llungwah

 

1ဟဲလို
ဟုတ်... ကိုလွန်းလားမသိဘူး။
ဟုတ်ပါတယ်။

သြော်... ဟုတ်ကဲ့။ အနော်ကမနေ့တုန်းက အကိုနဲ့အင်တာဗျူးဖို့ ပြောထား တဲ့တစ်ယောက်လေ။
သြော်. ဟုတ်ပြီ။ ညီမပြော။

ဟုတ်ကဲ့ အကို အခုဘယ်ရောက်နေလဲမသိဘူး။
ကျွန်တော် Utah မှာ အခု။

ဟုတ်လား။
Salt Lake city မှာ... ဟုတ်။

သြော်... ဟုတ်ကဲ့။ အခု အကိုဒီကိုရောက်တာ ဘယ်လောက်လောက် ရှိသွားပြီလဲမသိဘူး။
အင်း... ကျွန်တော် ရောက်တာ July ၁၅ ရက်နေ့က ရောက်တာပေါ့နော်။

သြော် July... ဟုတ်ကဲ့။
အဲဒါဆိုတော့ ဒီမှာ ၁ လကျော်ပြီပေါ့။

သြော် ဟုတ်ကဲ့။ အကိုသွားတဲ့ State တွေမှာပေါ့နော် ဘယ် State တွေကို အကိုပိုပြီးတော့ ဖျော်ဖြေရတာနှစ်သက်လဲမသိဘူး။
ဖျော်ဖြေခဲ့တဲ့ State တွေအားလုံး ကောင်းတယ်။ ဟုတ်။

အကုန်လုံးလား။
အင်း... အကုန်ကောင်းတယ်။

ဟုတ်ကဲ့။
အကုန်ကောင်းတယ် ..ဟို အင်း တစ်နေရာမှာ တစ်မျိုးစီ sense အားလုံး ရတယ်ပေါ့နော်။

ဟုတ်ကဲ့။
အားလုံးခြုံပြောရရင်တော့ တစ်မျိုးစီကောင်းကြပါတယ်... ဟုတ်။

သြော်... ဟုတ်ကဲ့။ အဲဒါဆိုရင် အကို့ကိုအနော် မေးခွန်းလေးတွေ စမေးမယ်နော်။
ဟုတ်။

2ဟုတ်ကဲ့။ အရင်ဆုံးအနေနဲ့ ကို  L လွန်းဝါ ဆိုတာ အကို့ရဲ့နာမည်အရင်းလား။ ဒါမှမဟုတ် အနုပညာနာမည်လားဆိုတာ တစ်ချက်လောက် ပြောပေးပါဦး။
သြော်... L လွန်းဝါ ဆိုတာ နာမည်အရင်းပဲ။ ဟုတ်။

ဟုတ်ကဲ့။ နောက် အကို့ရဲ့မွေးနေ့နဲ့ အကို့မှာ မောင်နှမတွေ ဘယ်နှစ်ယောက်ရှိလဲ မသိဘူး။
အကို့မှာ ညီလေးတစ်ယောက်ရှိတယ်... ဟုတ်။

သြော်... ဟုတ်ကဲ့။ အကိုက ဘယ်နေ့မှာ မွေးတာလဲမသိဘူး။
အကိုက January ၂၆ ဟုတ်။

January ၂၆။ သြော်... ဟုတ်ကဲ့။ အနုပညာကိုပေါ့နော် ဘယ်အရွယ်လောက်ကတည်းကနေ စပြီး ၀ါသနာပါခဲ့ပြီး အနုပညာလောကထဲကို ဘယ်အချိန်လောက်ကစပြီးတော့ အကိုဝင်ဖို့ စဉ်းစားခဲ့လဲမသိဘူး။
ဝါသနာကတော့ ပါတယ်ပေါ့နော်။ ငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ တကယ်တမ်း အခွေစထွက်တာကတော့ 2003 မှာ ထွက်တယ်ပေါ့နော်။ ဒါပေမယ့် ဟို.. စပြီးတော့ စတိတ် ရှိုးတွေ ဆိုရတာတို့ နောက်လူတွေစသိတာကတော့ 2004 ကျမှ စသိတာပေါ့။

သြော်... ဟုတ်ကဲ့။ အကိုဂစ်တာတီးတာကိုပေါ့နော် တစ်ခါတစ်လေ တွေ့မိတယ်။ အကိုဂစ်တာတီးတာအပြင် တခြား ဘယ် Instrument တွေ ရော အကို တီးသေးလဲ မသိဘူး။
သြော်... ဂစ်တာက အရင်တုန်းက ၈ တန်းလောက်တုန်းက အသက် ၁၄ လောက်တုန်းက Keyboard စတီးတာ။ Keyboard စတီးပြီးတော့မှ ဂစ်တာကို နောက်မှပြန်တီးတာ။ အဲလိုမျိုး။ ဒါပေမယ့် ဟိုအားလုံး ကျွမ်းကျွမ်းကျင်ကျင်ကြီးတော့ မဟုတ်ဘူးပေါ့နော်။ ဟို သီချင်းရေး၊ ဆိုနိုင်ရုံ လောက်ပဲ တီးတာပေါ့နော်။ တီးတတ်တယ်။ ဟို Notes တွေ ဘာတွေတော့ ဖတ်တတ်တယ် ဒီလောက်ပဲပေါ့နော်။ ဟို Professional တီးသလို မျိုးတော့ မတီးတတ်ပါဘူး။

ဟုတ်ကဲ့။ အကိုဘယ်အရွယ်လောက်ကစပြီးတော့ ဂီတနဲ့ပတ်သက်တာတွေကိုစပြီးသင်ပြီးတော့ အကို့ရဲ့လက်ဦးဆရာတွေကိုလည်း သိပါရစေ။
ဆိုတာကတော့ တကယ်ဆိုတဲ့အခါကျမှပဲ ဦးအောင်ရင်တို့ ထူးအိမ်သင်တို့က ပြောပြပေးတယ်ပေါ့နော်။ အဲဒီမတိုင်ခင်မှာ Keyboard သင်တာ တို့၊ ဟို Piano Lesson တွေ သင်တာကျတော့ ဒီငယ်ငယ်ကတည်းက ဒီဘုရားကျောင်းမှာပဲ စခဲ့တာပေါ့နော်။ ဘုရားကျောင်းမှာပဲ စခဲ့တယ်။ အခုတော့ ပထမဦးဆုံးစသင်ပေးတဲ့ ဆရာမက England ရောက်နေပြီ။ Bedfordshire မှာ။ နောက်ထပ် အကို့ဆရာမ တစ်ယောက်ကလည်း ရန်ကုန်မှာ မရှိတော့ဘူးပေါ့နော်။ အဲဒီတုန်းက ငယ်ငယ်တုန်းက သင်တာ။ ဂီတာတီးတာကကျတော့ ဘုရားကျောင်းမှာတီးတာ။ ဘုရားကျောင်း မှာ တီးရင်းနဲ့မှ carol တွေဘာတွေ လိုက်ရင်းနဲ့မှ စတီးဖြစ်သွားတာပေါ့နော်။

ဟုတ်ကဲ့ ဟုတ်ကဲ့။ ဒီလောကထဲကိုပေါ့နော် ဒီအနုပညာလောကထဲကို စပြီးဝင်ရောက်လာခဲ့တုန်းက အကို့အနေနဲ့ ကြုံခဲ့ရတဲ့အခက်အခဲလေး တွေ ရှိလားမသိဘူး။
အခက်အခဲကတော့ သိပ်တော့မကြုံခဲ့ရဘူးပေါ့နော်။ အဓိကကတော့ အကိုကဒီအခွေမထွက်ခင် 2000 ကစပြီးတော့မှ ရန်ကုန်မှာမင်္ဂလာဆောင် လေးတွေမှာ စပြီးလိုက်ဆိုဖြစ်တယ်လေ။ လိုက်ဆိုဖြစ်တယ်ဆိုတော့ အဲဒီမှာဒီမှာရှိတဲ့လူတွေက သိသွားတာပေါ့နော်။ အကို့ကိုသိတယ်ပေါ့နော်။ မင်္ဂလာဆောင်ဆိုတဲ့ ကောင်လေးပေါ့နော်။ ဘယ်လောက်လောက်ရှိမလဲဆိုတော့ ၁၇ ပေါ့နော်။ ၁၇ ၁၈ ပေါ့နော်။ အဲဒီလောက်ကတည်းက စပြီးတော့သီချင်းတွေ လိုက်ဆိုနေပြီပေါ့။

3အကိုအဲဒါဆို အကို တော်တော်ငယ်တာပဲ။ အကို စပြီးတော့ သီချင်းတွေဆိုတုန်းက။
အင်း... ငယ်သေးတယ်။ ဆယ်တန်းအောင်ပြီးတာနဲ့ ဆေးကျောင်းမတက်ခင်။ ဆေးကျောင်း တက်တဲ့အချိန်ပေါ့။ အဲလောက်လောက်မှာ စတာပေါ့။

ဟုတ်ကဲ့ ဟုတ်ကဲ့။ နောက်ပြီးတော့ အကို့အနေနဲ့ အနုပညာလောကထဲကို စ၀င်လာတော့ အကို့ အနေနဲ့ ဖြစ်ပျက်ခဲ့တာလေးတွေ၊ သတိရစရာလေးတွေ၊ အမှတ်တရဟာလေးတွေများ ရှိလား မသိဘူး။
အမှတ်တရကတော့ အများကြီးပဲ။ ဒါပေမယ့် အဲလိုမျိုး ပြောရမှာတော့ အများကြီးပဲပေါ့နော်။

ဟုတ်လား။ အဲဒါဆိုရင် ဘယ်လိုပြောမလဲ။ အကို့ရဲ့ အမှတ်အရဆုံး တစ်ခုလောက်။
အမှတ်အရဆုံး အဲလိုမျိုးတော့လဲ မရှိဘူးဗျ။ အကုန်လုံးက ဖြစ်တာ တစ်နေရာစီမှာပေါ့။ ဟို ပထမဆုံး စတိတ်ရှိုးဆိုရင် မူဆယ်မှာ ဆိုဖြစ်တယ်ပေါ့နော်။ အဲဒီမှာစပြီးတော့ သူက ၂ ရက် ဆိုရတယ်။ ပထမဆုံးနေ့မှာ သူတို့နာမည်မကြားဘူးဖူးပေါ့။ အယ်နောင်းရဲ့ ညီလား၊ ဘာလား ပေါ့နော်။ အဲလိုလာမေးကြတာလဲရှိတယ်ကွာ။ အဲ ဒုတိယနေ့ကျတော့  မျက်ဝန်းလား၊ မျက်လုံး လား  အဲဒီသီချင်းလေး ပြန်ဆိုပေးပါ။ အဲဒါလေးကြိုက်တယ်ပေါ့နော်။ အဲလိုမျိုး ပြန်ကြားရတာ ပေါ့နော်။ အဲဒီတုံးက အဲလိုမျိုး။ အဲဒါက ပထမဆုံး စတိတ်ရှိုးရဲ့ အတွေ့အကြုံပေါ့နော်။ အင်း Stereo စ၀င်တဲ့ အခါတုန်းကလဲ Stereo မှာက Headpone နားထောင်ပြီးတော့ပြန်ဆိုရတာ အဲလိုမျိုးတွေလည်း မသိဘူးပေါ့နော်။ အဲဒီလိုမျိုး ဘာမှမသိတဲ့ နေရာက၀င်လာတာဆိုတော့။ အပြင်မှာပဲ ဆိုဖူးတာဆိုတော့ Stereo မှာလည်းတမျိုးပေါ့လေ။ အဲဒီလိုမျိုး အတွေ့အကြုံတွေကလဲ အများကြီးရှိတာပေါ့။

ဟုတ်ကဲ့။ အရင်ကလေကျောင်းတစ်ဖက်နဲ့ အနုပညာအလုပ်တစ်ဖက်နဲ့ဆိုတော့ အကိုနည်းနည်းတော့ အလုပ်ရှုပ်ပြီးတော့ အချိန်မလောက်ဘူး ပေါ့နော်။ အခုရော အကိုရဲ့ ဆရာဝန်အလုပ်နဲ့ အနုပညာကြားမှာ အကို့ရဲ့ လှုပ်ရှားပုံလေးနဲ့ ဘယ်လိုမျိုး အချိန်ပေးတယ်ဆိုတာ သိပါရစေ။
ဟိုအရင်တုံးကတော့ ၂၀၀၃ လောက်မှာ အခွေထွက်တယ်ပေါ့နော်။ ၂၀၀၄၊ ၂၀၀၅ လောက်မှာ ကျောင်းကို နားလိုက်တယ်။ ကျောင်းမှာ စာမေးပွဲတွေလည်း နောက်ကျတယ်။ စာမေးပွဲတွေလည်း မအောင်ဘူးပေါ့ကွာ။ အဲဒီတုန်းက အဲလိုဖြစ်တဲ့အခါကျတော့ နောက်ကျသွားပြီးတော့ အဲဒါနဲ့ အကို ကျောင်းမတက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်ကွာ။ ဆက်မတက်တော့ဘဲနဲ့ လုံးဝနားလိုက်တယ်ကွာ။ နားလိုက်ပြီးတော့မှ အင်း... ပြန်တက်တယ်ကွာ မထူးပါဘူး။ ဒီတက်နေတဲ့ကျောင်းက နှမျောစရာကြီးဆိုပြီး အားလုံးကလည်း ၀ိုင်းပြောကြတယ်။ နောက်ပြီးတော့ ကိုယ့်ကိုကိုယ်လည်း ပြန်စဉ်းစားတဲ့အခါကျတော့ ၂၀၀၈ မှာ ပြန်တက်တယ်။ ပြန်တတ်တယ်ဆိုတော့ အခု ဒီ ၂၀၀၈ ကနေပြီး ၂၀၁၁ လောက် ထိ ကြားထဲမှာတော့ နည်းနည်းတော့ အနုပညာလုပ်ငန်းတွေ လျော့သွားတာပေါ့။ ခုနတုန်းက ဟိုကျောင်းနားလိုက်တဲ့ ၂၀၀၅ လောက်ကနေ ၂၀၀၈ လောက် အတွင်းမှာကျတော့ အရမ်းကိုအနုပညာအလုပ်တွေ အများကြီးလုပ်ဖြစ်တာပေါ့နော်။ ဒီတော့ တစ်ခါတည်းနဲ့ တပြိုင်နက် တည်း မလုပ်နိုင်ခဲ့ဘူးကွာ။ ငယ်လည်းငယ်တော့ကျတော့ သိပ်လည်း manage မလုပ်နိုင်ခဲ့ဘူး။ time management က မကျွမ်းဘူး ဖြစ်နေတာပေါ့ကွာ။ အခုကတော့ ဒီ America လာခါနီးလေးမှာ စာမေးပွဲအောင်သွားပြီပေါ့နော်။ ပြီးသွားပြီပေါ့။ ကျောင်းပြီးသွားပြီဆိုတာ house တော့ ကျန်သေးတာပေါ့။ house ဆင်းရမယ်။ စာမေးပွဲတွေက အားလုံးပြီးသွားပြီပေါ့။ အဲလိုပဲ တစ်လှည့်စီပဲ သွားရမှာပေါ့။

ဟုတ်ကဲ့။ အဲလိုပေါ့နော် အဆိုတော်တစ်ယောက်အနေနဲ့ ဆရာဝန်တစ်ယောက်အပြင် အိမ်ထောင်ရှင်တစ်ယောက်အနေနဲ့ အကို စိတ်ဖိစီးမှုတွေ ကြုံလာတဲ့အခါ အကို ဘယ်လို အနားယူလဲ။ အကို စိတ်ကိုပြန်ပြီး တက်ကြွလာအောင် ဘယ်လိုများလုပ်လဲ မသိဘူး။
တက်ကြွလာအောင်လုပ်ဖို့ကတော့ သိပ်ပြီးမလွယ်ဘူးပေါ့နော်။ ဒါပေမယ့် stress တွေကို ဘယ်လိုဖျောက်ပစ်လည်းဆိုတော့ ခဏပေါ့နော်။ အဲလိုမျိုး အေးအေးဆေးဆေးရှိတဲ့ နေရာလေးတစ်ခုမှာ သွားပြီးတော့နေတယ်။ ဂစ်တာလေးဖြစ်ဖြစ်တီးတယ်။ နောက်ပြီးတော့ ကြိုက်နှစ်သက် တဲ့ အနေအထားလေးတစ်ခုနဲ့ပဲ အဲလိုမျိုးလေးနေတယ်။  ဘုရားကျောင်းသွားတယ်။ ဘုရားဆုတောင်းတယ်။ စကားသိပ်မပြောဖြစ်ဘူးပေါ့နော်။ အဲလို အချိန်တွေ ဆိုရင်တော့။

4အဲဒါဆိုရင် အကို အဲလိုမျိုးဖြစ်တဲ့အခါကျရင် ချောင်းသာတို့ တောင်တွေတောတွေတို့လိုမျိုး စိမ်းလန်းသာယာတဲ့နေရာလေး ဘာလေးများ သွားဖြစ်သေးလားမသိဘူး။  
ကမ်းခြေကတော့ ခဏခဏရောက်တယ်။ ကျွန်တော်က ကမ်းခြေတအားကြိုက်တယ်။

ဟုတ်ကဲ့။ ဟိုအမြဲတမ်းသွားဖြစ်တာလား။ ဘယ်လောက်တစ်ကြိမ်လောက် သွားဖြစ်လဲ။
တစ်နှစ်ကို သုံးခါလောက်တော့ရောက်တယ်။

သြော် တော်တော်များတာပဲ။
အင်းကြိုက်တယ် အဲလိုမျိုး။

ဟုတ်ကဲ့။ အကို့ရဲ့ life style နဲ့ ၀တ်စားဆင်ယင်မှုအပေါ်ရော အကို ဘယ်လိုဂရုစိုက်လဲ မသိဘူး။
အကိုကပေါ့နော် အရမ်းကြီးတော့ သူများထင်ရှားမြင်သာတဲ့အ၀တ်အစားမျိုးကြီး မကြိုက်ဘူး ကွာ။ အဲလိုမျိုး neat and tidy လေးဖြစ်ပြီးတော့ အဲဒီလိုမျိုး ပုံမှန်ပဲဝတ်တယ်။ နောက်ပြီး တော့ သီချင်းဆိုရတာ အဆင်ပြေမယ့်အ၀တ်အစားမျိုးပဲ ရွေးဝတ်တယ်ပေါ့နော်။

ဟုတ်တယ်။ အဲဒါကြောင့်မို့လို့ အကို့ကိုတွေ့လို့ရှိရင် အမြဲတမ်း ဘောင်းဘီနဲ့ ရိုးရိုးလေးပဲတွေ့ရတယ်။ အကို ဒီအတိုင်းလေးပဲ ၀တ်တာလည်း အရမ်းကြည့်ကောင်းပါတယ်။ အကိုသီချင်းဆိုရတာ ပိုပြီး လွတ်လပ်တာပေါ့နော်။
အင်းဟုတ်တယ် မှန်တယ်။ ကျေးဇူးတင်ပါတယ် ညီမရယ်။

ဟုတ်ကဲ့။ ဆရာဝန်တစ်ယောက်အနေနဲ့ လူနာတွေနဲ့ဆက်ဆံရေး၊ နောက်ပြီးတော့ အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်တွေနဲ့ဆက်ဆံ တာ ဘယ်လိုကွာခြားသလဲ ဆိုတာလေးလဲ တစ်ချက် ပြောပေးပါဦးအကို။
အင်း မတူဘူးပေါ့။ အဓိကတော့ မတူဘူးပေါ့နော်။ သူက ဆရာဝန်တစ်ယောက်အနေနဲ့ကျတော့ သူမှာ လူနာတစ်ယောက်နဲ့ပတ်သက်ပြီး သူ့မှာ တာဝန်တွေအများကြီးရှိတယ်လေ။ အဆိုတော် တစ်ယောက်အနေနဲ့ကျတော့ ဟိုရည်ရွယ်ချက်ချင်းကတော့ အတူတူပါပဲ။ ဒါပေမယ့် သွားတဲ့ လမ်းကြောင်းချင်းက မတူဘူး။ အဲလိုပဲပြောရမှာပေါ့နော်။

ဟုတ်ကဲ့ ဟုတ်ကဲ့။ အကိုအနေနဲ့ အိမ်ထောင်ရှင်၊ အနုပညာသည် နောက်ပြီးတော့ဆရာဝန်လည်းဖြစ်တယ်။ အဲတော့မိသားစုအပေါ် အကို ဘယ်လိုအချိန်ပေးလဲ။ နောက် အကို အားလပ်ချိန်တွေမှာ ဘာတွေလုပ်ဖြစ်လဲ။ အဲဒါလေးလဲသိပါရစေ။
5များသောအားဖြင့်တော့ မနက်ပိုင်းကျောင်းသွားတာဖြစ်ဖြစ်၊ သီချင်းသွားဆိုတာဖြစ်ဖြစ်၊ ခရီး သွားတာပဲဖြစ်ဖြစ် ပြန်လာရင်တော့ အိမ်မှာပဲပြန်နေပြီး မိသားစုနဲ့အချိန်ပေးတာ များပါတယ်။ ဟုတ်ကဲ့။ ကျန်တဲ့အချိန်တွေတော့ သိပ်မထွက်ဖြစ်တော့ဘူးပေါ့နော်။ အပြင် သိပ်မထွက်ဖြစ် တော့ဘူး။ နောက် သမီးလေးတစ်ယောက်လည်းရပြီဆိုတော့ အိမ်မှာမိသားစုနဲ့ပဲ နေတာများ တယ်။ ပြီးတော့ သူ့ကို ကစားကွင်းလေးဘာလေး လိုက်ပို့ပေးတယ်။ နောက် သူသွားချင်တဲ့ နေရာလေးတွေ လိုက်ပို့ပေးတယ်ပေါ့နော်။ နောက် သူစားချင်တာလေးတွေ သွားဝယ်ကြ တယ်ပေါ့နော်။ သားအမိသားအဖ သုံးယောက်သွားကြတယ်ပေါ့နော်။ အဲဒါကမနက်ပိုင်းတော့ မဖြစ်နိုင်ဘူးပေါ့နော်။ ညနေပြန်လာတဲ့အချိန်မှာ သွားကြတယ်။ ညနေစာအတူတူ စားဖြစ် ကြတယ်ပေါ့နော်။

အကို့မှာ သမီးလေးတစ်ယောက်ရှိတယ်လား။
အင်း။ သုံးနှစ်ရှိပြီခင်ဗျ။

ဟုတ်လား။ သုံးနှစ်တောင်ရှိပြီ။ တော်တော်ကြီးပြီပဲ။
အင်း ကြီးပြီ ဟုတ်တယ်။

အကို့ရဲ့ ပြည်တွင်းပြည်ပက နှစ်သက် သဘောကျတဲ့ အနုပညာရှင်တွေရော ရှိလားမသိဘူး။
ပြည်တွင်းကတော့ အားလုံးသဘောကျပါတယ်။ သီချင်းအားလုံးနီးပါး ရတယ်ပေါ့နော်။ တစ်ပုဒ်အပြည့်လိုမျိုးမရရင်တောင်မှ ဆိုထားတဲ့သီချင်း အားလုံးကို ကြိုက်ပါတယ်။ ပထမဆုံးအနေနဲ့ အရမ်း crazy ဖြစ်တာကတော့ ထူးအိမ်သင်ပေါ့နော်။ နောက်ပြီး အဲလိုမျိုးတွေ ကြိုက်ပါတယ်။ ပြည်ပကဆိုရင်တော့ တကယ်စပြီးတော့ ထဲထဲဝင်ဝင် နားထောင်ဖြစ်တာဆိုရင်တော့ Michael Learns To Rock ပေါ့နော်။ အဲဒီအဖွဲ့ကို တအားကြိုက်တယ်ပေါ့နော်။ နောက်ပိုင်းကျတော့ ............... အဲဒါမျိုးတွေ အကုန်ကြိုက်ပါတယ်။ အရမ်း Rock ဖြစ်တဲ့ ဟာမျိုးတွေတော့ မကြိုက်ဘူး။ ဒါပေမယ့် Rock သီချင်းတွေကြိုက်တယ်ကွာ။ နောက်ပိုင်းကျတော့ ထပ်ပေါ်လာတဲ့  Mos တို့ Backstreet Boys တို့ Westlife တို့အဲဒါတွေလဲ ကြိုက်တယ်ကွာ။ အဲလိုမျိုးပေါ့။

အကို အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့တာက အကိုရဲ့ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုထားတဲ့ အချစ်မျက်ဝန်း သီချင်းလေ။ အခု အချိန်အထိ အဲဒီသီချင်းလေးက နားထောင်ကောင်းနေဆဲ၊ နာမည်ကြီးနေဆဲပေါ့နော်။ လူတိုင်းလဲ ကြိုက်နှစ်သက်တယ်ပေါ့နော်။ အကို့အနေနဲ့ အဲဒီလိုမျိုး ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ နောက်ထပ် album တွေ ထပ်ထွက်ဖို့ အစီအစဉ်ရှိလားမသိဘူး။
ဟုတ်... ရှိတယ်။ ရှိတယ်ပေါ့နော်။ ကြားထဲမှာ အဆုံးမဲ့မျှော်လင့်ချက်ဆိုတဲ့ အခွေတစ်ခွေထွက်တယ်ပေါ့နော်။ ကြားဖူးလားတော့မသိဘူး အဖြူသက်သက်တို့ ဘာတို့ပါတယ်ပေါ့ကွာ။ အဲဒါ အဲဒီအခွေထဲက သီချင်းတွေပေါ့နော်။ အဲဒါအခု နောက်ထပ် တတိယအခွေ ထွက်ဖို့ရှိတယ်။ ဒါပေမယ့် ကျောင်းတက်နေတဲ့အခါကျတော့ အဲဒါကို သိပ်မလုပ်ဖြစ်ဘူးပေါ့နော်။  အခုတော့ ကျောင်းလဲပြီးသွားပြီ။ စာမေးပွဲတွေလဲဖြေစရာ မလိုတော့ဘူး။ ဆေးရုံပဲ သွားရုံပဲ ဆိုတော့ အဲဒီအခွေ ဆက်တိုက်ထွက်ဖြစ်မယ် ထင်တယ်။ ဆက်လုပ်ထားတဲ့ အခွေလေ။ ဟုတ်။

အကိုက စုံတွဲသီချင်းလေးတွေလဲ တော်တော်များများ ဆိုဖြစ်တယ်နော်။ အဲဒီထဲကမှ ကိုယ်နဲ့တွဲဆိုရတာ အဆင်ပြေတဲ့အခါမျိုးရှိသလို တစ်ခါ တစ်လေကျတော့ Key မညီလို့ ညှိရတာမျိုး အဲလိုမျိုးလေးတွေလဲ ရှိမှာပဲပေါ့နော်။ အဲလိုအခါမျိုးကျရင်ရော အကိုအနေနဲ့ ဘယ်လိုလုပ်တယ်၊ ဘယ်လိုအဆင်ပြေအောင် လုပ်ရတယ်ဆိုတာလေးတွေလဲ ၀ါသနာရှင်တွေ၊ နောက်ထပ်ဖြစ်လာမယ့် အဆိုတော်အသစ်တွေအတွက် အကို့ရဲ့ အတွေ့အကြုံလေးတွေကို တစ်ချက်ရှင်းပြပေးပါဦး။
6Key ခွဲပေးရတယ်ပေါ့နော်။ ကိုယ်ဆိုနိုင်တဲ့ Key၊ နှစ်ယောက်စလုံးဆိုနိုင်တဲ့ Key တစ်ခုကို သွားတဲ့အခါကျတော့ ကြားချပြီးဆိုရတာဆိုတော့ အဲလိုပဲ ညှိယူရတာပေါ့ နော်။ လုံးဝအဆင်မပြေတဲ့ သီချင်းကတော့ တစ်ပုဒ်၊ နှစ်ပုဒ်လောက်ပဲရှိပါတယ်။ ကိုယ့် အတွက် အရမ်းခက်ခဲတာပေါ့နော်။ ဒါပေမယ့် ဆူဇီသီချင်းလေးဆိုရင် နှစ်ယောက်စလုံး အတွက် အဆင်ပြေတယ်ပေါ့နော်။ တော်တော်အဆင်ပြေတဲ့အတွက် သီချင်းကတော် တော် သိသာတယ်ခင်ဗျ။ ဆူဇီသီချင်းလေးတွေလဲ ဆိုထားတယ်ရှိတယ်။ ဒါပေမယ့် ဒီအတိုင်းကြီး ဆိုရတာခက်သွားတဲ့အတွက်ကြောင့်လဲ မညှိဖြစ်ဘူးပေါ့နော်။ ရင်ခုန်သံ ဆိုလဲ ရင်ခုန်သံ... အဲလိုမျိုးပေါ့နော်။ အဓိကကတော့ အဲဒီကြားချပြီး ဆိုတာပါပဲ။ များသောအားဖြင့် ယောက်ျားလေးတွေက အသံသြတဲ့ဘက်ကိုရောက်သွားတာပဲလေ။

ဟုတ်တယ်... ဟုတ်တယ်။ သီချင်းဆိုတာအပြင် အကိုက သီချင်းလည်းရေးတော့လေ ကိုယ်ဆိုဖို့အတွက်ပဲမဟုတ်ဘဲ သူများတွေအတွက်ရော သီချင်းရေးပေးဖို့ ရှိလား။
ဟို... သီချင်းရေးတာကလေ သူများအတွက်ရေးတာလဲ မဟုတ်သလို ကိုယ့်အတွက် ရေးတာလည်းမဟုတ်ဘူး။ သီချင်းရေးတယ်ဆိုတာ ကိုယ့်စိတ်ထဲမှာရှိနေတဲ့ဟာတွေကို ရေးရေးထားတာပေါ့လေ။ ဘုရားသီချင်းလေးတွေလဲ ရေးဖြစ်တယ်။ ကိုယ့်ဟာကိုလဲ single သီချင်းလေးတွေလဲ ရေးဖြစ်တယ်။ အချစ်သီချင်းလေးတွေလဲ ရေးဖြစ်တယ်။ ဒဿနဆန်ဆန် သီချင်းလေးတွေလဲ ရေးဖြစ်တယ်။ အဲဒါနေပြီးတော့မှ သူငယ်ချင်း တစ်ယောက်က ငါဒီသီချင်းလေးကြိုက်တယ်။ ငါ့ကိုပေးပါဆိုလဲ ယူသွားတာပေါ့နော်။ နောက်တော့မှ သူ့ဟာသူအနုပညာကြေး လာပေးတာပေါ့နော်။ သီချင်းရေးတာက တော့ ဘယ်သူ့အတွက်မှ ရည်ရွယ်ပြီးရေးတာ မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာရှိတာလေးတွေ၊ စာသားလေးတွေ ချရေးထားတယ်။ ပြီးတော့ ဂစ်တာလေး အဲလိုမျိုးတစ်ခုခုလေးနဲ့ပေါ့နော်။ သီချင်းသံစဉ်လေးတွေ အဲဒီလိုမျိုးပြောင်းထားတာရှိတယ်။ ကိုယ့်ဘာသာကိုယ် တစ်ယောက် တည်းရှိတဲ့ အချိန်လေး အဲလိုမျိုး ဂစ်တာလေးတီးဖြစ်တယ်။ ဒါမှမဟုတ်ရင်လဲ စန္ဒယားလေး တီးဖြစ်တယ်ပေါ့။ အဓိကကတော့ပေါ့နော် ဘယ်သူ့အတွက်မှ ရည်ရွယ်ပြီး ရေးတာမဟုတ်ဘူးပေါ့နော်။

အကိုအဲဒီလိုမျိုး သီချင်းရေးတဲ့အခါကျရင် အကို့ခံစားချက်တွေက ဘယ်လိုမျိုးတွေဖြစ်လာလဲ။ အကို့ရဲ့တကယ့်ဖြစ်ရပ်မှန်တွေလား။ ဒါမှမဟုတ် ရိုးရိုးစိတ်ကူးယဉ်ပြီးရေးတာလား။ အကိုရဲ့ ခံစားမှုလေး...
တကယ့်ဖြစ်ရပ်မှန်လဲ ပါမယ်ပေါ့နော်။ နောက်ပြီးတော့ ကိုယ်သိတာတွေလဲပါမယ်ပေါ့။ စိတ်ကူးယဉ်ပြီး ချရေးထားတာလဲ ပါမယ်ပေါ့နော်။ တစ်ပုဒ်ထဲမှာ မျိုးစုံလဲပါမယ်ပေါ့နော်။ တစ်ခုတည်းတော့မဟုတ်ဘူးပေါ့နော်။

ဟုတ်ကဲ့။ အကိုက ကိုရဲလေးပြောသလို တော်ရုံ Rapper တွေနဲ့ တွဲဆိုတာမရှိဘူးပေါ့နော်။ ကိုရဲလေးအတွက် Baby Girl သီချင်းမှာ featuring ဆိုပေးသလို တခြား Rapper တွေက အကူအညီတောင်းဖြစ်ခဲ့ရင်ရော တောင်းဆိုလာခဲ့ရင်ရော အကို့အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲမသိဘူး။
အင်းပေါ့နော်။ ကြိုက်ရင်တော့ ကျွန်တော်ကူညီမှာပေါ့နော်။ နောက်ပြီးတော့ အများကြီးဆိုတော့လဲ။ သိပ်မသိဘူး။ သိပ်နားမလည်ဘူးပေါ့နော်။ နားထောင်ဖြစ်တယ်။ ဒါပေမယ့် အဲဒီ music ကို သိပ်မသိဘူးပေါ့နော်။ ဆို ဆိုရင်လဲ ဆိုပေးပါမယ်။ ဒါပေမယ့် သိပ်တော့နားမထောင်ဖြစ်ဘူး ပေါ့နော်။

မဆိုင်းဇီတို့၊ မရေဗက္ကာတို့နဲ့ မောင်နှမတွေချည်းပဲ တွဲဆိုထားတဲ့ အိမ်မက်ဝတ်စုံဆိုတဲ့ album လေးကလဲ တော်တော်အောင်မြင်ခဲ့တယ်လေ။ အဲလိုမျိုးလေးရော ထပ်လုပ်ဖြစ်ဖို့ ရှိလားအကို။
အဲဒီ အခွေ vcd ထွက်လိမ့်မယ်ပေါ့နော်။ ရန်ကုန်ပြန်ရောက်ရင် အဲဒါ လုပ်ထားတာပေါ့နော်။ ထပ်လုပ်ဖို့ရှိသေးလား ဆိုတော့ ဒီအခွေကို ကြည့်ရမှာပေါ့နော်။ အခွေက သိပ်ပြီးတော့ သိတဲ့လူလဲရှိတယ်။ မသိတဲ့လူလဲရှိတယ်။ အဲလိုပေါ့ကွာ။ အင်းမဆိုးပါဘူး။ ဒီ album ကိုကြည့်ပြီး ဆက်လုပ်ရမှာပေါ့နော်။ ကိုယ့်ဘာသာကိုယ်လုပ်တဲ့အခါကျတော့ ငွေရေးကြေးရေးကအစ နောက်ဒီအချိန်အားလပ်မှုတွေကအစ အကုန်ဂရုစိုက် ပြီး လုပ်ရတယ်ကွာ။ အဲဒီအတွက်ကြောင့်မို့လို့ နည်းနည်းကြာတယ်ကွာ။ အရမ်းကိုကြာတယ်။ နောက်မောင်နှမ သုံးယောက်ဆုံဖို့ကျတော့လဲ မလွယ်ဘူး။ သူတို့နှစ်ယောက်စလုံးကလဲ စတိတ်ရှိုးတွေ သွားဆိုကြတယ်။ အဲလိုမျိုး သူတို့အားတဲ့အချိန် ကိုယ်ကမရှိတာတို့၊ နောက် ကိုယ်ကသွားတဲ့အချိန် သူတို့က ရန်ကုန်မှာပဲရှိနေတာတို့၊ အဲလိုမျိုးတွေ ဖြစ်နေတော့။ နောက်ပြီး အဲဒီအခွေက အစအဆုံး အကိုနဲ့ အကို့ သူငယ်ချင်းတွေ ဥပမာကွာ စံပီးတို့ ပေါ့နော်။ အရင်ဆုံး တီးကြဆိုကြပြီးတော့မှ သူတို့အဲလို အဲဒီသီချင်းကို ပြန်ပြီးတော့ ရေးခိုင်းတာပေါ့ကွာ။ အဲဒီလိုမျိုးပေါ့နော်။ မဆိုးပါဘူး။ အဓိကကတော့ကွာ အကိုက အခွေလုပ်ရတာပဲ ပျော်တယ်ကွာ။ အဲလိုမျိုး ဖြန့်ချိရတာတို့၊ ကြော်ငြာလုပ်ရ တာတို့ ရောင်းရတာကျတော့ အကိုကမကျွမ်းဘူး။ ၀ါသနာလဲမပါဘူး။ အဲလိုမျိုး။

7ဟုတ်။ အဲဒါတွေက ခေါင်းစားတယ် တော်တော်။
အင်းဟုတ်တယ် အဲလို။

ဟုတ်ကဲ့။ အကို့တို့ဒေသ ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီး ကိုယ့်ပြည်နယ်ရဲ့အလှ အပတွေ၊ အကြောင်းအရာတွေကို ရေးဖွဲ့ထားတဲ့သီချင်းတွေရှိသလို အကို့အနေနဲ့ ရော ကိုယ်တိုင်သီချင်းအသစ် ရေးဖို့ရောအစီအစဉ်ရှိလား အကို။
ရှိတယ်။ ဒါပေမယ့် ခုနကပြောသလိုပေါ့နော်။ အဲဒီအချိန်၊ တစ်ချိန်ရောက်မှပဲ ရေးဖြစ်မယ်ထင်တယ်။ လောလောဆယ်တော့ စိတ်ပဲရှိသေးတယ်။ အဲဒီအတွက် ဘာမှကို မလုပ်နိုင်သေးဘူး ဖြစ်နေတယ်။ ဒီကြားထဲမှာလဲ အချစ်သီချင်းတွေပဲ ဆိုဖြစ်နေတယ်ဆိုတော့ အကျိုးပြုသီချင်းတွေ မရေးဖြစ်ဘူး။ ဘုရားသီချင်းတွေ တောင်မှ မရေးဖြစ်တာ တော်တော်ကြာပြီ။ အခုမှ ကျောင်းတွေဘာတွေလဲ နောက် စာမေးပွဲလဲ ဖြေစရာမလိုတော့ဘူးဆိုတော့ အရမ်းကိုကွာ အပြင်းအထန်ပြန်လုပ် နေတယ်။ ဂီတာတွေ ဘာတွေလဲ ပြန်တီးဖြစ်တယ်။ သီချင်းတွေဘာတွေလဲ ပြန် လုပ်တယ်။ ဟုတ်ကဲ့။ သီချင်းမရေးတာတောင် တော်တော်ကြာနေပြီ။

သြော်. ဟုတ်ကဲ့။ အရမ်းအလုပ်ရှုပ်မှာပေါ့။ ကျောင်းတစ်ဖက်၊ သီချင်းဆိုတဲ့အလုပ် တစ်ဖက်နဲ့ ဆိုတော့။
ဟုတ်ကဲ့ မိသားစုလဲရှိတော့။

ဟုတ်တယ် ဟုတ်တယ်။ အကို့အနေနဲ့ပေါ့နော် သီချင်းတွေအများကြီး ဆိုဖြစ်၊ ထုတ်ဖြစ်တဲ့အခါကျတော့ တစ်ကိုယ်တော် Show လိုမျိုးလေး လုပ်ဖို့ရော စိတ်ကူးရှိလားအကို။ ရှိရင် ဘယ်တော့လောက်ဖြစ်မလဲ အကို။
လိုတော့ လိုဦးမယ် ထင်တယ်။ တစ်ရက်ရက်တော့ လုပ်ဖြစ်တယ်ထင်တယ်။ အစီအစဉ်တော့ရှိတယ်။ စဉ်းတော့စဉ်းစားနေတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်လာဦးမလဲ မသိဘူး။ ဟုတ်ကဲ့။

အကို့မှာ နယ်ပရိသတ်တွေလည်း များတယ်နော်။ အကို ရှိုးလုပ်ဖြစ်တဲ့အခါကျရင် သူတို့လဲလာကြည့်ကြမှာ သေချာတယ်။
ဟုတ်။

အခုလောလောဆယ် အကို့ရဲ့အနုပညာနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုလေးတွေကိုလဲ သိပါရစေ။
လောလောဆယ်ကတော့ တတိယအခွေထွက်မယ်ပေါ့နော်။ နောက် အိပ်မက်ဝတ်စုံ VCD ထွက်မယ်။ နောက်ပြီးတော့ ကျွန်တော် အတွဲအခွေ ဆိုထားတာလေး ထွက်လိမ့်မယ်ပေါ့။ နောက်ပြီးတော့ Live Show အဆိုတော်တွေအများကြီးနဲ့ စုပေါင်းဆက်ပေါင်းဆိုထားတဲ့ အခွေလေးတွေ။ အဲဒါမျိုးလေးတွေလဲ ထွက်ပါလိမ့်မယ် ခင်ဗျ။

ဟုတ်ကဲ့။ ပြည်ပ ကပေါ့နော် ဖျော်ဖြေပွဲတွေရော ဘယ်နှစ်ပွဲလောက် အကိုဆိုဖြစ်ခဲ့ပြီးပြီလဲမသိဘူး။
ပြည်ပဖျော်ဖြေရေးပွဲတွေကတော့ ၂၀၀၆ ကမှ စပြီးတော့ထွက်ရတာပေါ့နော်။ ဆိုရတာပေါ့နော်။ အဲဒီနှစ်ကမှနေပြီးတော့ အခုထိဆိုရင်တော့ များတော့များနေပြီ ဟုတ်။

သြော်ဟုတ်ကဲ့။ တော်တော်များပြီပဲ။
ဟုတ်ကဲ့။

8နောက်ထပ် ပြည်ပထွက်ပြီး ဖျော်ဖြေဖို့၊ ဒါမှမဟုတ် နယ်ဘက်နဲ့ တခြားဖျော်ဖြေပွဲတွေရော ရှိလား။ ကြိုတင်ပြီးတော့ စီစဉ်ထားတာ ရော ရှိလားအကို။
ရှိတော့ရှိတယ်။ ဒါပေမယ့်အခုရန်ကုန်မှာက အမျိုးသမီးကျန်ခဲ့တာ ဆိုတော့ သူနဲ့ဒီလိုပဲပြောထားတော့ ဘာမှသေချာတော့ confirm မလုပ်ရသေးတော့ ဘာလို့လဲဆိုတော့ ပြန်လဲပြန်ရ တော့မှာဆိုတော့ သိပ်မကြာခင် စက်တင်ဘာ ၇ ဆိုရင် ပြန်ရတော့မှာ ဆိုတော့။

ဟုတ်။ ဒါပေါ့ ဒါပေါ့။
ဟုတ်ကဲ့။ အဲဒီအခါကျမှပဲ confirmation သေချာ ပြန်ပြီးလုပ်ဖြစ်မယ် ထင်ပါတယ်။ ဟုတ်ကဲ့။

ဟုတ်ကဲ့။ အကို့အနေနဲ့ ဂီတအပေါ်အမြင်နဲ့ အနုပညာသမားတစ် ယောက်အနေနဲ့ ခံယူချက်လေး ဘယ်လိုများရှိလဲ မသိဘူး။
ဟိုဘယ်လိုပြောမလဲ ဒီ music ကပေါ့နော် တသက်လုံး လုပ်ဖြစ်နေမှာပေါ့နော်။ စီးပွားရေး အရ ဟုတ်ချင်မှလဲ ဟုတ်မယ်။ နောက်ပြီးတော့ ဟို နောက်ဆုံးကွာ ၀ါသနာအရ ဟုတ်ချင်မှ ဟုတ်တော့မယ်။ Life တစ်ခုမှာ ပါဝင်နေတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းဖြစ်နေမှာပဲလေ။ အမြဲတမ်း အတူရှိနေမှာပေါ့နော်။ အကိုက သူနဲ့အတူ။

ဟုတ်ကဲ့။ ဒီနေ့ခေတ် ဂီတရေစီးကြောင်းမှာ Copy တွေလဲပါတယ်။ Own Tune ဆိုတာတွေလဲပါတယ်။ အဲလိုပေါ့နော် Copy ပါကွာ။ Own Tune ကွ ဆိုပြီး အမြင်တွေရှိနေကြတဲ့ အပေါ်မှာ အကို့ရဲ့ သဘောထားလေးကိုလဲ သိပါရစေ။
အဓိကပေါ့နော်။ Own Tune မှ Copy မှမဟုတ်ပါဘူး။ ဆိုတဲ့သူမကောင်းရင် ဘယ်သီချင်းမှ မပေါက်နိုင်ဘူးပေါ့နော်။ အဲဒီလိုပဲ ယူဆပါတယ်။ ဒါပေမယ့်လည်း ဟို အရင်တုန်းကတော့ပေါ့နော်။ ဟို Mono တို့ Stereo တို့လို အဲလိုခွဲခြားပြီး ဆိုကြတယ်ဆိုရင်တော့ အရင်တုန်းကတော့ ကိုယ်တွေက သီချင်းတွေကို မွေးစားပြီး ဆိုရတဲ့အခါကျတော့ Copy ကတော့ ဘာမှ မပြောလိုဘူးပေါ့နော်။ အခုခေတ်မှာဆိုရင်တော့ အင်တာနက်တွေလဲ အရမ်းကိုသုံးလို့ရပြီ။ ကြည့်လို့ရပြီဆိုတော့ ဖြစ်နိုင်ရင် ထပ်လုပ်မယ့်လူငယ်တွေကို အားပေးချင်တာကတော့ ကိုယ်ပိုင် အသစ်နဲ့ creation နဲ့ ပြန်လုပ်စေချင်တယ်ပေါ့နော်။ အဓိကကတော့ ဟို ဒီမှာရှိတဲ့လူတွေတောင်မှပဲ ပြန်ဆိုတာပဲလေ။ Melody ဖြစ်ဖြစ် Tune ဖြစ်ဖြစ် ပြန်ဆိုတာပဲ။ ဒါပေမယ့် သူတို့ပုံစံနဲ့သူတို့ ပြန်ဆိုကြတယ်ကွာ။ အဲလိုမျိုးဖြစ်စေချင်တာပေါ့နော်။ အဓိကကတော့ Copy၊ Own Tune ထက်စာရင်တော့ အဓိကကတော့ တီထွင်ဖန်တီးမှုတစ်ခုအနေနဲ့ ဒီသီချင်းကတော့ ကိုယ့်သီချင်းပါဆိုပြီး ရဲရဲဝင့်ဝင့်ပြောနိုင်တဲ့ လူတစ်ယောက်၊ အဆိုတော်တစ်ယောက် ဖြစ်စေချင်တယ်ပေါ့။ တကယ်လို့ လုပ်မယ်လို့စိတ်ကူးတယ်ဆိုရင်။

ခိုးကူးခွေတွေက ထုတ်လုပ်ရေးသမားတွေကိုသာမက အနုပညာသမားတွေကိုပါ အနုပညာဖန်တီးမှုအပေါ် ထိခိုက်တာဆိုတာလေ အကို့ရဲ့ အကြံပြုချင်တာလေးရှိရင်လဲ ပြောပြပေးပါ အကို။
ထိခိုက်တာက... ထိခိုက်တာ အများကြီး ထိခိုက်တာပေါ့နော်။ အဲဒါကို တားဖို့ဆိုတာက ကျွန်တော်တို့ချည်းပဲ တားလို့မရဘူး။ တားတာကတော့ အားလုံးဝိုင်းတားမှပဲ ရမယ်ထင်တယ်။ ၀ယ်တဲ့သူကလဲ မ၀ယ်မှပေါ့နော်။ အားလုံးဝိုင်းလုပ်မှပဲ ရမယ်ထင်ပါတယ်။ ၀ယ်တဲ့သူရှိနေသမျှကတော့ ရောင်းတဲ့သူလဲ ရှိနေဦးမှာပါပဲ။ ဒါကတော့ ဒီလိုပဲရှိနေမှာပဲလေ။ ဒီတော့ ၀ယ်တဲ့သူကလဲ မ၀ယ်နဲ့။ ရောင်းတဲ့သူကလဲ ကိုယ်ကျိုးမကြည့်ဘဲ မရောင်းဘူးဆိုရင် ဒီ့ထက်ပိုပြီး အဆင်ပြေနိုင်မယ်ထင်ပါတယ်။ ဟုတ်။

9အခုဆိုရင် အင်တာနက်ကတဆင့် နိုင်ငံရပ်ခြားမှာရောက်နေတဲ့သူတွေက သူတို့ချစ်တဲ့၊ သဘောကျတဲ့အနုပညာရှင်တွေရဲ့ အနုပညာဖန်တီးမှုတွေ ကို Website တွေမှာ ကြည့်ရှုအားပေးနိုင်သလို တခါတလေမှာ ကောလဟလမဟုတ်မမှန်တာတွေကိုလဲ လုပ်ကြံပြီးရေးနိုင်တယ်ဆိုတော့ အကိုအနေနဲ့ အဲဒီအပေါ်မှာရော အကိုရဲ့သဘောထားလေးကို သိချင် ပါတယ်အကို။
အဓိကကတော့ နောက်ဆုံးတည့်တည့်ကြီး ကိုယ့်ကိုမကောင်းတာ ပြော နေရင်တောင်မှ အကို့အနေနဲ့ ဘယ်လိုမှ ပြန်ဖြေရှင်းမှာလဲ မဟုတ်ဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့လဲ ခံစားနေမှာ မဟုတ်ဘူး။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပေါ့နော်။ အဲဒီလိုပဲ ယူဆတယ်။ အချိန်တန်ရင် ဘယ်သူကမှန်တယ် ဘယ်သူကမှားတယ်ဆိုတာ သိသွားမှာပဲ။ ဒါပေမယ့် အဲဒီအချိန်အတွင်းမှာတော့ ကြံကြံ့ခံနိုင်ဖို့ လိုတာပေါ့နော်။ ကိုယ်ကသာ မှားတာမလုပ်နဲ့။ အဲလိုပဲ ယူဆပါတယ်။ ဟို... သူတို့မှာလဲ ရေးပိုင်ခွင့်ရှိတယ်ကွာ။ ကိုယ်ရေးကိုယ်တာ ကိုမထိခိုက်သရွေ့ သူတို့ရေးပိုင်ခွင့်ရှိသလို ဒီထက်ဆိုးလာပြီး ကိုယ့်ကို မနာလိုတဲ့သူလဲ ရှိလာမှာပဲ။ ကိုယ့်ကို အားပေးတဲ့သူရှိသလို မပေးတဲ့သူလဲရှိမှာပဲလေ။ အဲဒီတော့ မတတ်နိုင်ဘူး။ အဓိကကတော့ အင်း ...ဘုရားပဲ ဆုံးဖြတ်ပါလိမ့်မယ်။

ဟုတ်ကဲ့။ ဒါပေါ့ ဒါပေါ့။ အရေးကြီးတာက ကိုယ့်ဘက်က မှန်ဖို့ပဲ လိုတယ်။ ဘယ်သူ့ဘက်က မှားမှား။
ဟုတ်တယ်။

အကို့ကိုပေါ့နော် ဆက်သွယ်အကြုံပေးလို့ရမယ့် email လိပ်စာ၊ facebook account ဒါမှမဟုတ် အကို့ရဲ့ ကိုယ်ပိုင် website ရှိရင်လဲ အကို့ရဲ့ ပရိသတ်တွေအတွက် ပြောပြပေးဦး အကို။
facebook ကတော့ Lon Wah L (Lung Wah L ပေါ့) ဆိုပြီးတော့မှ facebook မှာရှိတယ်။ email ကတော့ This e-mail address is being protected from spambots. You need JavaScript enabled to view it ပေါ့နော်။ ဟုတ်။

10ညီမတို့ MYMClub ကိုရော ဝေဖန်အကြံပေးချင်တာလေး ရှိလားအကို။ အကို ဘယ်လိုဝေဖန် အကြံပေးချင်လဲမသိဘူး။
ဟုတ်... ကောင်းပါတယ်။ ဝေဖန်ချင်တာကတော့ ဝေတော့ဝေဖန်တယ် လို့လည်း ပြောလို့တော့မရဘူးပေါ့နော်။ အခုဆိုရင် ရန်ကုန်မှာကတော့ Broadcast Stream Media တွေက အနုပညာရှင်တွေကို amount တခု အနေနဲ့ သူတို့သတ်မှတ်ပြီး ပေးတယ်ပေါ့နော်။  အကိုတို့အတွက်က တော့ မလိုအပ်ဘူး။ အကိုဆိုရင် ဆိုနိုင်တယ်။ လုပ်နိုင်တဲ့အတွက် ကြောင့် မလိုအပ်ဘူး။ ဒါပေမယ့် ဒီရှေးခေတ်ဆိုခဲ့တဲ့ အနုပညာရှင်တွေ အဆိုတော်တွေက လိုအပ်တဲ့အတွက်ကြောင့် ဖြစ်နိုင်ရင် Broadcast Stream Media အနေနဲ့ တခြားတတ်နိုင်တဲ့ အကူအညီတွေရမယ် ဆိုရင် အကိုတို့ဆီမှာရှိနေတဲ့  senior တွေ.. senior တွေကိုပေါ့နော်။ ဟို တချို့ ကလဲ လုံးဝအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်နေတာ ရှိသလို တချို့ကလဲ အခုထက်ထိကိုပေါ့နော် ရုန်းကန်နေရတဲ့သူတွေ ရှိတယ်ပေါ့နော်။ အဲလိုလူမျိုးတွေအတွက်တော့ ညီမတို့ ပြန်ကြည့်ပေး သင့်တယ်။ အဲလို အကြံပေးချင်ပါတယ်။ ဒါဝေဖန်တာ မဟုတ်ပါဘူး။ အကြံပေးတာပါ။ အကိုတို့အနေနဲ့က မလိုအပ်ဘူး။ တကယ်ကို မလိုအပ် သေးဘူး။ ဒါပေမယ့် ဥပမာ ဘယ်လိုပြောရင် ကောင်းမလဲဆိုတော့ တချို့ရှိပါတယ်။ လူကြီးတွေဆိုရင် အခုအချိန်အထိ အဆိုတော်တွေ ကတော့ ထားလိုက်ပါတော့။ တေးရေးဆရာတွေ တီးဝိုင်းလုပ်တဲ့သူတွေ နောက် တေးဆိုအဟောင်းတွေပေါ့နော်။ ဟို မြန်မာအသံတွေပေါ့။ တေးဆိုအဟောင်းတွေဆိုရင် သူတို့အတွက်ကတော့ ဘယ်လောက်ပဲဖြစ်ဖြစ် အကျိုးရှိမယ်ထင်တယ်။ နောက်ပြီးတော့ ဒီလိုမျိုး အားလုံး လုပ်နိုင်မယ်ဆိုရင် တကယ်လို့သာ ညီမတို့ ဒီ production ဌာနကြီးကပိုပြီး အောင်မြင်နိုင်လိမ့်မယ်ထင်တယ်လေ။ ရန်ကုန်ကလူတွေနဲ့ ဒီလို communication ရှိတဲ့အခါကျတော့ ရန်ကုန်နဲ့ ဟို အကိုဆိုရင် ဒီရောက်မှ ညီမတို့ကို ကြားဖူးတာကွာ။ ရန်ကုန်မှာကတည်းက ဒီ website ကရှိနှင့်တဲ့အခါကျတော့ website ကဘယ်လိုဘယ်လို အကျိုးရှိတယ်ဆိုတာကို သိရမယ်ဆိုရင် ညီမတို့ရဲ့  Broadcast Stream ဌာနကြီးက ပိုပြီး အောင်မြင်မယ်ထင်တယ်။ ဟိုညီမတို့ အနေနဲ့ သက်ကြီးပူဇော်ပွဲတို့ ဘာတို့ အဲလိုမျိုးဆိုရင် ရန်ကုန်ဘက်က လူတွေက ညီမတို့ကို ပိုပြီး စိတ်ဝင်စားလာမယ်လေ။ မြန်မာနိုင်ငံဘက်က လူတွေက။ အဲဒါဆိုရင် ပိုပြီး အောင်မြင်လာမယ် ထင်တယ်။

အခုလို အချိန်ပေးပြီး ညီမတို့ သိချင်တာမှန်သမျှကို ဖြေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်။ အကို ဒီထက်လဲပိုပြီးတော့ အောင်မြင်ပါစေ။ အကိုချစ်တဲ့ အနုပညာလုပ်ငန်းတွေရော ဆရာဝန်လုပ်ငန်းတွေမှာပါ အကိုချစ်တဲ့ မိသားစုနဲ့ အတူ အကိုချစ်တဲ့လူတွေနဲ့ အတူ ထာဝစဉ်ပျော်ရွှင်စွာ လက်တွဲပြီး ဒီထက်မက အောင်မြင်တဲ့ စိတ်ချမ်းသာစရာ ကောင်းတဲ့ မိသားစုဘ၀လေးတည်ဆောက်နိုင်ပါစေလို့ ညီမတို့ MYMClub မိသားစုကိုယ်စား ဆုတောင်းပေးပါတယ်နော်။
ကျေးဇူးတင်ပါတယ် ညီမ။



အင်တာဗျူးကို အသံနှင့်နားထောင်ချင်တယ်ဆိုရင်တော့...

MYMC Interview Team
Interviewer | Brutal^Beach
Questions | ILLusion
Write-Up | ILLusion
Audio Edit | ^AnGeL^, Junior
Special Thanks | Ma Chit Thae