forhim

 

MYMC မှာ အရင်တုန်းကလုပ်ခဲ့ဖူးတဲ့ ချစ်သူနားဆင်ဖို့ (ကောင်လေး) လိုမျိုးပဲ မိန်းကလေးဘက်က ခံစားချက်တွေကိုပဲ ရွေးထုတ်ပြီးတော့ မိန်းကလေးအချစ်သီချင်းတွေချည်းပဲစုပြီး Playlists တစ်ခုလုပ်မယ်လို့ စဉ်းစားမိတာနဲ့ လုပ်ဖြစ်သွားတာပါ။ ယောကျာ်းလေးဘက်ကပဲ ခံစားချက်သီချင်းတွေများနေတော့ အသစ်အဆန်းလေးပေါ့။ Melody နဲ့လိုက်အောင် အချစ်သီချင်း ချိုချိုလေးတွေပဲ သီးသန့်ရွေးထားတာပါ။ MYMC ရဲ့ မိန်းကလေးပရိသတ်အတွက် အကြိုက်တွေ့မယ်လို့တော့ ထင်ပါတယ်။ ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူကောင်လေးကို မိန်းကလေး ဖြစ်နေလို့ ခံစားချက်တွေ ထုတ်ပြောရမှာ ခက်နေတယ်ဆိုရင် ဒီသီချင်းလေးတွေကတဆင့် အသိပေးလို့ရတာပေါ့။ Download link ကိုလည်း ထည့်ပေးထားပါတယ်။ နားထောင်ပြီးလို့ သဘောကျတယ်၊ တခုခုခံစားရတယ်ဆိုရင်တော့ အောက်မှာတခုခု ရေးပေးခဲ့ဦးနော်။

 

dl