User Rating: / 0
PoorBest 

We Rock With Skype

E-mail Print PDF


တစ်ခါတစ်လေ သီချင်းတောင်းတဲ့အခါမှာ ကိုယ့်စိတ်ထဲက ပြော ချင်နေတာနဲ့ DJ ကပြောပေးတာနဲ့မတူခဲ့လို့ရှိရင်၊ ဒါမှမဟုတ် ရင်လည်း ကိုယ့်နာမည်ကော ကိုယ်တောင်းပေးတဲ့သူ နာမည် ကော မှားသွားလို့စိတ်နှောင့်အယှက်ဖြစ်ခဲ့ရတာမျိုးတွေရှိလား။ တစ်ခါတစ်လေ ကိုယ့်ရင်ထဲမှာ ရှိတာတွေကို သီချင်းတောင်းရင်းနဲ့ ကိုယ်တိုင် ၀င်ပြောလိုက်ချင်တယ် ဆိုတာမျိုးလေးတွေ မခံစားခဲ့ရဘူးလား။ MYMC ရဲ့ အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာ (Sound Engineer) DJ - O Willy ရဲ့ ဖန်တီးမှုနဲ့ အခုဆိုရင် MYMC ရဲ့ DJ တွေက Skype ကို အသုံးပြုပြီး Direct သီချင်းတောင်းဆိုမှုတွေကို လက်ခံနေပါပြီ။ မြန်မာပြည်အနေနဲ့ အဆင်မပြေဘူးဆိုပေမယ့် တစ်ခြားနိုင်ငံက မြန်မာလူငယ်တွေ အတွက် Skype ကို အသုံးပြုပြီး သီချင်းတောင်းရင်းနဲ့ ကိုယ့်ရင်ထဲက ခံစားချက်တွေကို Radio က တဆင့် ထုတ်ဖော်နိုင်ပြီပေါ့။ ဒါတင်မဟုတ် ပဲ လူငယ်ရေးရာ စကားဝိုင်း၊ အောင်မြင်သူတို့ရဲ့စကား၊ အနုပညာရှင်တွေ အင်တာဗျူး၊ Stars Online လိုမျိုး Direct အနုပညာရှင်တွေနဲ့ စကားပြောနိုင်အောင် MYMC က တစ်ကယ့် Live အနေနဲ့ စီစဉ်ပေးသွားမှာပါ။ လန်းတယ်ဟုတ်? ကဲ Skype မရှိသေးတဲ့ MYMC ပရိတ်သတ်တွေ Skype ကို Download ဆွဲ၊ Install လုပ်ပြီး၊ Acct ဖွင့်ပြီးတော့ mymc.onlineradio ကို add ထားရုံပါပဲ။ Direct သီချင်းတောင်းဆိုနိုင်တဲ့ အချိန်တွေကတော့ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့ ညနေပိုင်း ၇ နာရီမှ ၁၀ နာရီ (Singapore စံတော်ချိန်) ဖြစ်ပါတယ်။ ကဲ.. MYMC ရဲ့ We Rock With Skype အစီအစဉ်နဲ့အတူ တစ်ယောက်သောသူကို ကိုယ်ကိုယ်တိုင် သီချင်းတောင်းပေး လိုက်ရအောင်နော်။

 

Download Skype for Windows

dl


Download Skype for Mac

dl


Download Skype for Linux

dl