Sharing is Caring

Click နှိပ်ပြီး ဒီစာမျက်နှာကို ရောက်လာပြီဆိုတည်းက MYMC လာလည်တဲ့သူတစ်ယောက်အနေနဲ့ စူးစမ်းချင်လို့ပဲဖြစ်ဖြစ် တစ်ကယ်ဘယ်လိုကူညီလို့ရမလဲဆိုပြီး သိချင်စိတ်ပဲဖြစ်ဖြစ်နဲ့ ကြည့်လိုက်မိပြီပေါ့။ ဘယ်လိုကြောင့်ပဲ ရောက်လာရောက်လာ ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်။ ကဲလိုရင်း ကိုဆက်ရမယ်ဆိုရင် အခု MYMC မှာ Social Bookmarks တွေရှုပ်မှာဆိုးလို့ မထည့်ထားပေမဲ့ ကျွန်တော်တို့ အခုလုပ်နေတာတွေထက် ပိုလုပ်နိုင်ဖို့ တစ်နည်းပြောရရင် အခုရှိနေတဲ့ လာလည်သူ အရေအတွက်ထက် ပိုများလာအောင် ကြော်ငြာချင်တဲ့သဘောပါ။ ကျွန်တော်တို့ ကိုယ်တိုင်က ကြော်ငြာဖက်မှာ တော်တော်ကြီးကိုဆိုးရွားတဲ့အတွက် လာလည်သူ Visitors တွေဘက်ကိုပဲ မြှားဦးလှည့်လိုက်ရတဲ့သဘောပါ။ ဘာလုပ်ပေးရမလဲဆိုတော့ အများကြီး မဟုတ်ပါဘူး။ MYMC ရဲ့ စာမျက်နှာတစ်ခုဆီရဲ့ အပေါ်မှာ အခုဆိုရင် Facebook, Twitter, Google+ (တဖြည်းဖြည်းနဲ့ တက်လာပြီဖြစ်တဲ့ Social Network), linked in တွေကို ထည့်သွင်းလိုက်ပါတယ်။ ကျွန်တော်တို့သုံးနေတဲ့ Comment System ကနေ Share တဲ့ option ပါပါတယ်။ ဒါပေမဲ့ Like လုပ်ပြီးမှ Share လို့ရတော့ တစ်ချို့တွေက သတိမထားမိပါဘူး။ အခုဒီ Social Bookmarks တွေကမြင်မြင်သာသာနဲ့ တစ်ခါတည်း Share နိုင်အောင်ပါ။ အောက်ကပုံမှာ ကျွန်တော်တို့ပြထားပါတယ်။

Page တိုင်းမှာရှိတဲ့ Banner တွေရဲ့ အပေါ်မှာ ဒီ Social Bookmarks တွေကို မြင်ရမှာဖြစ်ပါတယ်။
MYMC ကိုဒီနည်းနဲ့ ပြန်ကူညီနိုင်ပါတယ်လို့ ပန့်ကြားပါရစေ။ ကျွန်တော်တို့ မလုပ်နိုင်တဲ့ Advertising ဘက်မှာ MYMC ကိုလာလည်သူတွေ Click တစ်ချက်နှိပ်ပြီး Share လိုက်ပေးတာက ကျွန်တော်တို့အတွက် တစ်ကယ့် မဟာအကူအညီတစ်ခုပါ။ လူငယ်တွေအသုံးများတဲ့ Social Network တွေကျွန်တော်တို့ ချဲ့ပြီး နောက်ပိုင်းလုပ်မယ့် အစီအစဉ်တွေအတွက် အားယူတဲ့သဘောပါ။ အခုလိုမျိုး အချိန်ပေးပြီး ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ မရှင်းမလင်းတာတွေရှိရင်
This e-mail address is being protected from spambots. You need JavaScript enabled to view it
ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Again Thanks for your Help!
MYMC Admin Team