန်ဖွယ်ရာအစီအစဉ်လေးတွေကို အားပေးနားဆင်တဲ့အတွက်လည်း ကျွန်တော်တို့ MYMC ၀ိုင်းတော်သားတွေက အထူးကျေးဇူးတင်ရှိပါတယ်။

 

9

 

အသံနဲ့နားထောင်ချင်တယ်ဆိုရင်တော့...

Presenters | C4 & Craton
Audio | Amedeo
Written and Translated | Fragile & C4