T.L. စိုး [သိန်းလင်းစိုး D.C.T.] အင်တာဗျူး

Personal Questions

အခု ကိုသိန်းလင်းစိုး မပြောခင်မှာ အရင်က ကိုသိန်းလင်းစိုး အကြောင်း    နည်းနည်းပြောပြပါ။

ကျွန်တော် အရင်ကသီချင်းရေးသူ ၁ယောက်အနေနဲ့ ပဲ    ကျွန်တော်ရပ်တည် ခဲ့တာပါ။ နောက်ပြီး  Jenny  နဲ့ ကျွန်တော်တို့ ရဲ့   Witch  ဆိုတဲ့ အဖွဲ့ ကို ကျွန်တော် manager လုပ်ပေးပါတယ်။ နောက်ပြီး girlband လေးတွေ တော်တော်များများကိုလည်း သီချင်း ရေးပေးခဲ့ပါတယ်။

MYMC TL Soe သိန်းလင်းစိုး အင်တာဗျူး

Hip-Hop လောကထဲကိုဘာအကြောင်းနဲ့ ဝင်လာခဲ့ပြီးတော့ ဘယ်နှစ်ခုနှစ် လောက်က စ၀င်လာခဲ့တာလဲ။

Hip-Hop လောကထဲကို ၀င်လာတာကတော့ ကျွန်တော်ကိုယ်တိုင်လည်း  Hip-Hop တွေကိုကြိုက်နှစ်သက်လို့ ပါ။ ရည်ရွယ်ချက်က R & B ဆိုတဲ့လူ ၁ယောက် အနေနဲ့ ပဲ ၀င်ခဲ့တာ။ ဘာဖြစ်လို့ လဲဆိုတော့  ကျွန်တော်က melody သမား ၁ယောက်ပါ။ ၀င်လာတဲ့ ခုနှစ်ကတော့  ၂၀၀၄ခုနှစ်... ဟုတ်တယ်... ၂၀၀၄ခုနှစ် လောက်က ဖြစ်ပါတယ်။


အစ်ကိုရဲ့ မွေးနေ့ကိုပြောပြပေးပါခင်ဗျာ။

ကျွန်တော့် မွေးသက္ကရာဇ်ကတော့ ၂၄ရက်  ၈လပိုင်း ၁၉၈၄ ပါ။


အစ်ကိုအနေနဲ့ Chili နဲ့ ပဲသီချင်းတွေကိုသီဆိုနေဦးမှာလား?

အမှန်က Chili နဲ့ က family မဟုတ်ဘူးဗျ။ သူတို့ နဲ့ က အစကတည်းက သူငယ်ချင်းတွေဆိုတော့ သူတို့  သီချင်းတွေမှာ ကျွန်တော်က featuring ဆိုဖြစ်တာများတယ်လေ။ ကျွန်တော့်မှာ group ရှိပါတယ်။ နာမည်က တော့ D.C.T လို.ခေါ်ပါတယ်။ member တွေက Dim... ချစ်စိုး... သိန်းမြင့်ဦး နဲ့  ကျွန်တော် သိန်းလင်းစိုးပါ။


Single ထွက်ဖို့ရောအစ်ကို ဆီမှာစီစဉ်ထားတာ တွေများရှိ လား?

Single ခွေကတော့ လုပ်နေတုန်းပဲဗျ။ လောလောဆယ်တော့ D.C.T သီချင်းတွေ ဦးစားပေးပြီး လုပ်နေပါတယ်။


Hip Hop Questions

ကျွန်တော်တို့  အခု  ပထမမျိုးဆက်ကနေ ပြောင်းလဲလာတဲ့အချိန်မှာ  Pop-Rap  တွေအရမ်းဖုံးလွမ်းလာတာ... ကျွန်တော်တို့  လဲအဲဒါကို Hip-Hop ထင်ခဲ့မိတယ်။ ဒါပေမယ့်ဒုတိယမျိုးဆက်တတ်လာတဲ့အချိန်မှာ ကျွန်တော်တို့ Hip-Hop ဆိုတာဘာလဲကို တော်တော်နားလည် သွားတယ်။ အခုကျွန်တော်တို့ တတိယမျိုးဆက်ထဲကို  စတင်ဝင်ရောက်နေပြီပေါ့…   အစ်ကိုအနေနဲ့  တတိယမျိုးဆက် ကရောဘယ်လို အပြောင်း အလဲမျိုးချပြဦးမှာလဲ? ကျွန်တော်ဆိုလိုချင်တာက ပထမမျိုးဆက်နဲ့ ဒုတိယမျိုးဆက် အပြောင်းအလဲမှာလူငယ်တွေကို Hip-Hop ဆိုတာဘာလဲသိအောင်အပြင် လူကြီးပိုင်းတွေကိုပါဒီဂီတနဲ့  ဆွဲဆောင်နိုင်ခဲ့ တာပေါ့။ တတိယမျိုးဆက်ကရော ဘယ်လိုအပြောင်းအလဲမျိုး တွေချပေးသွားမှာလဲ?

အင်း... ဟုတ်တယ်ဗျ။ ပထမမျိုးဆက်မှာလည်းတကယ်  skill  ရှိတဲ့သူတွေ  Hip-Hop ကို တကယ် စိတ်ဝင်စား တဲ့သူတွေလောက်ပဲ ကျန်ခဲ့တာ။ ဒုတိယမျိုးဆက်ရောက်လာပြန်တဲ့ အခါကျတော့လည်း Hip-Hop ကပိုပြီးရုပ်လုံးကြွလာခဲ့တယ်။ ပြီးတော့ တတိယမျိုးဆက် ရောက်လာတဲ့အခါကျတော့ Hip-Hop ကဘယ်လိုပုံစံမျိုးဖြစ်လာမယ်ဆိုတာ မခန့် မှန်းတတ်ဘူးဗျ။ ဘာဖြစ်လို့  လဲဆိုတော့ ကျွန်တော် က Rap တွေဆိုနေတဲ့ Rapper ၁ယောက်မဟုတ်တော့ ကျွန်တော်လည်းအတိအကျမပြောတတ်ဘူး။ နောက်ပြီးလူကြီးပိုင်းတွေကဒီ Hip-Hop ကိုလူတိုင်းကြိုက်နှစ်သက်အောင် ဆွဲဆောင်နိုင်တယ် ဆိုတာကလည်း ကျွန်တော်တို့ ရဲ့  ကြိုးစားမှုပေါ့။ ကျွန်တော်တို့ ရဲ့  နောင်တော်တွေ ကြိုးစားခဲ့လို့ လည်း ဒီနေ့ ဒီလို အခြေအနေမျိုး ဖြစ်လာခဲ့ရတာလေ။

MYMC TL Soe သိန်းလင်းစိုး အင်တာဗျူး

ကျွန်တော်ကိုယ်တိုင်လဲ Hip-Hop ကိုကြိုက်နှစ်သက်တဲ့လူငယ်တစ်ယောက်ပါ ကိုသိန်းလင်းစိုး  ဒီ Hip-Hop ကို ၁၉၉၀ ပြည့်နှစ်လွန် တွေမှာ Acid ကရန်ကုန်မြို့ရဲ့  club တွေမှာ စတင်မိတ်ဆက် ခဲ့ပါတယ်။ ဒီမတိုင်ခင် ၁၉၈၀ ပြည့်နှစ်လွန်တွေက ကိုမျိုးကြော့မြိုင်က Rap ကိုမိတ်ဆက်ပေး ထားတယ်။ အခု ၂၀၀၉ ကိုရောက်ခဲ့ပြီ။ တတိယမျိုးဆက် လဲစနေပြီ... ဟုတ်ကဲ့... ကျွန်တော် သိချင်တာက ဒီကြားထဲမှာ rapper တွေဘယ်လောက်ပင်ပန်းဆင်းရဲခဲ့လဲ underground family တွေလယ်လိုအခက်အခဲကြုံတွေခဲ့လဲ ဆိုတာကို Hip-Hop ပရိတ်သတ်တွေသိစေချင်တယ်ခင်ဗျာ  အဲဒါကို ကိုသိန်းလင်းစိုး အနေနဲ့ပရိတ်သတ်ကြီးကိုအစ်ကိုအတွေ့အကြုံလေးတွေ ပြောပြပေး စေချင် ပါတယ်။

ဒါကတော့ဗျာ music အသစ်၁ခုကို စလုပ်ပြီဆိုရင်တော့ဒီ music ကိုလက်ခံတဲ့သူတွေ ရှိသလို လက်မခံနိုင်တဲ့သူတွေလည်း ရှိတယ်လေ။ ဒီလိုအခက်အခဲတွေကြားကနေ Hip-Hop ကဒီနေ့ ဒီလိုဖြစ်လာရတယ်ဆိုတော့ ကျွန်တော်တို့ အတွက် အားရကျေနပ် စရာပါ။ လက်တလောအနေနဲ့ က underground family ကြုံနေရတာကတော့ ခွေထုတ်ပေးမယ့်သူ မရှိဘူးဗျ။ ဘာလို့   လဲဆိုတော့အဓိကကခိုးကူးခွေတွေကြောင့်ပဲ။ ခိုးကူးတွေကနှိပ်ဆက်တော့ producer တွေကမထုတ်ပေးနိုင်တော့ဘူး။ အဲ့ဒါကြောင့် နောက်တက်တဲ့လူငယ်တွေတော်တော်များများက sample လုပ်ပြီးတော့ underground မှာသူတို့  သီချင်းလေးကို လူတွေသိအောင် လိုက်ဖြန့် ကြတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း လက်ရှိမှာဒီလိုအနေအထား အတိုင်းရှိပါတယ်။ ကျွန်တော် လည်း ဒီလိုလိုက်ဖြန့်  နေရတာပါပဲ။


အခုအစ်ကိုရဲ့  သီချင်းလေးတွေအကြောင်း ဆွေးနွေးကြရအောင်။ ကိုသိန်းလင်းစိုးရဲ့ Gold Digger သီချင်းဟာအခုလူငယ်တွေ တော်တော် များများ ကြိုက်နှစ်သက်ကြတယ်ခင်ဗျာ။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ဒီ Gold Digger သီချင်းလေးက ကျွန်တော် ၁ယောက်တည်း မဟုတ်ဘူးခင်ဗျ။ D.C.T group အနေနဲ. လုပ်တဲ့ သီချင်းလေးပါ။ လူအများမလုပ်ဖြစ်တဲ့ အကြောင်းအရာလေးတွေကို ရွေးပြီး လုပ်ဖြစ်တဲ့ သဘောပါ။ ဒီသီချင်းလေးကို အဓိက မောင်းနှင်သွားတဲ့ သူက ကျွန်တော်တို. D.C.T group ထဲက သိန်းမြင့်ဦ်း ဖြစ်ပါတယ်။ ဒီသီချင်းမှာ သူတော်တော် ပင်ပန်းသွားတယ်ဗျ။ နောက်ပြီး ဒီ Gold Digger ကို music တွေ ဖန်တီးပေးတဲ့ သူက  C2  ဖြစ်ပါတယ်။ သူက ဒီ Gold Digger ကို အဓိက ဖန်တီးပေးတဲ့ music producer ၁ယောက်ပါ။


အစ်ကိုအနေနဲ့  Gold Digger  သီချင်းပုံစံလေးတွေဘဲ  Hip-Hop  ပရိတ်သတ်ကိုဆက်လက်ပေးနေဦးမှာလား? အပြောင်းအလဲ အနေနဲ့  Forever With You  R&B သီချင်းပုံစံ ဒါမှမဟုတ် new school တွေရောချပြဖို့ အစီအစဉ်ရှိလား မသိဘူး?

D.C.T group  အနေနဲ့ ကတော့  R&B  ဘက်ကိုနည်းနည်းရောက်ပြီးတော့ပဲ Gold Digger လိုနည်းနည်းဆန်းတဲ့ အကြောင်းအရာမျိုး တွေ ပရိတ်သတ်ကိုပေးမှာပါ။ ကျွန်တော် ၁ယောက်တည်း အနေနဲ့ က R & B ကိုမှ old school နဲ. new school ရောပြီးကိုယ်ရဲ. ပုံစံလေး ဖြစ်လာအောင် ကြိုးစားကြည့်ရမှာပေါ့။


ပရိတ်သတ်ကို ဘယ်လိုသီချင်းပုံစံမျိုးတွေနဲ့ချပြဖို့အစ်ကိုစဉ်းစားထားလဲ

R&B သမားဆိုတော့အချစ်အကြောင်းနည်းနည်းများမယ်ဗျ။ နောက်ပြီး  party  တို့   club  တို့ အကြောင်းအရာလေးတွေလည်း လုပ်ဖြစ်မှာပါ။


လူငယ်တွေရဲ့ ရင်ထဲမှာ Hip-Hop beat တွေလဲစိုးမိုးနေပြီ အစ်ကို  Hip-Hop ကိုမြတ်နိုးလို့  Hip-Hop လောကထဲကို ခြေစုံပစ်ဝင်လာတဲ့လူငယ်တွေလဲရှိလာတယ်။ Hip-Hop လောကထဲ ခြေစုံပစ်ဝင်လာတဲ့ လူငယ်တွေကို အစ်ကိုတစ်ယောက် အနေနဲ့ ရော senior တစ်ယောက်အနေနဲ့  ရော ဘာတွေအကြံပေးချင်ပါလဲ?

ဒါကတော့ဗျာ ဒီ Hip-Hopper ၁ယောက်နဲ့  ၁ယောက် သီချင်းထဲမှာ ပြောနေကြမယ့်အစား စည်းစည်းလုံးလုံးနဲ့  ကြိုးစားကြမယ် ဆိုရင်တော့  Hip-Hop  ကကျွန်တော်တို့ လိုချင်တဲ့အတိုင်းအတာ ၁ခုအထိရောက်အောင်ပေါ့နော် အင်အားကြီးမားသွားမယ်လို့  ကျွန်တော် ယူဆပါတယ်။


MYMC TL Soe သိန်းလင်းစိုး အင်တာဗျူးUnderground family  တွေအနေနဲ့ ဆောင်ရန်ရှောင်ရန်နဲ့  သူတို့  ကြားမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတွေ ပြောပြပေးစေချင်တယ်။

အဓိက ကတော့အဖွဲ့ သားအချင်းချင်း မညီညွတ်တာလည်း  ပါတယ်ဗျ။ နောက်ပြီး တကိုယ်ကောင်းအရမ်းဆန်ပြီး ၁ယောက်တည်း နာမည်ကြီး ချင်တဲ့ စိတ်ဖြစ်တဲ့ အခါမှာလည်း ဒီပြဿနာမျိုးက ဖြစ်နိုင်တယ်။ ကျွန်တော့် အနေနဲ့ ကတော့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အပေါ်မှာ ကျော်တာခွတာ မလုပ်ဘဲနဲ့ ကိုယ့်  family  နဲ့  ကိုယ်စည်းစည်းလုံးလုံး လုပ်တာက ပိုကောင်း မယ်လို့ ထင်ပါတယ်။


အခုတတိယမျိုးဆက်အရောက်မှာ ကျွန်တော် နားထောင်မိ ကြားမိတာ တစ်ခုရှိတယ်အစ်ကို... Gangster-Rapper ဆိုတာ 2Pac လိုအလွန် အောင်မြင်လာခဲ့တယ်။   Gangster-Rap   ကိုလူငယ် တွေ ဘာလို့ ကြိုက်ကြ လဲ ဘယ်လိုမျိုးလဲဆိုတာ ရှင်းပြ ပေးပါ။

အဟမ်း… အဲ့ဒါက ခက်တယ်ဗျ။ ကျွန်တော်က Hip-Hop အကြောင်းကို အရမ်းကြီး ထဲထဲဝင်ဝင်မလေ့လာဘူးတော့ ကျွန်တော် သိပ်မပြောတတ် ဘူးဗျ။


ကျွန်တော်တို့  မေးမြန်းသမျှ  တွေကို စိတ်ရှည်လက်ရှည်  ရှင်းပြပေးလို့   ကျေးဇူးတင်ပါတယ်အစ်ကို ကျွန်တော်တို့    MYMC Radio    အဖွဲ့  ကနေကိုသိန်းလင်းစိုး အောင်မြင်မှု တွေရပါစေလို့ ဆုတောင်းပေး ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဟုတ်ကဲ့ ကျွန်တော်ကလည်း MYMC Radio ကို ခုလို interview    ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

 

MYMC Radio

ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ အစ်ကိုကို တစ်ခုမေးချင်တာကတော့ အစ်ကိုအနေနဲ့ရော အဆိုတော် တစ်ယောက် အနေနဲ့ရောဒီ Online Radio တစ်ခုဖြစ်တဲ့ ကျွန်တော်တို့ MYMC Radio အစ်ကိုအနေနဲ့ ဘယ်လိုမျိုး မြင်လည်းမသိဘူး။ ဘယ်လိုများ အကြံအဥာဏ် ပေးချင်လည်းမသိဘူးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ဟိုးအရင် နှစ်တွေထက်စာရင်တော့ အခု online သုံးတဲ့သူတွေ အရမ်းများလာတဲ့ အခါမှာ online radio ဆိုပြီးပေါ်လာတဲ့ အခါကျတော့  ကျွန်တော်တို့ လိုသီချင်းလုပ်တဲ့ အနုပညာသမားတွေအတွက် media ကောင်း၁ခုပါပဲ။ MYMC လက်ရှိအနေအထားထက်ပိုပြီး အောင်မြင် ပါစေလို့  ကျွန်တော် သိန်းလင်းစိုးက ဆုတောင်းပေးလိုက်ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

Peace Bro…!

 

Interview ကိုအသံနဲ့နားထောင်ချင်တယ်ဆိုရင်တော့...

MYMC Interview Team

Interviewer : GhostInTheRain

Write-up : မီးအိမ်ရှင်

Manager : mahuyar