
MYMC အတွက် YDNB ကကိုဖြိုးဝေ (Mr Phyo) လုပ်ပေးခဲ့တဲ့ Hip Hop (Rap Version) နဲ့ MYMC Theme Song ကို၂နှစ်ပြည့်တုန်းက အမှတ်တရအနေနဲ့ တင်ပေးခဲ့ဖူးပါတယ်။ မသိသေးသူများအတွက် ဒီမှာသွားကြည့်နိုင်ပါတယ်။ ကျွန်တော်တို့လုပ်လာတဲ့သက်တမ်း တစ်လျှောက် အသစ်သစ်တွေကို ရရင်ရသလိုအားရင်အားရင် တင်ဆက်ပေးသလို ကျွန်တော်တို့အတွက် အခုလိုအချိန်ကုန်ခံလုပ်ပေးတဲ့ သီချင်းတွေ၊ Fan Signs တွေအတွက်လည်း တစ်ကယ်ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းမှာ စာမျက်နှာတစ်ခုနဲ့သက်သက် ကြိုးစားပြီး တင်ပေးနိုင်အောင် လုပ်မှာပါ။ အခု MYMC For You သီချင်းက Pop ချိုချိုလေးနဲ့ ပြည်စိုးက MYMC အတွက်သူကိုယ်တိုင်ရေး သူကိုယ်တိုင်ဆို သူကိုယ်တိုင်တီးထားပေးထားတာပါ။ ပြည်စိုးက အခုမှတက်သစ်စ Pop လူငယ်လေးတစ်ယောက်ပါ။ သူရဲ့ မြန်မာမလေး သီချင်းကို MYMC မှာမကြာမကြာ ထုတ်လွှင့်ပေးဖူးပါတယ်။ မရှိသေး မသိသေးသူတွေအတွက် ဒီက Download ယူနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို တကူးတက လုပ်ပေးတဲ့ညီလေး ပြည်စိုးကို MYMC ကဒီနေရာကပဲ ကျေးဇူးတင်တယ်လို့ ပြောပါရစေ။ ရှေ့ရောက်ပြီး အောင်မြင်မှုတွေ ထေးပိုက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Link နှစ်နေရာမှာ သီချင်းကိုတင်ထားပေးပါတယ်။ Hulkshare နဲ့ Mediafire ပါ။ ကြိုက်တာကနေ Download ယူနိုင်ပါတယ်။ သီချင်းကိုခံစားရင်း ဝေဖန်မှု၊ အားပေးမှုတွေကို အောက်မှာထားခဲ့နိုင်ပါတယ်။

