
၂၄ ရက် ဖေဖော်ဝါရီ ၂၀၁၁ ဆိုရင် Myanmar Youth Media Club ကို တည်ထောင်ခဲ့တာ ၂ နှစ်တိတိ ပြည့်သွားပါပြီ။ အစတုန်းကတော့ ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ Radio မှာ တစ်ခုခုလုပ်မလို့ စိတ်ကူးထားပါသေးတယ်။ ဒါပေမယ့် DJ တွေ မအားတာရယ်၊ တခြား Program တွေမှာ အချိန်ကုန်သွားတာရယ်ကြောင့် Site မှာတော့ ဘာမှမလုပ်ဖြစ်လိုက်ပါဘူး။ ဒါပေမယ့် Radio Server ကိုတော့ မြှင့်လိုက်ပါတယ်။ Server အသစ်ကိုလည်း ၂၄ ရက်နေ့မှာ စပြီးတော့ run မှာပါ။ MYMC ရဲ့ ရန်ကုန်အဖွဲ့ဖြစ်တဲ့ Helping Hands ကတော့ ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ၂၇ ရက်နေ့ကျရင် ပရဟိတလုပ်ငန်းတစ်ခု လုပ်ဖို့စီစဉ်ထားကြပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက Mahuyar နဲ့ psycho_killer တို့နှစ်ယောက်ပေါင်းပြီးတော့ လူငယ်များမှ လူငယ်များအတွက်ဆိုတဲ့ MYMC ကို စတင်တည်ထောင်ခဲ့ကြပါတယ်။ ဒီ ၂ နှစ်ဆိုတဲ့ အချိန်အတွင်းမှာ အခက်အခဲတွေ တွေ့ခဲ့ရပြီး အတွေ့အကြုံတွေ အများကြီးရခဲ့သလို အောင်မြင်မှုတွေလည်း အများကြီးရခဲ့ပါတယ်။ mymcnews ဆိုပြီးတော့ သတင်းဆိုဒ်တစ်ခုကိုလည်း ပြုလုပ်ခဲ့ပေမယ့်လည်း အကြောင်း အမျိုးမျိုးကြောင့် ဆက်မလုပ်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း mymcnews အစား MYMHot ဆိုပြီးတော့ အခု Hot ဖြစ်နေတဲ့ သတင်းတွေကို ကိုယ်တိုင်ဘာသာပြန်ပြီးတော့ တင်ဆက်ပေးခဲ့ပါတယ်။ MYMC ရဲ့ မူလရည်ရွယ်ချက်အတိုင်း Media ပိုင်းအပြင် Knowledge ပိုင်းကိုပါ ရည်ရွယ်ပြီးလုပ်ထားတဲ့ Knowledge 101 ကလည်း လူကြိုက်များခဲ့ပါတယ်။ ဒါ့အပြင် MYMC ရဲ့ မောင်နှမတစ်ချို့ရေးတဲ့ ၀တ္တုတိုတွေ ကလည်း ပရိသတ်ရဲ့ အားပေးမှုကိုရခဲ့ပါတယ်။ အချိန်မပေးနိုင်တာကြောင့် Program တွေကို မကြာမကြာ မတင်ဆက်ပေးနိုင်ပေမယ့် Song of Today နဲ့ Movie of the Week ကိုလည်း တတ်နိုင်တဲ့ဘက်က လုပ်ခဲ့ပါသေးတယ်။ ရန်ကုန်မှာ Helping Hands (MYMC MOB) အဖွဲ့ကို ဖွဲ့ပြီးတော့လည်း ပရဟိတလုပ်ငန်းတွေ၊ Outing တွေ လုပ်ခဲ့ပါတယ်။
သက်တမ်းနုပေမယ့်လည်း အောင်မြင်တဲ့အခြေအနေတစ်ခု ရောက်တဲ့အထိ အားပေးခဲ့ကြတဲ့ MYMC ပရိသတ်များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ Interview လေးတစ်ခုနှစ်ခု၊ Playlist လေး နည်းနည်းကနေ အခုလိုမျိုး Article တွေ စုံစုံလင်လင်၊ Playlist တွေ၊ Interviews တွေအများကြီးနဲ့ လူကြိုက်များပြီးအောင်မြင်တဲ့ Site တစ်ခုဖြစ်လာဖို့အတွက် အချိန်တွေပေးပြီး ကြိုးစားခဲ့ရတာပါ။ ဒီထက်ပိုပြီးတော့ MYMC ပရိသတ်တွေအတွက် Media, Knowledge နဲ့ Education ဘက်ကိုပါ စုံစုံလင်လင် တင်ဆက်ပေးနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာပါ။ ဒီ ၂ နှစ်ပြည့်တဲ့နေ့ကနေစပြီးတော့ ကို Mahuyar, ကို psycho_killer တို့နဲ့အတူ ^AnGeL^ ကပါ admin ပိုင်းကို တာဝန်ယူပြီး လုပ်ပေးသွားမှာပါ။ MYMC ကို ချစ်တဲ့ ပရိသတ်တွေအနေနဲ့ ဒီထက်ပိုပြီး အသစ်အသစ်တွေ တင်ဆက်ပေးဦးမယ့် MYMC ကို အကြံဥာဏ်တွေပေးပြီးတော့ ဆက်လက်အားပေးသွားစေလိုပါတယ်။
MYMC 2 နှစ်ပြည့်အမှတ်တရ အနေနဲ့ လုပ်ထားတဲ့ Listen to MYMC ဆိုတဲ့ သီချင်းကို အောက်မှာ ခံစားနားဆင်ပြီး Download ရယူနိုင်ပါတယ်။

သီချင်းကို Download လုပ်ရန် | Mediafire [Listen to MYMC MP3 + Lyric Sheet + RingTone]
MYMC မောင်နှမအားလုံးရဲ့ ကိုယ်စား
^AnGeL^
| < Prev | Next > |
|---|


