User Rating: / 0
PoorBest 

စပ်မိစပ်ရာ တိုလီမုတ်စ

E-mail Print PDF

 

တိုလီမုတ်စ
ကို Chilly Chan ရဲ့ ဒီတစ်ခါစပ်မိစပ်ရာ တိုလီမုတ်စ မှတ်စု လေးကို MYMC ပရိတ်သတ်တွေ ဖတ်လို့ရအောင် ပုံတွေပါ ရှာထည့်ပြီး ပြန်ပြီး Share ပေးလိုက်ပါတယ်။


Bus ကားစီးတဲ့ သူတွေကြားနေကြ ဖြစ်မှာပေါ့။

“ကျွန်တော်တို့က ဒီအပေါက်လေးတစ်ခုတည်းနဲ့ လုပ်စားရတာပါ၊ ဒီအပေါက်လေးကိုမပိတ်ကြပါနဲ့” တို့။
“တက်ကြပါ၊ တက်ကြပါ၊ အထဲမှာအချောင်ကြီးပဲ ဘောလုံးတောင်ကန်လို့ရတယ်” တို့။
ဒါပေမယ့် ခင်ဗျားတို့ Bus ကားစီးရင်းနဲ့ တန်ဖိုးဖြတ်ခံနေရတာကိုရော သတိထားမိကြလား။

တစ်နေ့ ကျွန်တော် Bus ကားစီးရင်းအကြွေမရှိလို့ ၁၀၀၀ တန်ပေးလိုက်တော့ စပယ်ယာက “ပြန်အမ်းစရာမရှိလို့ ခဏစောင့်နော်အစ်ကို”တဲ့။ တစ်အောင့်လဲကြာရော လူကြားသူကြားထဲမှာ လှမ်းအော်တယ်၊ “ဟို ၁၀၀၀ တန်အစ်ကို၊ Busရော့ဒီမှာအကြွေ”တဲ့၊ မှတ်ကရော။ တိုက်တိုက်ဆိုင်ဆိုင် တစ်နေ့ကတောင် “Worth one’s weight in gold” ဆိုတဲ့စကားလေးတွေ့လို့ ငါဆိုရင်ရော ဘယ်လောက်များ တန်မလဲမသိလို့ တွေးနေတာ။ အခု ၁၀၀၀ ပဲတန်တယ်ဆိုတော့တရားလွန်သွားပြီ။ အဲဒါနဲ့ ကျွန်တော်လဲ ပြန်အော်ပစ်လိုက်တယ် (စိတ်ထဲကနေပြောပါတယ်) ခင်ဗျား ကျွန်တော့်တန်ဖိုးအမှန် သိချင်ရင် Scott ဈေးနားလာကြည့်၊ ခွေးသေးပန်း ရင်မှာထိုးလို့ ဖြူဖြူဝဝ အမျိုးသားဝန်ဆောင်သူလေးဆို ကျွန်တော်ပဲ၊ အဲဒီမှာမှ ၁၀၀၀ မကတန်တယ်ဆိုတာ ခင်ဗျားမြင်ရမယ်လို့။

ဒါနဲ့ အခုဒီစာ ဖတ်နေတဲ့လူဟာ စပယ်ယာပါဆိုရင်တော့ အကြံဥာဏ် လေးပေးလိုက်မယ်။ နောက်ခါအကြွေအမ်းလို့အော်ရင် “ဟိုမီလျန်နာအစ်ကို”တို့၊ “ဟိုကြေးကြီးတဲ့ အစ်မ”တို့ “ဟိုအဖိုးမဖြတ်နိုင်တဲ့ ညီမလေး”တို့လို့ ခေါ်ပြီး အမ်းဗျာ။ Serviceကောင်းတယ်ဆိုပြီး Tipတောင်ရနိုင်သေးတယ်။ အဖွားကြီးဆိုရင်တော့ “ဟိုအဖိုးမဖြတ်နိုင်တဲ့အဖွား” လို့သွားမနောက်နဲ့နော်၊ အရိုက်ခံရနိုင်တယ်။ ခုခေတ်အဖိုးကြီးတွေကKTVက ကောင်မလေး ငယ်ငယ်ချောချောလေးတွေပဲ စိတ်ဝင်စားတာကလား။ အဖွားကြီး တွေကတော့တရားပွဲတွေသွား၊ ဘုန်းကြီးချောချောတွေငမ်းပေါ့လေ။ တကယ်ဗျ၊နောက်တာမဟုတ်ဘူး။ အိမ်နားကအဖွားကြီးတွေ တရားပွဲက ပြန်လာတိုင်း ဘယ်ဘုန်းကြီးရဲ့ ဥပဓိရုပ်ကဘယ်လိုကောင်းတာ၊ တရားဟောတဲ့ အသံလေးကဘယ်လို အစရှိသဖြင့် ချီးကျူးနေလိုက်ကြတာ တရားရမရတော့မသိဘူး၊ ရုပ်ကသိုင်းရှုတဲ့ပညာရပ်မှာတော့ တော်တော်ပေါက်မြောက်နေကြပြီ။

Porkပြီးတော့လူစင်စစ်ကနေ တိရိစ္ဆာန်ဘဝ ပြောင်းတာလဲ ကြုံရသေးတယ်ဗျ။ တစ်နေ့ဗိုက်ဆာလို့ ထမင်းကြော်သွားစားတော့ ဝက်သားနဲ့မှာလိုက်တယ်။ ခဏနေတော့ စားပွဲထိုးလေးက ထမင်းကြော် နှစ်ပန်းကန်ကိုင်ပြီးရောက်လာတယ်။ ပြီးတော့ ကျွန်တော့ကိုလှမ်းကြည့်ပြီး ရုပ်တည်နဲ့ “အစ်ကိုက ဝက်နော်”တဲ့။ကျွန်တော်ဝတယ် ဆိုတာလက်ခံတယ်ဗျာ။ ဒါပေမယ့် လူကိုဒီလိုပေါ်တင်ကြီး ချဲတာ တော့လုံးဝသည်းမခံနိုင်ဘူး။ အဲဒါနဲ့စိတ်နာနာနဲ့ လိုက်ပွဲတွေစားပြီး ပြန်ခဲ့တယ်။ ကျွန်တော့် နေရာမှာ ကောင်မလေးဖြစ်ပြီးသူမှာတာကကြက်သားနဲ့ဆိုရင်ရော “အစ်မကကြက်နော်” ဆိုပြီး မေးအုံးမယ့်ပုံပဲ။

ဟိုတစ်နေ့ကတော့ Excellent မှာ PS2 Game ခွေသွားဝယ်တယ်ဗျာ။ ၅ ခွေတောင်ဝယ်ခဲ့တာ အိမ်ရောက်လို့ ပျော်ရွှင်စွာကစားမယ်လဲလုပ်ရော ၄ ခွေက Cover တစ်ခြား၊ Game တစ်ခြားပဲ။ တကတဲဗျာ၊ ကိုယ်ရောင်းတဲ့ Game ခွေ ကိုယ်အလုံးမှန်းမသိ၊ အပြားမှန်းမသိ။ ခင်ဗျားတို့လဲသတိထားနော်၊ ဆိုင်မှာရောင်းတာ ကောင်မလေးတွေ ဆိုပြီး သွားမငမ်းနဲ့အုံး။ တော်ကြာ Cover လှန်ကြည့်မှ လုံးရာကပြား ဖုံးကညာတစ်ပါးတွေ ဖြစ်နေအုံးမယ်။ တစ်ကယ်လို့ ခင်ဗျားဟာ Excellentက ဝန်ထမ်း ကောင်မလေးပါဆိုရင်တော့ ကိုယ့် Cover ကိုယ်လှန်ကြည့်ပြီး သေချာအောင်လုပ်ထားပါဗျာ။ Customer တွေအချိန်လွန်မှ ဒေါသမထွက်ရတော့ဘူးပေါ့။ ဘာတွေတွေးနေပြန်ပြီလဲ၊ ကျွန်တော်ပြောတာ Game ခွေ Cover ကိုပြောတာပါဗျ။

တစ်နေ့ကတော့ Facebook သုံးနေရင်း Post တစ်ခု တွေ့လိုက်တယ်။Coffee
"Huving fun wif friends – at Coffee Circles" တဲ့။
Facebook ကနေ Check In လုပ်နေတာ၊ လုပ်နေတာ။ နှုတ်ခမ်းလဲ ပဲ့နေပုံရပါတယ် “wif” တဲ့။ ပြီးတော့ သူ့မှာ ဒီလိုဆိုင်မျိုး မထိုင်ဖူးဘူးထင်တယ်။ တကူးတက Post လုပ်နေရှာတယ်။ လာသမျှလူ နေ့ခင်းကြောင်တောင် ဓါးပြတိုက်နေတဲ့ ဆိုင်ကိုများ အဟုတ်မှတ်လို့။

တွေးလို့မဆုံးသေးဘူး ထပ်တက်လာတယ်။

"Playing flute & harmonica with moi Ko Ko – at Traders" တဲ့။
အော်အော်အော် ဂလိုကိုး။ “moi Ko Ko” ဆိုပဲ၊ နှုတ်ခမ်းမှာ ဘာတွေပေနေလဲတော့ မသိဘူး၊ စကားတောင်မပီရှာတော့ဘူး။ ကြည့်ရတာ ဒါက အတွဲအချင်းချင်း ကြွားတာထင်တယ်။ Hotel တောင်မှ အများထက်သာတဲ့ Traders သွားပြီး တူရိယာမှုတ်နိုင်ကြောင်း အရူးကတစ်မူးသာ Post တင်နေတာ၊ တင်နေတာ။

Tradersfacebook


ဒါနဲ့ ကျွန်တော်လဲအားကျမခံ အပြေးအလွှားသွား၊ Wi-Fi on ပြီး ကပ္ပလီစတိုင် Post လုပ်လိုက်တယ်ဗျာ။

"Ain’t nobody's business but I be doin' my thang with my lil’ homie yo! – at da Toilet"

Toilet

Written By | Chilly Chan

Design By | Mahuyar

ကို Chilly Chan ရဲ့ Facebook ပေါ်က Photo ရိုက်နည်းဆိုတာကိုတော့ MYMC မှာတင်ထားပေးပြီးလို့ အားလုံးဖတ်ဖူး ရင်းနှီးပြီးသားလေးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒီတစ်ခုကတော့ ဘာရယ်လို့ ရေရေရာရာ မဟုတ်ပဲ ကို Chilly Chan တစ်ယောက်သူ့ ဘ၀ထဲအစိတ်အပိုင်းလေး တွေထဲက ရီစရာလေးတွေ ရေးထားတာကို Facebook မှာတင်ထားတာတွေ့တာနဲ့ ခွင့်တောင်းပြီး အခု MYMC မှာအကုန် ရီမောနိုင်အောင် ပြန်တင်ထားပေး လိုက်ပါတယ်။ တစ်ခြားတစ်နေရာမှာ ကူးယူးဖော်ပြမယ်ဆိုရင် ကျေးဇူးပြူပြီး ကို Chilly Chan ကို Credit ပြန်ပေးပါ။ ကြိုက်တယ်ဆိုရင် အောက်မှာ Comment လေးတွေမြင်ချင်ပါတယ်နော်။