For You (မင်းအတွက်ပါ) - ၃


အရင်နှစ်လလောက်က ချစ်သူနားဆင်ဖို့ တေးကဗျာ၃ ဆိုပြီး ကောင်မလေးတွေ အတွက် ကောင်လေးက ပေးတာမျိုးလေး လုပ်ပြီးပြီးဆိုတော့ ဒီတစ်ခါတော့ ကောင်မလေး တွေကကောင် လေးတွေအတွက် ချစ်သူ မင်းအတွက်ပါ၃ လုပ်ဖို့အလှည့် ရောက်လာပါပြီ။ လုပ်ခဲ့သမျှ Playlist တွေထဲမှာ ဒီ Playlist ကအချိန်ယူ ခဲ့ရဆုံးပါ။ January လောက်ထဲက တင်ဖို့စီစဉ်ပေမဲ့ မအားတာရော သီချင်းမစုံတာနဲ့ ရွှေ့ရင်းနဲ့ အခုလောက် ဖြစ်သွားတာပါ။ ဒီ Playlist ကိုလည်း ချစ်သူနားဆင်ဖို့ တေးကဗျာ၃လို အရောလုပ် လိုက်ပါတယ်။ ကောင်မလေးက ကောင်လေးကို ပြောထားတဲ့ ပုံစံမျိုးလေးပေါ့။ မိန်းကလေးဘက်က ခံစားချက်ဦးစားပေးပေါ့။ ကြိုက်ကြမယ်လို့ ထင်ပါတယ်။ Playlist တိုင်းကကျွန်တော်တို့ သေချာအချိန်ယူ သီချင်းသေချာစုပြီးမှ လုပ်ထားတာပါ။ လွယ်လွယ်နဲ့ Playlist တစ်ခုဖြစ်ပြီးရော ခေါင်းစဉ်လေးတပ် ထည့်ချင်တဲ့သီချင်းတွေ ကောက်ထည့်ပြီး Playlist လို့ကျွန်တော်တို့ တပ်ထားတာ မဟုတ်ပါဘူး။ နားထောင်သူတွေ အနှစ်ကို ပေးနိုင်အောင် တတ်နိုင်သလောက် လုပ်ထားတော့ ဘာပဲဖြစ်ဖြစ် နားထောင်တဲ့သူတွေ ဆီက Feedback/Comment တွေရရင် ကျွန်တော်တို့ အတွက်လည်း အဆင်ပြေပါတယ်။ ဒီ Playlist မှာတော့ Britney ကသီချင်းတွေ ကူညီပြီး စုထားပေးပါတယ်။ Download Link ကိုအောက်မှာ Mediafire ပေးထားပါတယ်။ Comment လေးတွေ အဆင်ပြေရင် မစပါ။ ကျွန်တော်တို့အတွက် အားဆေးတစ်ခွက်ပါ။

 

Models - Pai Phyo Hein & WutYi Win , Photography - HAK , Photoshopped by MYMC

 

 

Download Here