User Rating: / 0
PoorBest 

MYMC Special Valentine 2011

E-mail Print PDF

 

Special Valentine

 

MYMC အတွက် ၂၀၁၁ Valentine အစီအစဉ်ကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားပါပြီ။ ဒီထဲမှာ ပါဝင်ခဲ့တဲ့သူတွေ အကုန်လုံးလဲ တော်တော်ပင်ပန်းခဲ့ကြပါတယ်။ ဒါပေမဲ့ နှစ်ကြိမ်တိုင်တိုင် Radio Server ပြည့်တဲ့အထိ အားပေးခဲ့ကြတဲ့ ပရိတ်သတ်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီ Program ကိုလည်း အားလုံး ပြန်ခံစားလို့ရအောင် Site မှာ တင်ပေးလိုက်ပါပြီ။ ပါဝင်ခဲ့သူတွေ ပင်ပန်းရကြိုးနပ်အောင် အောက်မှာ ဒီ Program နဲ့ ပတ်သက်ပြီး Comment လေးတွေ ထားခဲ့ပေးပါ။ ပေးမယ့် Comment တစ်ခုဟာ MYMC နောက်ထပ် Program တွေထပ်လုပ်နိုင်ဖို့၊ Radio ကို ဒီထက်ပိုကောင်းအောင် ချဲ့နိုင်ဖို့ အားဆေးတစ်ခွက်ပါပဲ။


အစတုန်းက Weekend မှ အေးအေးဆေးဆေး တင်မယ်လို့ တွက်ထားတာ မြန်မြန်တင်ပေးပါဆိုတဲ့ Request တွေ များတဲ့အတွက် အခု Site မှာ upload လုပ်ရင်း တစ်ခါတည်း တင်ပေးလိုက်ပါတယ်။ ဒီနှစ်မှာ မနှစ်ကထက် Cast ပိုများတာကြောင့် နည်းနည်းပိုပြီး အစီအစဉ်လေးက မြိုင်သွားပါတယ်။ မနှစ်ကလိုပဲ နှစ်ချိန်လွှင့်တာ နှစ်ချိန်လုံး Radio Server အပြည့် အားပေးခဲ့တဲ့အတွက် MYMC ပရိတ်သတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီနှစ်အတွက် Valentine Program ကို အစအဆုံး တောက်လျှောက် မအားတဲ့ကြားက တာဝန်ယူပြီး ခေါင်းဆောင်လုပ်ပေးသွားတဲ့ ^AnGel^ , Gtalk မှာ ပေါ်လိုက် ပျောက်လိုက်နဲ့ ဖမ်းရခက်ပေမဲ့ Programမှာ တက်တက်ကြွကြွနဲ့ ကူညီပေးခဲ့တဲ့ MYMC အမာခံ Lollipop, ဒီနှစ်မှ စပြီးပါလာပေမယ့် စကားပြောကောင်းကောင်းနဲ့ ပရိတ်သတ်ကိုဖမ်းစား နိုင်ခဲ့တဲ့ DJ - @V, ရယ်စရာတွေ ကြားမှာ ညှပ်ညှပ်ပြီး နားထောင်တဲ့သူတွေ မပျင်းအောင် အပျံစား Announce တွေနဲ့ DJ ကြီး Guitar_O, MYMC ရဲ့ ပင်တိုင်စာရေးဆရာမ ဖြစ်သလို DJ အဟောင်းဆိုလည်း မမှားတဲ့ Jily, သီချင်းတွေကို ဖျတ်ဖျတ်လတ်လတ် အသံနဲ့အများဆုံး တင်ဆက်ပေးခဲ့တဲ့ DJ - MoeLay, Program အတွက် Active ဖြစ်ဖြစ်နဲ့ ပထမဆုံး အသံသွင်းပြီးခဲ့တဲ့ DJ - Illusion, Mood မ၀င်လို့ အထပ်ထပ်အခါခါ မ၀င်မချင်း စိတ်ရှည်ရှည်နဲ့ အသံသွင်းပေးခဲ့တဲ့ DJ - Nunki, MYMC ကိုနောက်ဆုံးမှ ရောက်လာပေမဲ့ အမြဲတမ်း Announce ချိုချိုလေးနဲ့ အခု Program မှာ ပါဝင်ခဲ့တဲ့ DJ - M@rie, ဆက်လက်ပြီး Jily ရဲ့ စိတ္တဇ Valentine ၀တ္တုမှာ အဓိက ဇာတ်ကောင်နေရာက နားထောင်သူတွေ တကယ်ခြောက်ခြားအောင် သရုပ်ဆောင်ပေးခဲ့တဲ့ DJ - CraziBoi, ရွှေရုပ်လွှာနေရာကနေ အဓိကဇာတ်ကောင်ကို ပံ့ပိုးပေးပြီး အသံဝဲ၀ဲနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ DJ - KywayYoteLay, ဧည့်သည်သရုပ်ဆောင်နေရာမှာ ပါဝင်ပေးခဲ့ကြတဲ့ DJ - YooYar, DJ - Bene, Sandi , Form တင်ပြီး ဒီအစဉ်အတွက် ပါဝင်ခဲ့ကြတဲ့ MYMC ပရိတ်သတ်များ၊ Form တင်ပြီး မပြည့်စုံလို့ မပါဝင်လိုက်ရတဲ့ MYMC ပရိတ်သတ်များ၊ ရှည်လျားလှတဲ့ Program ကို နားညည်းခံပြီး နားထောင်ပေးခဲ့တဲ့ MYMC Listener များအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ အမြဲတမ်း Program တွေ မလုပ်နိုင်ပေမဲ့ တစ်ခါတစ်လေ ထထဖောက်ပြီး လုပ်တဲ့ Program တွေကို အခုလို အရမ်းအားပေးခဲ့ကြတဲ့အတွက် ၀မ်းသာပါတယ်။ ဆက်လက်ပြီး နောက်လုပ်မယ့် အစီအစဉ်တွေမှာ အခုလို ပါဝင်ကြပါလို့ နောက်ဆုံးအနေနဲ့ ပြောပါရစေ။ ဒီအစီအစဉ်လေးကို အမှတ်တရအနေနဲ့ Download လုပ်ထားချင်တဲ့ သူတွေအတွက်လည်း download link တွေလည်း အောက်မှာပေးထားပါတယ်။

 

Download

Valentine လက်ဆောင် [Part 1] | [Part 2] | [Part 3] | [Part 4] | [Part 5] | [Part 6] | [Part 7] | [Part 8] | [Part 9] | [Part 10]


Player ShortcutsPlayer ပေါ်က pauseplay ခလုတ်ကိုအရင် click လုပ်ပေးပါ။