
ဒါလေးတင်ဖို့ ရည်ရွယ်ထား တာတော့ ကြာပါပြီ။ သေချာ မလုပ်ဖြစ်တာနဲ့ အခုမှတင်လိုက် ရတာပါ။ အခု၂နှစ်ပြည့်ပြီး နောက်ပိုင်းမှာ MYMC အနေနဲ့ အားနည်း နေသေးတဲ့ Radio ဘက်ကို အရှိန်တိုးမြှင့်ပြီး ချဲ့သွားတော့မှာပါ။ ပိုပြီး ဒီထက်ကောင်းအောင် လုပ်နိုင်ဖို့အတွက် MYMC Radio Listener တွေရဲ့ အကူအညီနည်းနည်း တောင်းချင်ပါတယ်။ MYMC ကိုနားထောင်ဖြစ်တယ် ကြိုက်နှစ်သက်တယ်ဆိုရင် ဒီစာပိုဒ်ရဲ့အောက်က Poll မှာ အကြိုက်ဆုံး DJ ဘယ်သူလဲဆိုတာ တစ်ချက်ရွေးချယ်ပေးပြီး ဘာလို့ကြိုက်တာလဲ၊ ဘာအားနည်းချက်တွေကို ပြင်စေချင်လဲ စသဖြင့် မှတ်ချက်လေးတွေ ထားပေးစေလိုပါတယ်။ မှတ်ချက်တွေထားတဲ့ နေရာမှာ ရိုင်းပြစွာ ပြောတာကလွဲလို့ ကျန်တာကို လွတ်လွတ်လပ်လပ် ဝေဖန်ပိုင်ခွင့် ရှိပါတယ်။ အောက်မှာ ပါရှိတဲ့ DJ တွေက MYMC မှာလတ်တလော အဖွင့်များတဲ့ DJ တွေ၊ အကြောင်းကြောင်းကြောင့် ခွင့်ရက်ရှည် ယူထားတဲ့ DJ တွေကိုပဲ ဖော်ပြပေးထားပါတယ်။ အခုလို အချိန်ယူပြီး MYMC Radio တိုးတက်ဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သတိပြုရန်အနေနဲ့ ပရိတ်သတ်တစ်ယောက်က DJ တစ်ယောက်ကို တစ်ကြိမ်ပဲ Vote လုပ်ခွင့်ရှိပါတယ်။ အောက်က Poll မှာ DJ တွေရဲ့ Nick | သူတို့လက်ရှိ ရောက်နေတဲ့ နိုင်ငံ | Radio မှာ အဖွင့်အများဆုံး Style [ General အနေနဲ့ အစုံဖွင့်တာကို ရည်ညွှန်းတာဖြစ်ပါတယ်။ ] ဒီ List ထဲမှာ နောက်ဆုံးလက်ခံထားတဲ့ DJ တွေ၊ စပြီးမ Stream ရသေးတဲ့ DJ တွေမပါပါဘူး။
ကဲ May အတွက် MYMC မှာ အကြိုက်ဆုံး DJ ဘယ်သူလဲ ရွေးလိုက်ကြရအောင်လား။ [Please Note this list doesn't include inactive/pending DJs]
Favorite DJ [May]
Total votes: 81
| < Prev | Next > |
|---|


