Android for MYMC Radio

MYMC Facebook Wall မှာ Listener တစ်ယောက်က Android နဲ့နားထောင်ဖို့ ပိုပြီးအဆင်ပြေမယ့် နည်းလမ်းရှာ တွေ့ပြီး Share ပေးထားလို့ Tutorial တစ်ခုလုပ်ပြီး ပြန်တင်ပေး လိုက်ပါတယ်။ အရင်တုန်းက m.yourmuze.fm ကနေ Acct လုပ်ပြီးမှ နားထောင်ရတဲ့အတွက် နည်းနည်းပို အလုပ်ရှုပ်ပြီး သိပ်အဆင်မပြေလှပါဘူး။ အခုဒါကတော့ Apps တစ်ခုကို Install ပြီး Link ထည့်သုံးရုံပဲမို့ တော်တော်ကြီး အဆင်ပြေပါတယ်။ အောက်မှာ Step by Step Tutorial ကိုပုံနဲ့အတူ ဖော်ပြထားပေးပါတယ်။


ပထမဆုံး Android Market ကိုဖွင့်ပြီး Search မှာ xiialive ဆိုပြီးရိုက်ထည့်လိုက်ရင် ပထမဆုံးပုံမှာ ပြထားတဲ့အတိုင်း ကျလာပါလိမ့်မယ်။ XiaLive Lite - Online Radio ကိုတစ်ချက်ထောက်လိုက်ရင် ဒုတိယပုံမှာပြထားတဲ့အတိုင်း Install လုပ်တဲ့ Page ကိုရောက်သွားပါမယ်။ Install ကိုတစ်ချက်ထောက်ပြီးရင် Google က TOA (Terms of Agreement) တက်လာရင် Accept နှိပ်ပြီး Install ဆက်လုပ်ပါ။ Install လုပ်ပြီးတဲ့အခါ Apps ကို Run လိုက်ပါ။ တတိယပုံမှာ ပြထားတဲ့အတိုင်း Screen ကျလာပါလိမ့်မယ်။ Close ကိုတစ်ချက်နှိပ်လိုက်ပါ။

 

-Screen Cap တွေသေးလို့သေချာ မမြင်ဘူးဆိုရင် Click နှိပ်ပြီးအကြီးချဲ့ ကြည့်နိုင်ပါတယ်။-



install လည်းပြီးပြီ၊ Apps ကိုလည်း Run ပြီးရင်တော့ Radio နားထောင်ဖို့အတွက် Config လုပ်ကြတာပေါ့။ ပုံ၎မှာပြထားတဲ့ Screen ကိုရောက်တဲ့အခါကျရင် Favorites ကိုတစ်ချက်နှိပ်လိုက်ပါ။ ပြီးသွားပြီဆိုရင်ပုံ၅မှာ Add to favorite ကိုတစ်ချက်နှိပ်ပါ။ Radio Link ထည့်ဖို့အတွက်ပုံနံပတ်၆မှာ ပြထားတဲ့အတိုင်း ကျလာပါလိမ့်မယ်။ အဲ့ဒါဆိုရင်တော့ " " မပါပဲ "http://wma1.viastreaming.net/MYMC" ကိုပုံ၇မှာပြထားသလို ရိုက်ထည့်ပြီး Accept တစ်ချက်နှိပ်လိုက်ပါ။  ရိုက်တာမှန်ရင် Verify ဖြစ်တယ်ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ပြီးသွားပြီဆိုရင်တော့ နာမည်နဲ့ Music Genre ကိုထည့်ပေးဖို့အတွက် Box ကျလာပါလိမ့်မယ်။ ဒါကတော့ ကိုယ့်အတွက်အဆင်ပြေလို ထည့်လို့ရပါတယ်။ ပုံ၈မှာပြထားသလို ပထမဆုံးအကွက်မှာ Myanmar Youth Media Club Radio ဖြစ်ဖြစ် MYMC Radio ဖြစ်ဖြစ် MYMClub Radio ဖြစ်ဖြစ်ကိုယ့်စိတ်ကြိုက် အဆင်ပြေသလို ထည့်လို့ရပါတယ်။ ပြီးသွားရင်တော့ ဒုတိယအကွက်မှာလည်း Music နဲ့ပတ်သက်ပြီး ထည့်လို့ရပါတယ်။ ပုံမှာပြထားတာရှည်တယ်ဆိုရင် Rock ဖြစ်ဖြစ် Mix ဖြစ်ဖြစ် General ဖြစ်ဖြစ်ကြိုက်တာထည့်ပြီး add ကိုတစ်ချက်နှိပ်လိုက်ပါ။

 


ကဲ Link လည်းထည့်ပြီးပြီ Favorites ထဲလည်းရောက်သွားပြီဆိုတော့ ရမရစမ်းပြီးနားထောင်ဖို့ပဲ ကျန်ပါတော့တယ်။ ခုနတုန်းက ထည့်ထားတာ အဆင်ပြေတယ်ဆိုရင် အခုပုံ၉မှာမြင်ရတဲ့အတိုင်း Favorite ထဲမှာ၁ခုရှိနေတာ တွေ့ရပါလိမ့်မယ်။ ဒီထဲမှာ Mix ဆိုတာ Music Genre မှာအတိုကောက် ပေးထားလို့ ဒီအတိုင်းပေါ်တာပါ။ အထက်ကအဆင့်မှာလို Rock ဖြစ်ဖြစ်ဘာဖြစ်ဖြစ် ကိုယ်ကြိုက်တာနဲ့ ပေးခဲ့မယ်ဆိုရင် အဲ့ဒီနာမည်နဲ့အခုဒီမှာ မြင်ရမှာပါ။ Mix ပေါ်မှာတစ်ချက်နှိပ်ရင် ပုံမှာမြင်တဲ့အတိုင်း MYMC Radio ဆိုပြီး Favorite မှာထည့်ထားတာလေးတစ်ခုကို မြင်ရမှာဖြစ်ပါတယ်။ အဲ့ပေါ်ထောက်လိုက်ရင်တော့ နောက်ဆုံးပုံမှာပြသလိုမျိုး Page ပေါ်လာပြီး Connecting လုပ်ပြီးတဲ့အခါမှာတော့ Buffering တက်တာ၁၀၀%ပြည့်ရင် Radio ကိုကြားရမှာဖြစ်မှာတယ်။



အဆင်ပြေမယ်လို့တော့ ထင်ပါတယ်။ တစ်ခုခုဆိုရင်အောက်မှာ Comment ထားခဲ့ပြီးမရတဲ့အဆင့်ကို မေးမြန်းနိုင်ပါတယ်။ ဒီ App ကိုရှာခဲ့ပေးတဲ့ MYMC Listener Atk Noheart ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

 

Phone used for this Tutorial - Motorola Droid X (Tested and Working), Screen Cap Taken with Android SDK & Java SDK (without Rooting)

 

P.S Tutorial ကိုသုံးမယ်ဆိုရင် MYMC ကို Credit ပြန်ပေးပါ။ လိုချင်လွန်းလို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့အချိန်ပေး သေချာလုပ်ထား တဲ့သူတွေကို စာနာစေချင်လို့ပါ။