MYMC မှာ Best Female Artists ဆိုပြီးတစ်ကယ့် နာမည်ကြီး တွေရဲ့ သီချင်းတွေနဲ့ Playlist တစ်ခု လုပ်ပေးဖူးပါတယ်။ အခုကတော့ Lady Gaga, Beyonce, Rihanna စတဲ့ နာမည်ကြီး လူသိများတဲ့ထဲက မဟုတ်ပဲနဲ့ အသင့်အတင့်နဲ့ သူဟာသူအောင်မြင်နေကြတဲ့ အမျိုးသမီးအဆိုတော်တွေရဲ့ သီချင်းတွေနဲ့နောက် Playlist တစ်ခုတင်ဆက်လိုက်ပါတယ်။ Electronic Pop တွေနားထောင်နေရတာ ရိုးနေရောပေါ့။ ဒါကြောင့်ဒီတစ်ခါတော့ Rock/Pop တွေရယ် Country တစ်ပုဒ်တစ်ခု၊ နှစ်ခုရယ်လောက်ကို ရောပြီးအခု Chicks Rox ဆိုတဲ့ Playlist အသစ်တင်ပေးလိုက်ပါတယ်။ တစ်ကယ်ပေးတဲ့ Comment တိုင်းဟာကျွန်တော်တို့အတွက် လုံးဝအားဆေးတစ်ခွက်ပါပဲ။ Download ကို Mediafire Link အောက်မှာမကြာခင် တင်ပေးသွားမှာပါ။ တင်ပြီးသွားတာနဲ့ Download Mediafire ဆိုတဲ့အောက်မှာ ပေါ်မယ့်ပုံကိုနှိပ်ပြီး ရယူနိုင်ကြပါတယ်။ IDM တွေနဲ့ဆွဲချင်လည်း ဆွဲနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုသတိပြုဖို့က ကျွန်တော်တို့ရဲ့ Playlist တွေမှာနာမည်တွေ A1,B2 စသဖြင့်ကလွဲလို့ ဘာဆိုဘာ Information မှမပါပါဘူး (မလိုအပ်တဲ့ Crawler မတက်စေချင်လို့ပါ)။ ကိုယ့်ဟာကို တစ်ပုဒ်ချင်းဆီကို စိတ်ရှည်လက်ရှည်နဲ့ နာမည်ထည့်ဖို့ မပျင်းဘူးဆိုရင်တော့လည်း Download Manager တွေနဲ့လည်း ဆွဲနိုင်ပါကြောင်း..
|
|
| < Prev | Next > |
|---|




