
(Number1Princess) MYMC ပရိသတ်ကြီး မင်္ဂလာပါရှင်။ MYMC ရဲ့ အသစ်အသစ်တွေထဲက မရိုးရတဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ Knowledge 101 Program လေးတင်ဆက်ပေးဖို့အချိန် ရောက်ရှိလာပြန်ပါပြီ။ ဒီတစ်ပတ်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ အကြောင်းအရာကတော့ သိပ္ပံပညာရှင်တော်တော်များများ ကိုယ်တိုင်ကိုက အဓိပ္ပါယ်တိတိကျကျသတ်မှတ်ပြီး လေ့လာဖို့ခက်ခဲနေတယ့် UFO အကြောင်းပဲဖြစ်ပါတယ်။ UFO လို့ဆိုလိုက်တာတဲ့ အားလုံးရဲ့မျက်စိထဲမှာ ပန်းကန်ပြားပျံကြီးတွေကို မြင်ယောင်မိကြပါလိမ့်မယ်။ ဒါပေမယ့်မြင်ယောင်လာတဲ့အရာတွေဟာ ကိုယ်တိုင်တွေ့မြင်တဲ့သူက အနည်းငယ်သာရှိပြီး ရုပ်ရှင်တွေ ၊ စာအုပ်တွေနဲ့ လူပြောများလို့သာ စိတ်ထဲစွဲထင်နေတာပါ။ အခုအချိန်ထိကိုလည်း တိတိကျကျဖြေရှင်းချက်မပေးနိုင်သေးတဲ့ အာကာသဆိုင်ရာတွေ့ရှိချက်တွေဖြစ်ပါတယ်။ UFO နဲ့ပက်သက်တဲ့စာအုပ်တွေ ၊ ရုပ်ရှင်တွေနဲ့ အချက်အလက်မှတ်တမ်းတွေ အများကြီးရှိနေပေမယ့် တစ်ကယ်တမ်းကျတော့ သေသေချာချာသိတဲ့သူက လူငယ်ပိုင်းမှာအရမ်းကိုနည်းနေပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝှမ်းမှာဘာတွေဘယ်လိုတွေဖြစ်နေတယ်ဆိုတာကို ဗဟုသုတအနေနဲ့ပဲဖြစ်ဖြစ် ၊ စိတ်ဝင်စားစရာတစ်ခု အနေနဲ့ပဲဖြစ်ဖြစ်သိရအောင် UFO အကြောင်းနဲ့သူနဲ့ဆက်နွယ်နေတဲ့ အချက်အလက်တွေ ၊ အာကာသဆိုင်ရာထူးဆန်းမှုတွေကို လေ့လာနေတဲ့နေရာတွေ ၊ UFO အကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်တွေစသဖြင့် လက်လှမ်းမီသလောက် ကျွန်မတို့က MYMC ပရိသတ်ကြီးကို ဗဟုသုတပေးသွားမှာပါ။ ဒီတစ်ပတ်တင်ဆက်ပေးသွားမယ့် Presenter တွေကတော့ ကျွန်မ DJ Number1Princess နဲ့အတူ DJ C4 နဲ့ DJ DollFace တို့ပဲဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကိုလည်း MYMC ပရိသတ်တွေ ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ကဲ..UFO ဆိုတာဘာလဲဆိုတာကို စပြောပေးပါနော်။
About UFO
(DollFace) UFO ဆိုတာကတော့ Unidentified flying Object ( မြန်မာလို ပန်းကန်ပြားပျံလို့) ခေါ်လေ့ရှိပါတယ်။ အဓိပါယ် သတ်မှတ်လို့မရတဲ့ ပျံသန်းနေတဲ့ အရာတွေလို့ဆိုနိုင်ပါတယ်။ လေ့လာသူတွေအနေနဲ့ အလွယ်တကူ ရှာဖွေလို့မရနိုင်တဲ့ အာကာသထဲက အရာတွေပါ။ ၁၉၅၂ ခုနှစ်မှာ အမေရိကန်လေတပ်ကနေပြီးတော့ ဒီပန်းကန်ပြားပျံ (UFO) ဆိုပြီး နာမည်သတ်မှတ်ခဲ့တာပါ။ ပထမစတင်လေ့လာချိန်မှာတော့ UFO တွေဟာ လေ့လာသူတွေသေချာစိစစ်လေ့လာပြီးတာတောင် အဓိပါယ်သတ်မှတ်လို့မရတဲ့ အရာတွေဖြစ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် June လမှာတော့
စီးပွားရေးသမားတစ်ဦးဖြစ်သူလည်းဖြစ် Private Pilot တစ်ယောက်လည်းဖြစ်တဲ့ Kenneth Arnold ရဲ့ လေ့လာတင်ပြချက်တွေအရ flying saucer (or) flying disc တွေအဖြစ် UFO တွေကို လူတွေတော်တော်များများ စိတ်ဝင်တစားရှိလာခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် June လ ၂၄ ရက်နေ့မှာ Kenneth Arnold ဟာ သူပိုင်ဆိုင်တဲ့ လေယာဉ်နဲ့ Washington မှာရှိတဲ့ Mount Rainier တောင်တန်းတွေပေါ်မှာပျံသန်းနေတုန်း အလွန်တရာမှတောက်ပထွန်းလင်းနေတဲ့ အရာကိုးခုလောက်ဟာ တောင်တန်းတွေကိုဖြတ်ပြီးပျံသန်းသွားတာကိုတွေ့မြင်ခဲ့ကြောင်းတင်ပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံလေတပ်က သူ့ရဲ့တွေ့ရှိချက်မတိုင်ခင် တင်ပြခဲ့ပေမယ့် Arnold ရဲ့တင်ပြချက်တွေကိုလူတွေပိုပြီး စိတ်ဝင်တစားရှိခဲ့ပါတယ်။ Arnold ကတော့သူမြင်ခဲ့တဲ့ အရာတွေကို ပြားနေတဲ့ ပန်းကန်ပြားတွေနဲ့တူတယ်လို့ဆိုပါတယ်။ လခြမ်းပုံသဏ္ဌာန်နဲ့ အရှေ့ဘက်မှာတော့ ဘဲဥပုံရှိပြီး နောက်ပိုင်းမှာတော့ ခုံးဝင်သွားတဲ့ပုံရှိတယ်လို့ဆိုပါတယ်။ အလွန်တရာမှ ပြားလွန်းတဲ့အတွက်ကြောင့်သူတောင်မှ သေချာမမြင်လိုက်နိုင်ပါဘူး။ အဲဒီနောက်ပိုင်းကစပြီး သူ့ရဲ့ တွေ့ရှိတင်ပြချက်တွေကို အခြေခံပြီး လေ့လာသူ တော်တော်များရဲ့ တင်ပြချက်တွေလည်း အမေရိကန်နိုင်ငံမှာတင်မကပဲ တခြားနိုင်ငံတွေမှာပါ အမြောက်အများထွက်ပေါ်လာခဲ့ပါတယ်။ နောက်ထပ်ဥပမာတွေ့ရှိမူတစ်ခုအနေနဲ့ဇူလိုင် ၄ ရက်မှာ United Airlines ၀န်ထမ်းတစ်ယောက်က အလွန်တရာမှ ထွန်းလင်းတောက်ပတဲ့ အရာကိုးခုလောက်ဟာ အမေရိကန်နိုင်ငံရဲ့ Idaho လို့ခေါ်တဲ့ နယ်မြေပေါ်မှာ ပျံသန်းသွားတာကိုထပ်မံတွေ့ရှိခဲ့ပါသေးတယ်။ သူရဲ့တွေ့ရှိချက်က Arnold ရဲ့ တွေ့ရှိချက်ထက်ပိုပြီးကျယ်ပြန့်စွာတင်ပြနိုင်ခဲ့ပါတယ်။
(C4) အမေရိကန်နိုင်ငံရဲ့ သုတေသန ပညာရှင်တစ်ယောက်ဖြစ်တဲ့ Ted Bloecher ကသူရဲ့ သတင်းစာဆောင်းပါးတွေမှာ Arnold ရဲ့တွေ့ရှိချက်တွေကိုကိုးကားပြီး လူတွေ စိတ်ဝင်စားမူများလာခဲ့ကြောင်း ရေးသားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အမေရိကန်နိုင်ငံသတင်းစာတွေရဲ့ သတင်းစာမျက်နှာတွေမှာ စာမျက်နှာပြည့်ရေးသားဖေါ်ပြခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း ၁၉၄၇ ခုနှစ် ဇူလိုင်လ မှာ New Maxico နိုင်ငံရဲ့ Roswell ပြည်နယ်ကို တိုက်လုနီးပါးဖြစ်ခဲ့တဲ့ UFO တစ်ခုရဲ့အကြောင်းကို တရားဝင်ထုတ်ပြန်လိုက်ရာကနေစပြီး ပိုပြီးတော့လူတွေစိတ်ဝင်တစားရှိခဲ့ပါတယ်။ ဒါ့အပြင် ၁၉၆၀ ခုနှစ်အတွင်းတွေမှာပဲ Bloecher ဟာ ကနေဒါနိုင်ငံ, Washigton D.C နဲ့ အမေရိကန်နိုင်ငံရဲ့ပြည်နယ်တော်တော်များများမှာ UFO ပေါင်း ၈၅၃ ခုလောက်ဟာ ဖြတ်သန်းသွားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ နိုင်ငံတော်တော်များကနေပြီးတော့ UFO လေ့လာရေး တွေကို စတင်လုပ်လာခဲ့ကြပါတယ်။ တချို့လေ့လာချက်တွေက စစ်မှန်တဲ့ UFO တွေကိုတွေ့ရှိခဲ့သော်လည်း တချို့တချို့သောလေ့လာချက်တွေက Aircraft တွေ balloons တွေနဲ့ တခြားသော ဥက္ကာပျံ၊ ဥက္ကာခဲတွေနဲ့ တောက်ပတဲ့ ဂြိုလ်တွေကိုမှားယွင်းပြီး လေ့လာခဲ့တဲ့ အပြောင်အပျက်တင်ပြချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
Maury Island Incident
(C4) ဥပမာတစ်ခုအနေနဲ့ ၁၉၄၇ ခုနှစ် July ၇ ရက်နေ့မှာဖြစ်ပွားခဲ့ဟန်ရှိတဲ့အမေရိကန်နိုင်ငံ Maury Island က ဖြစ်ရပ်တစ်ခုကို သင်္ဘောသားတစ်ယောက် ဖြစ်တဲ့ Harold A. Dahl နဲ့သူ့သား၊ သူတို့ရဲ့ခွေးလေး တစ်ကောင်တို့ဟာ ပင်လယ်ထဲမှာ သင်္ဘောနဲ့သွားနေတုန်း UFO ငါးခုေ
ခြာက်ခုလောက်ဟာ သူတို့ သင်္ဘောရှိတဲ့ကောင်းကင်ပေါ်ကနေ ဖြတ်သန်းသွားတယ်လို့ တင်ပြခဲ့ပါတယ်။ Dehl ကတော့ သူဟာ အဲဒီ UFO တွေရဲ့အလည်မှာ အပေါက်လေးတစ်ခုပါပြီးတော့ အဲဒီအပေါက်လေးကနေ ကောင်းကင်ပြာကို တောင်မြင်တွေ့ရတယ်လို့ ပြောပါတယ်။ တခြား UFO တစ်ခုဆိုရင်ကောင်းကောင်း မပျံသန်း နိုင်တော့လို့ တခြား UFO ကလာကူပြီး ကူညီပြုပြင်ပေးတယ်လို့တောင်ဆိုပါတယ်။ အဲဒီအချိန်မှာ ကောင်းကောင်းမပျံသန်းနိုင်တော့တဲ့ UFO ဟာ သူ့ရဲ့ အလည်မှာရှိတဲ့ အပေါက်လေးကနေပြီးတော့ သတ္တုခဲတွေထုတ်လွတ်ပြီးတော့ သင်္ဘောကိုတောင် ထိခိုက်ပျက်စီးစေခဲ့တယ်လို့ဆိုပါတယ်။ အဲဒီသတ္တုခဲတွေကြောင့်ပဲ သူ့ခွေးလေးဟာသေဆုံးခဲ့ပြီး သူ့သားလည်း ဒဏ်ရာအနာတရရခဲ့တယ်လို့ဆိုပါတယ်။ Dehl ကိုယ်တိုင်လည်း ဓာတ်ပုံတွေအမြောက်အများရိုက်ကူးခဲ့ပါတယ်တဲ့။ နောက်နေ့မနက်မှာလည်း သူ့အိမ်ကို အမဲရောင်ကုတ်အင်္ကျီဝတ်ထားတဲ့ သူတစ်ယောက်ရောက်လာပြီးတော့ သူ့ကို မနက်စာ တူတူစားဖို့ဖိတ်ခဲ့ပါတယ်တဲ့။ သူကလည်း အစိုးရနဲ့ပတ်သတ်တဲ့ သူထင်ပြီးတော့ လက်ခံစကားပြောခဲ့ပါတယ်။ မနက်စာစားနေတုန်းမှာပဲ အဲဒီလူဟာ UFO ပတ်သတ်တဲ့ အကြောင်းတွေကို စတင်ပြောပါတော့တယ်တဲ့။ ဒါပေမယ့် သူကိုယ်တိုင်တော့ဘာမှစမပြောခဲ့ပါဘူးတဲ့။ ပြီးတော့ သူကိုလည်း သူတွေ့ရှိခဲ့တဲ့ UFO တွေနဲ့ပတ်သတ်ပြီဘာမှထုတ်ဖော်မပြောဖို့ချိန်းခြောက်ခဲ့ပါတယ်။ ထုတ်ပြောခဲ့မယ်ဆိုရင်တော့ သူကော သူ့မိသားစုကို ဒုက္ခရောက်လိမ့်မယ်လို့ဆိုပါတယ်တဲ့။ ဒါပေမယ့် သူရိုက်ကူးခဲ့တဲ့ပုံတွေကိုကောင်းစွာမတင်ပြနိုင်တဲ့အတွက်ကြောင့် သူရဲ့တင်ပြချက်တွေပေါ်လူတွေက မယုံသင်္ကာရှိခဲ့ကြပါတယ်။ သေချာစစ်ဆေးမူတွေ ပြုလုပ်ပြီးတဲ့အခါမှာတော့ သူကိုယ်တိုင်ပဲ ဒါဟာ လိမ်ညာလှည့်စားမူတစ်ခုလို့ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် သူအဲလိုအရာတွေကိုတွေ့ခဲ့တာတော့ အမှန်အကန်ပါတဲ့။ ဒီလိုလိမ်ညာလှည့်စားတဲ့ လေ့လာတွေ့ရှိမူတွေလည်း နောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။
UFO Evidence
(Number1Princess) ဟုတ်ကဲ့။ တစ်ကယ်တမ်းကျတော့ UFO တွေကို ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သမိုင်းကြောင်းမှာတွေ့မြင်ခဲ့ကြဖူးတဲ့ အထောက်အထားတွေအများကြီးရှိနေပါတယ်။ BC 329 တုန်းက Alexander the Great ဟာ စစ်ချီထွက်နေတုန်း
ကောင်းကင်မှာငွေရောင်အဆင်းရှိတဲ့ ဒိုင်းလိုအရာဝတ္ထု ၂ ကိုတွေ့ရှိခဲ့ပါတယ်။ အဲဒီအရာဝတ္တုက ထွက်နေတဲ့အလင်းရောင်ကြောင့် စစ်ချီမြင်းတွေ ၊ ဆင်တွေတောင် ကြောက်လန့်ပြီးရှေ့ဆက်မသွားနိုင်ကြဘူးလို့ သမိုင်းမှာဖတ်ရှုရပါတယ်။ ၁၆၇၆ ခုနှစ် March လမှာတော့ အင်္ဂလန်နိုင်ငံက နက္ခဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ Edmund Halley ဟာ လေ့လာမှုတွေပြုလုပ်နေတုန်းဟာ ရုတ်တရုတ်အမှောင်ကသွားလို့ကြည့်လိုက်တဲ့အချိန်မှာ လထက်အရွယ်အစားကြီးမားတဲ့အရာဝတ္တုတစ်ခုဟာ ကောင်းကင်မှာပျံသန်းသွားတာကို တွေ့မြင်လိုက်ရပါတယ်။ အဲဒီအရာဝတ္တုဟာ ကျောက်စရစ်ခဲတွေပေါ်မှာလှည်းသွားတဲ့အသံလိုမျိုးအသံကို ဖြစ်ပေါ်စေပြီးနောက် တစ်နာရီကိုမိုင် ၉၆၀၀ နှုန်းနဲ့ ပျံသန်းသွားခဲ့တယ်လို့ သိရပါတယ်။ October လ ၁၁ ရက်နေ့ ၁၄၉၂ ခုနှစ်မှာတော့ Christopher Columbus ဟာ Atlantic Ocean မှာ UFO လို့ထင်ရတဲ့အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ သူက ကောင်းကင်အမြင့်မှာ အလင်းရောင်ထွက်နေတဲ့ အရာဝတ္တုတစ်ခုကိုတွေ့ပါတယ်။ အဲဒီအရာဟာ ညဘက်အချိန်ကောင်းကင်ယံမှာ ပေါ်လိုက်ပျောက်လိုက်နဲ့ပျံသန်းသွားလာနေပါတယ်လို့ ပြောခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် August လ ၂၀ ရက်နေ့တုန်းကလည်း Las Cruces, New Mexico, United States မှာလည်း Pluto ဂြိုလ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့ နက္ခဗေဒပညာရှင် Clyde Tombaugh ကလည်း စိမ်းဝါရောင်ရှိတဲ့ UFO တစ်စင်းကို တွေ့ရှိခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာတော့ အာကာသယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ Gordan Cooper ကတော့ UFO တစ်စင်းကို အနီးကပ်မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။ ၁၉၆၉ ခုနှစ် January လ ၆ ရက်နေ့တုန်းကတော့ အမေရိကန်သမ္မတ Jimmy Carter ကလည်း UFO တစ်စင်းကိုတွေ့ရှိခဲ့ပြန်ပါသေးတယ်။ လလောက်ရှိပြီးအရောင်တွေတောက်ပနေတဲ့အရာဝတ္တုတစ်ခုကို ၁၀ မိနစ်လောက်ကြည့်ခွင့်ရလိုက်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။ အခုပြောပြသွားတဲ့အဖြစ်အပျက်တွေကတော့ ထင်ထင်ရှားရှား အဖြစ်အပျက်များထဲက အနည်းငယ်ကိုပြောပြသွားတာပါ။ ဒီလိုမျိုးအာကာသဆိုင်ရာ သိပ္ပံဆန်းကြယ်မှုတွေကို လေ့လာနေတဲ့နာမည်ကြီး နေရာတစ်ခုဖြစ်တဲ့ Area 51 အကြောင်းကိုပြောပြပေးပါနော်။
လူတွေထောင်ပေါင်းများစွာ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့တဲ့ ၁၉၉၇ခုနှစ် American နိုင်ငံ Arizona ပြည်နယ် Phoenix မြို့က UFO ကို CNN သတင်းမှာ ဖော်ပြခဲ့ပါတယ်။
Area 51
(DollFace) အမေရိကန်နိုင်ငံအစိုးရရဲ့လျှို့ဝှက်တဲ့ လေယာဉ်တွေ ဒုံးပျံတွေနဲ့ ဆန်းသစ်တဲ့လက်နက်တွေကို လူထုကိုတရားဝင်ပေးမသိခင်မှာ စမ်းသပ်စစ်ဆေးတဲ့နေရာကို Area51 လို့ခေါ်ပါတယ်။ တခြားနေမည်ကွဲတွေ ဖြစ်တဲ့ DreamLand, Paradise Ranch, Home base, Watertown strip, Groom Lake နဲ့ခုနောက်ပိုင်းမှာတော့ Homey Airport ဆိုပြီးတော့လူသိများတဲ့နေရာလေးတစ်ခုပါ။ အစိုးရ၀န်ထမ်းတွေကလွဲပြီး ဘယ်သူမှ ၀င်ရောက်လို့မရတဲ့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့နေရာလေးတစ်ခုပါ။ အမေရိကန်နိုင်ငံအနောက်ပိုင်းရဲ့ Nevada ပြည်နယ်တောင်ဘက်ပိုင်းမှာရှိပြီး အနောက်ပိုင်းမြို့တစ်ခုဖြစ်တဲ့ Lag Vegas ကနေ ၈၃ မိုင်အကွာမှာရှိတဲ့ Groom Lake မှာတည်ရှိပါတယ်။ ၁၉၅၀ ပြည့်နှစ်တွေမှာ စတင်ပြီး အမေ၇ိကန်နိုင်ငံရဲ့ U-2 Spy လေယာဉ်ကဲ့သို့သော စစ်လေယာဉ်တွေနဲ့ စစ်လက်နက်တွေကို အသုံးမပြုခင်မှာ စမ်းသပ်စစ်ဆေးဖို့ တည်ဆောက်ခဲ့တယ်လို့သိရပါတယ်။ နောက်ပိုင်းမှာတော့ UFO အကြောင်းတွေကိုလည်း လျို့ဝှက်စွာလေ့လာတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ နျူကလီးယား စမ်းသပ်မူပေါင်း ၉၂၈ ခုထဲက ၇၃၉ ခုလောက်ဟာ အဲဒီ Area51 ရဲ့ အနီးအနားမှာရှိတဲ့ Nevada Test Site (NTS) ဆိုတဲ့ စမ်းသပ်ကွင်းမှာပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ Area51 ရဲ့လျို့ဝှက်တဲ့လေ့လာစမ်းသပ်မူတွေထဲမှာ UFO ကဲ့သို့သော ပန်းကန်ပြားပျံတွေနဲ့ အာကာသကရရှိခဲ့တဲ့ အရာတွေကိုစမ်းသပ်စစ်ဆေးတဲ့ နေရာဖြစ်လာခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်နဲ့ ၁၉၈၀ ပြည့်နှစ်တွေအတွင်းမှာ အဲဒီ Area51 မှာလုပ်ခဲ့ကြတဲ့ လူတွေဟာ
JP7ကဲ့သို့သော Jet လေယာဉ်ဆီတွေကို မြောင်းတွေဖောက်လုပ်ပြီးထုတ်ခဲ့ကြရပါတယ်။ အကာအကွယ်ကိရိယာတွေ ၀တ်ဆင်ပြီးလုပ်ခဲ့ကြတာပါ။ ဒါပေမယ့် အရမ်းအန္တရယ်များတဲ့ အတွက်ကြောင့် တချို့ ကွန်ပြူတာအဟောင်းတွေတောင်မှ လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။ Helen Frost လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့ယောက်ကျားဖြစ်သူ Robert အဲဒီမြောင်းတွေထဲမှာလုပ်ကိုင်ရင်း မီးခိုးငွေ့တွေနဲ့သေဆုံးခဲ့တဲ့အတွက် ၁၉၉၆ ခုနှစ်မှာ တရားဆွဲခဲ့ပေမယ့် တရားသူကြီးတွေက ဒါဟာ အတည်အကျမဟုတ်ဘူး စွပ်စွဲချက်တစ်ခုပဲဆိုပြီး ဖျယ်ချခဲ့ပါတယ်တဲ့။ ပြီးတော့ အဲဒီနေရာတွေဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်မူနဲ့ လွတ်ငြိမ်းတဲ့နေရာတွေဆိုပြီး ပြန်ချေပခဲ့ပါတယ်။ ဒါပေမယ့် တခြားလူမသိလိုက်တဲ့ ဓာတုဗေဒ ဆိုးကျိုးတွေနဲ့ ပျက်စီးမှူတွေလည်း အများကြီးဖြစ်ပွားခဲ့ပါသေးတယ်။
(C4) Area51 မှာအဓိကအားဖြစ်လုပ်ဆောင်နေတာတွေကတော့
၁) ကမ္ဘာမြေပြင်အပြင်ဘက်မှာရှိတဲ့ ဂြိုလ်သားတွေရဲ့ အချက်အလတ်တွေကိုစုစည်းသိုလှောင်ခြင်း၊ New Mexico နိုင်ငံ Roswell မှာဖြစ်ပွားခဲ့တဲ့ UFO မတော်တဆထိခိုက်မူကနေရရှိတဲ့ အရာတွေကိုလေ့လာခြင်း နဲ့ ဂြိုလ်သားတွေရဲ့ အသက်ရှိခြင်း မရှိခြင်းတွေကိုလေ့လာခြင်း၊ ဂြိုလ်သားတွေရဲ့ယာဉ်ပျံတွေကို လေ့လာပြီး အဲဒီပုံစံအတိုင်းနည်းပညာနဲ့တည်ဆောက်ခြင်း။
၂) နိုင်ငံခြားမှလာသော စစ်လက်နက်တွေကိုလေ့လာခြင်း။
၃) ရာသီဥတု ကိုလေ့လာခြင်းမှာတိုးတက်မူပြုလုပ်ခြင်း။
၎) Teleportation ကဲ့သို့သော နည်းပညာတိုးတက်မူအတွက်ဆောင်ရွယ်ခြင်း။ အဲဒါတွေအပြင်တခြား နည်းပညာနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ ဒါပေမယ့် အကြမ်းဖျင်းအားဖြင့်သာ လူတွေသိကြပေမယ့် အသေးစိတ်လုပ်ဆောင်မူတွေကိုတော့ တာဝန်ရှိသူတွေသာ သိရှိကြပါတယ်။ ဒီထဲကလုပ်ဆောင်မူတော်တော်များများ ဟာ ဟာသဆန်ဆန် တွေဖြစ်ကြတယ်လို့လူတွေက ဟာသလုပ်ပြောဆိုလေ့လည်းရှိကြပါတယ်။ ဒါပေမယ့် အဲဒီဟာသဆန်ဆန် ပြောဆိုနေမူတွေကပဲ သူတို့ရဲ့ အဓိကလုပ်ဆောင်ချက်တွေကို လူတွေမသိအောင်ဖုံးကွယ်ပေးထားပါတယ်။ လူတော်တော်များများကလည်း Area51 မှာအလုပ်လုပ်ဖူးကြောင်းဖွင့်ဟပြောဆိုကြပါတယ်။ ဥပမာတစ်ခုအနေနဲ့ ၁၉၈၉ ခုနှစ်မှာ လုပ်ဆောင်ခဲ့တဲ့ရူပဗေဒ ပညာရှင်
Robert Scott Lazar (အများကတော့ Bob Lazar လို့သိကြတဲ့) က သူဟာ အဲဒီ Area51 ရဲ့ ကပ်ရပ်မှာရှိတဲ့ S-4 (Sector 4) မှာအလုပ်လုပ်ခဲ့ပါတယ်တဲ့။ သူ့ပြောပုံအရ အဲဒီ Sector 4 မှာ ထူးဆန်းတဲ့ယာဉ်ပျံတွေ နဲ့ အဲဒီယာဉ်ပျံတွေကိုပြန်လည်အသုံးချနိုင်တဲ့ အင်ဂျီနီယာနည်းပညာနာတွေကိုလေ့လာပါတယ်တဲ့။ သူကိုယ်တိုင်လည်း မတူညီတဲ့ Discs ကိုးခုလောက်ကိုတွေ့ရှိခဲ့ပြီး အဲဒီ အရာတွေရဲ့ တွန်းအားနဲ့ပတ်သတ်တဲ့ အသေးစိတ်လေ့လာမူတွေကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ နောက်ထပ်ထုပ်ဖော်ပြောကြားခဲ့တဲ့ လူတစ်ယောက်ကတော့ ၁၉၉၆ ခုနှစ်ဝန်းကျင်ကထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Bruce Burgess ရိုက်ကူးတဲ့ အချက်အလတ်တွေစုစည်းထားတဲ့ ခွေလေးထဲမှာ အင်တာဗျုးတစ်ခုကိုဖြေဆိုထားတဲ့ အသက် ၇၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဖိုးအိုတစ်ယောက်ရဲ့ပြောကြားချက်ပါ။ သူ့နာမည်ကိုတော့ အတိအကျမသိရပါဘူး။ အဲဒီအဖိုးအိုကတော့ သူဟာ ၁၉၈၈ ခုနှစ် လောက်က Area51 ရဲ့ Flying disc simulator ဖြစ်ခဲ့ပြီး အမေရိကန်နိုင်ငံ လေယာဉ်မှူးတွေကို သင်ကြားပေးရတဲ့ လူတစ်ယောက်လည်းဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၀၄ ခုနှစ်မှာလည်း Dan Burisch ဆိုတဲ့လူတစ်ယောက်ဟာ ဂြိုလ်သားတွေရဲ့ ဗိုင်းရပ်နဲ့ပတ်သက်တဲ့ ပုံတူမျိုးပွားခြင်းတွေကိုလုပ်ဆောင်ခဲ့ဖူးတယ်လို့ဆိုပါတယ်။ ကဲ.. ဒီလောက်ဆိုရင်တော့ Area 51 အကြောင်းကိုသိသွားပြီပေါ့နော်။ နောက်ဆက်ပြီးတော့ UFO နဲ့တကွ အာသာသသိပ္ပံဆိုင်ရာဆန်းကျယ်မှုတွေကို ရိုက်ကူးပြထားတဲ့နာမည်ကြီးရုပ်ရှင်အချို့အကြောင်းကိုဆက်ပြောပေးပါနော်။
Movie Review
(Number1Princess) ဟုတ်ကဲ့။ အာကာသသိပ္ပံဆိုင်ရာရုပ်ရှင်တွေကတော့ အများကြီးပါပဲ။ ဒီအထဲကမှ အထင်ကရဖြစ်တဲ့ရုပ်ရှင်တွေနဲ့ နာမည်ကြီးရုပ်ရှင်အချို့အကြောင်းကို အနည်းငယ်ပြောပြမယ်နော်။ ပထမဆုံးအနေနဲ့ ၁၉၉၆ ခုနှစ်ကပြသခဲ့တဲ့ Independence Day ဇာတ်ကားအကြောင်းအရင်ပြောပြပါမယ်။ ဒီဇာတ်ကားမှာ Will Smith ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တစ်ကမ္ဘာလုံးရဲ့ ဆက်သွယ်မှုကွန်ယက်တွေဟာ ရုတ်တရက်ထူးဆန်းတဲ့လေထုလှိုင်းတစ်မျိုးကြောင့် ရှုပ်ထွေးသွားရပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာအနီးကိုထူးဆန်းတဲ့အရာဝတ္တုတွေလည်း ချဉ်းကပ်လာပါတယ်။ နောက်ပိုင်းသေချာလေ့လာကြည့်တဲ့အခါ အဲဒီအရာဝတ္တုတွေဟာ အာကာသယဉ်ပျံတွေဖြစ်ပြီးတော့ တစ်ခြားကမ္ဘာကဂြိုလ်သားတွေဟာ ကမ္ဘာကိုသိမ်းပိုက်ဖို့အတွက် ရောက်ရှိလာတာဖြစ်ကြောင်းသိသွားပါတယ်။ အဲဒီအန္တရာယ်ဆိုးကြီးကို ဘယ်လိုဖြေရှင်းသွားကြတယ်ဆိုတာကိုတော့ Independence Day ကို ကြည့်ကြည့်နော်။ ဒီကားဟာ Oscar ဆုရရှိသွားတဲ့အပြင်ကို အခြားဆုပေါင်း ၂၆ ခုလည်း ရရှိခဲ့ပါတယ်။ ကြည့်သင့်တဲ့သိပ္ပံဆန်းကြယ်ကားပါ။ နောက်ထပ်တစ်ကားကတော့ Resident Evil မင်းသမီး Milla Jovovich ပါဝင်သရုပ်ဆောင်ထားတဲ့ The Fourth Kind ဆိုတဲ့ဇာတ်ကားပါ။ ဒီကားကတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီလိုပါ။ ၁၉၇၂ ခုနှစ်တုန်းက UFO တွေကိုစတင်ပြီး မြင်တွေ့ခဲ့ကြပါတယ်။ ဒါကို The First Kind လို့သတ်မှတ်ခဲ့ကြပါတယ်။ ဒီလို UFO တွေတစ်ကယ်ရှိတယ်ဆိုတာကို သက်သေပြနိုင်တဲ့အထောက်အထားတွေကိုတော့ The Second Kind လို့သတ်မှတ်ပြီး UFO ထဲကသက်ရှိတွေနဲ့ အဆက်အသွယ်ရတာကိုတော့ The Third Kind လို့သတ်မှတ်ပါတယ်။ The Fourth Kind ကတော့ UFO ထဲကသက်ရှိတွေဟာ ကမ္ဘာပေါ်ကလူသားတွေကို ကပ်ညှိပြီးတော့ပူးကပ်တဲ့သဘောပါ။ Alaska ပြည်နယ်မှာ နှစ်စဉ်လူတွေဟာ ပျောက်ခြင်းမလှပျောက်နေကြပါတယ်။ FBI ကစုံစမ်းစစ်ဆေးနေတာတောင်မှ မဖြေရှင်းနိုင်ကြပါဘူး။ ပျောက်ဆုံးသွားကြတဲ့ လူတွေအားလုံးဟာ အဖြူရောင်ဇီးကွက်တစ်ကောင်ကို မြင်တွေ့ကြရပြီးတော့စိတ်ကစဥ့်ကလျားဖြစ်ပြီးတော့မှသာ ပျောက်ဆုံးသွားကြရတာပါ။ ဒါကို Psychologist တစ်ယောက်ဖြစ်တဲ့ Abigail Emily Tyler က သူရဲ့လူနာနှစ်ယောက်ကို လေ့လာရာကနေ သူကိုယ်တိုင်ကြုံတွေ့လာရပါတယ်။ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ The Fourth Kind ရုပ်ရှင်ကိုကြည့်ကြည့်ပေါ့နော်။ နောက်ဆုံးဇာတ်ကားကတော့ ၁၉၈၂ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အရမ်းနာမည်ကြီးတဲ့ E.T:The Extra-Terrestrial ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ လူတော်တော်များများသိကြမှာပါ။ ကမ္ဘာပေါ်ကိုအမှတ်မထင်ရောက်ရှိလာတဲ့ ဂြိုလ်သား E.T လေးကို ကလေးတစ်အုပ်စုက သူ့ဂြိုလ်ပေါ်ကိုပြန်နိုင်ဖို့အတွက် ကူညီပေးကြတာလေးပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေးပါ။ ဒီလောက်ဆိုရင်တော့ Movie Review လေးကို ကျေနပ်တော့နော်။
ကဲ.. အခုလောက်ဆိုရင်.. ဒီတစ်ပတ် Knowledge101 အစီအစဉ်လေးအတွက် လုံလုံလောက်လောက် မျှဝေပေးသွားပြီးပြီလို့ ထင်ပါတယ်ရှင်။ ပရိသတ်ကြီးအားလုံးလည်း ကျွန်မတို့နဲ့ထပ်တူ ခံစားမိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အမှားအယွင်းလေးတွေရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်အပတ်တွေမှာလည်း ဘယ်သူတွေအကြောင်းကို ဘယ်လိုဆန်းသစ် တင်ဆက်ပေးသွားမယ်ဆိုတာကို စောင့်မျှော်အားပေးကြပါဦးနော်။ ကျွန်မတို့ DJ မောင်နှမသုံးယောက်ကပဲ MYMC ဝိုင်းတော်သားတွေအားလုံးရဲ့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
အသံနဲ့နားထောင်ချင်တယ်ဆိုရင်တော့...
Presenters | C4, DollFace & Number1Princess
Audio | Amedeo
Written and Translated | C4, Amedeo, Chan^Lay


