Helping Hands နဲ့ MYMC

 

လူငယ်များမှ လူငယ်များအတွက်ဆိုပြီး တည်ထောင်ထားတဲ့ Myanmar Youth Media Club က ပညာရေးလုပ်ငန်းတွေ၊ အနုပညာလုပ်ငန်းတွေနဲ့ ပရဟိတလုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် နိုင်ငံတကာက စိတ်ပါဝင်စားတဲ့ လူငယ်တွေကို ကျွန်တော်တို့စုစည်းခဲ့ပါတယ်။ ရန်ကုန်ကအဖွဲ့ကိုတော့ YGN MOB လို့ နာမည်ပေးထားပြီးတော့ ပရဟိတလုပ်ငန်းတွေကို ၂၀၁၀ September မှာ စလုပ်ခဲ့ပါတယ်။  Helping Hands က ပထမခြေလှမ်းအနေနဲ့ ရန်ကုန်မြို့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ Donation လေးတစ်ခုကို ကျင်းပပြုလုပ်ပေးခဲ့ပြီး ဒုတိယခြေလှမ်းအနေနဲ့တော့ မျက်မမြင်ကျောင်းက ကလေးတွေကိုပဲ ပြင်ပဗဟုသုတရစေဖို့ outing လေးတစ်ခု စီစဉ်ပေးခဲ့ပါတယ်။


Helping Hands အနေနဲ့ ဒီလိုမျိုးပရဟိတ လုပ်ငန်းတွေကို လုပ်တဲ့အခါမှာ MYMC Fans တော်တော်များများက ငွေအားနဲ့ဖြစ်စေ၊ လူအားနဲ့ဖြစ်စေ ပါဝင်ကူညီချင်ကြတယ်လို့ ကျွန်တော့်ကို email ပို့တာတွေရှိပါတယ်။ အဲဒါကြောင့် Helping Hands ကို စိတ်ပါဝင်စားကြသူတွေ မေးမြန်းစုံစမ်းလို့ရအောင် Information အပြည့်အစုံကို ပြောပြပေးချင်လို့ပါ။

 

Helping Hands 3

 

စုံစမ်းမေးမြန်းလိုပါက - Charm [ This e-mail address is being protected from spambots. You need JavaScript enabled to view it ] | သုည [ This e-mail address is being protected from spambots. You need JavaScript enabled to view it ] | Nandar [ This e-mail address is being protected from spambots. You need JavaScript enabled to view it ] | Grace [ This e-mail address is being protected from spambots. You need JavaScript enabled to view it ] |                  Psyche [ This e-mail address is being protected from spambots. You need JavaScript enabled to view it ]

MYMC YGN MOB Facebook

MYMC Helping Hands/YGN MOB Members Only Facebook Gruop - Facebook Group ကတော့ MYMC Helping Hands ဆိုပြီး search လုပ်လိုက်လို့ရပါတယ်။ MYMC MOB နဲ့သက်ဆိုင်တဲ့ Member တွေ Helping Hands နဲ့ ပတ်သက်တာတွေ ပြောကြဆိုကြ Communicate လုပ်တဲ့ နေရာလေးပါ။


ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ကူညီချင်ရင်ပဲဖြစ်ဖြစ်၊ connection အခက်အခဲကြောင့် YGN MOB မှာ အဖွဲ့ဝင်ဖို့ လျှောက်လွှာမတင်ဖြစ်ရင်ပဲဖြစ်ဖြစ် အပေါ်မှာ ဖော်ပြပေးထားတဲ့သူတွေကို ဆက်သွယ်ပြီးတော့ မေးမြန်းစုံစမ်း အဖွဲ့ဝင်နိုင်ပါတယ်။ MYMC MOB ရဲ့ လုပ်ဆောင်ချက်တွေနဲ့ information ကို သိချင်တယ်ဆိုရင်တော့ Facebook Page မှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။


Recent Activity - Helping Hands 1 [September/2010] | Helping Hands 2 [January/2011]

Apply Online - MYMC Mob