ချစ်စိုး [D.C.T.] နှင့်အင်တာဗျူး
မေး - မင်္ဂလာပါ ကိုချစ်စိုး ကျွန်မကတော့ MYMCက July ဖြစ်ပါတယ်။
ဖြေ - ဟုတ်ကဲ့ မင်္ဂလာပါ။
မေး - ကိုချစ်စိုးနဲ. ပတ်သက်ပြီး personal question လေးတွေ မေးမယ်နော်။
ဖြေ - ဟုတ်ကဲ့။
မေး - ပထမဆုံး ကိုချစ်စိုးရဲ. နာမည် အရင်းလေး သိခွင့်ရမလားရှင့်။
ဖြေ - ကောင်းချစ်စိုးပါခင်ဗျာ။
မေး - ကိုချစ်စိုးရဲ. မွေးနေ.ရော ပရိတ်သတ်ကြီးကို ပြောပြနိုင်မလား။
ဖြေ - ၆လပိုင်း ၁၇ ရက်နေ့ပါ။
မေး - တကယ်လို.ပေါ့နော် မွေးနေ.မှာရော မွေးနေ. Show တွေပါတွေ လုပ်ဖို. အစီအစဉ်လေးများ ရှိနိုင်မလား။ ကိုယ့် group တင် မကဘဲ hip hop family က သူငယ်ချင်းတွေရောပေါ့နော်။
ဖြေ - ကျွန်တော်ကတော့ လုပ်ဖို့ အစီအစဉ်မရှိပါဘူး။ ဒီProject 1 family က Jကြီး တို့ ကြက်တို့ တော့ ကျွန်တော် သေချာ မသိသေး ဘူး။ သူတို့လည်း လောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး။
မေး - အင်း. .. ကိုချစ်စိုးရဲ. ရင်ခုန်သံလေးရော Julyတို့ကို ပြောပြပါအုန်း။ ရင်ခုန်သံ ဆိုတာထက် ရင်ခုန်ရမယ့်သူ ဆို ပိုမှန်မယ် ထင်ပါတယ်နော့်။
ဖြေ - အတည်ကြီး ချိန်နေတဲ့ တစ်ယောက်တော့ ရှိတာပေါ့။
မေး - ကိုချစ်စိုး ဒီ hip hop လောကထဲကို ဘယ်အချိန်က စတင်ပြီး ၀င်ရောက်လာခဲ့တာလဲရှင့်။
ဖြေ - သြော်.. မှတ်မှတ်ရရ ကျွန်တော်ပထမဆုံး Studioမှာ Dutyယူတာတော့ ၂၀၀၁ဒီဇင်ဘာလပေါ့။
မေး - ပြီးတော့ ၀င်ရောက်လာတဲ့ အကြောင်းအရင်းလေးကရော။
ဖြေ - အဓိကကတော့ ကျွန်တော်ဝါသနာ ပါတာပေါ့။ Rappingရွတ်တာ အဲဒီလိုမျိုး ဒါပေမဲ့ သေချာလုပ်ဖြစ်တာတော့ ဒီငယ်သူငယ်ချင်း သိန်းမြင့်ဦးတို့ Bigg Yတို့ သူတို့တိုက်တွန်းမှု အားပေးမှုတွေကြောင့်လည်း ပါပါတယ်။
မေး - ကိုချစ်စိုးရဲ. အရင်က ချစ်စိုးနဲ. ဒီနေ. လက်ရှိ (M.H.A – Pj-1) ချစ်စိုး ဘာတွေများ ကွာခြားသလဲရှင့်။
ဖြေ - အဲ..ကျွန်တော်အခွေစထွက်တာပေါ့နော် ဒီသင်္ကြန်ရောက်ပြီ လမ်းဘေးကာရံများ နောက်EazyFM အဲဒီအခွေတွေ စမထွက်ခင်ကတည်းက ဒီProject-1 Family Member ဖြစ်နေတော့ ထူးထူးခြားခြားကြီးတော့ ခြားနားသွားတာ ပြောင်းလည်းသွားတာတော့ မရှိပါဘူး အဲဒီအတွက်နဲ့။
မေး - ဟိုလေ .. ခုဆို လူတော်တော်များများ သိလာတဲ့ အခါပေါ့နော် လူကြားသူကြား သွားလာရတာ မလွတ်လပ်တာများ ရှိလားရှင့်။ ကျောင်းမှာရော လူတွေက သွားလာတဲ့ အခါ ဟာ .. အဲ့ဒါ ချစ်စိုး ဆိုပြီး သိကြလား။
ဖြေ - အမ်..လူတွေကတော့ သိတယ်ဆိုပေမယ့်လည်း ဒီHipHop အသိုင်းအ၀ိုင်းထဲက လူတွေကတော့ ကျွန်တော့ကို ပိုသိတာများပါတယ်။ ကျွန်တော် Celebrityတစ်ယောက်အနေနဲ့တော့ မဟုတ်ဘူးပေါ့.. ဒီLocal MCပေါ့..အဲ့ဒီလိုအနေနဲ့ပဲ သိတာပေါ့။ သူတို့…အဲ.. တွေ့ရင်လည်း ပြုံးပြနှုတ်ဆက် သီချင်းအကြောင်း ဘာညာပြောတယ်။ တွေ့တာလည်း Gameဆိုင်၊ နောက်လူငယ်တွေသွားနေကြ အဲဒီလိုမျိုး လက်ဖက်ရည်ဆိုင်၊ကော်ဖီဆိုင် အဲဒီလိုမျိုးမှာ တွေ့တာများတယ်။ တွေ့ရင်လည်း သီချင်းအကြောင်း ဘာအကြောင်းပြော အေးဆေးပါပဲ။ နှုတ်ဆက်ဘာညာပေါ့။ အနေရကျပ်တာ မရှိပါဘူး။ ကျောင်းမှာကလည်း ပေါင်းတဲ့ သူငယ်ချင်း အသိုင်းအ၀ိုင်း လောက်ပဲသိတာပေါ့။ ကျန်တဲ့သူတွေကတော့ အမ်..ဒီလိုပါပဲ။

မေး - အော် .. ကျောင်းဆိုလို. မေးရအုန်းမယ်။ ကိုချစ်စိုးက medical student ဆိုတော့ ခုလို music လိုင်းကို လုပ်တော့ education ပိုင်းကိုရော လစ်ဟင်းမှုတွေ ဖြစ်တတ်လား။ ခုလို music နဲ. education ကို ဘယ်လိုများ ခွဲခြားထားလဲရှင့်။
ဖြေ - ကျွန်တော်လုပ်တဲ့ Music တစ်ခုထဲကြောင့်တော့ လစ်ဟင်းမှုမဖြစ်ပါဘူး။
မေး - အခုလို Music နဲ့ Education ကိုဘယ်လိုများ ခွဲခြားထားသလဲရှင့်။
ဖြေ - စာမေးပွဲနီးရင်တော့ လုပ်စရာရှိတဲ့ အလုပ်တွေကို ရှော့လိုက်တာတို့..အမ်.. အချိန်ဆွဲလိုက်တာတို့ အဲဒီလိုပဲ လုပ်တာပေါ့။
မေး - ကိုချစ်စိုးက Medical Student ဆိုတော့ Julyလိုပေါ့နော်။
ဖြေ - ဟုတ်ကဲ့။
မေး - ပြီးတော့ သီချင်းတွေထဲမှာရော ဆေးကျောင်း အကြောင်း .. ဆေးအကြောင်း လူနာအကြောင်းတွေရော မဆိုဘူးလား။ဟီး …
ဖြေ - ကျွန်တော်နဲ့ ကြက်ဖတော့ ဆေးကျောင်းအကြောင်း တစ်ပုဒ်လုပ်ဖို့ပြောထားတာရှိတယ်။
မေး - ဒါနဲ. ကိုချစ်စိုးက music ကိုပဲ တစိုက်မက်မက် လုပ်တော့ မှာလား။ဒါမှမဟုတ် education ပိုင်းနဲ. ပတ်သက်လို. နိုင်ငံခြားမှာ ဘွဲ.လွန် FRCS တို. MRCP တို. သွားပြီး သင်ကြားဖို.ရော အစီအစဉ်များ ရှိလား။
ဖြေ - အဲဒီလို အစီအစဉ်တော့ မရှိပါဘူး။ ဒီမှာပဲသီချင်းတွေ ဆက်လုပ်မယ်။ ဒီလိုပါပဲ။
မေး - ကိုချစ်စိုးကို D.C.T group နဲ. ပတ်သက်တာလေး မေးအုန်းမှ။ ကိုချစ်စိုးနဲ. က ဘယ်လိုမျိုး ဖြစ်ပေါ်လာတာလဲရှင့်။
ဖြေ - ပြောရရင်တော့ အရှည်ကြီးပဲပေါ့။ ၂၀၀၂ခုနှစ်လောက်က စပြီးတော့ ကျွန်တော်တို့ Complex Moveဆိုပြီးအဖွဲ့ တစ်ဖွဲ့ဖွဲ့ထားပါတယ်။ အဲဒီကသူငယ်ချင်းထဲမှာ Hitoပဲမပါတာ..ကျန်တဲ့သိန်းမြင့်ဦးရယ် ဂျော်ညီရယ် ကျွန်တော်ရယ်က D.C.T ဆိုပြီးဆက်လုပ်ဖြစ်တယ်။ အဲ့မှာမှ သိန်းလင်းစိုးကို ထက်ပြီးတော့ အားဖြည့်ပြီးတော့ ခေါ်လိုက်တယ်ပေါ့။
မေး - အင်း သူငယ်ချင်းတွေ စုပြီး လုပ်ဖြစ်တာလား ဒါမှမဟုတ် ၀ါသနာတူ လူငယ်တွေ ပေါင်းစပ်ပြီး အသက်ဝင် လာတာလား။
ဖြေ - နှစ်မျိုးလုံးပဲပေါ့။ သိန်းလင်းကတော့..အဲ..ကြီးမှတွေ့ကြတာပေါ့။သီချင်းလုပ်ရင်းနဲ့ စခင်လာတာ ဒါပေမဲ့လည်း ၀ါသနာတူလို့ အဲဒီလိုမျိုး အဖွဲ့ထဲရောက်သွားတာပေါ့။ ကျန်တဲ့နှစ်ယောက်နဲ့ ကျွန်တော်နဲ့က ဟိုးအရင်တုန်းထဲက သူငယ်ချင်းတွေပါ။
မေး - အင်း .. အဖွဲ. ၁ခုရယ်လို. ဖြစ်လာတော့ အဖွဲ.ထဲမှာ ၁ခါ၁လေ သဘောထား မတူညီတာတွေ ရှိတတ်မှာပေါ့နော်။
ဖြေ - ဟုတ်ကဲ့။
မေး - ဟိုလေ .. လက်ချောင်းလေး ၅ချောင်းတောင်မှ ၁ချောင်းနဲ. ၁ချောင်း အတိုအရှည်မတူညီဘူးလေ။ ဒီလိုသဘောထားလေးတွေ ကွဲလွဲကြတဲ့အခါ ဘယ်လိုများ ဖြေရှင်းကြလဲရှင့်။
ဖြေ - ကွဲလွဲမှုတွေကတော့ ရှိမှာပဲ။ ဒါပေမဲ့တစ်ယောက်နဲ့တစ်ယောက် Respectနဲ့ဆက်ဆံရင် ပြဿနာဆိုတာ မဖြစ်ဘူးပေါ့။ ဒါကညှိယူလို့ ရပါတယ်။
မေး - MHA ဒုတိယ Album ကောထွက်ဖို့ရှိလားရှင့်။
ဖြေ - ဟုတ်ကဲ့ ကျွန်တော်တို့ လုပ်နေပါတယ်။
မေး - MHA ဆိုတဲ့ခေါင်းစဉ်အောက်မှာပေါ့နော် ဘယ်သူတွေကို ကိုယ်စားပြုတယ် သက်ဆိုင်တယ် ဆိုတာက အကျမ်းမျဉ်း နဲနဲပြောပြပေးပါလားရှင်။
ဖြေ - MHA ဆိုတာအကုန်လုံးဖွဲ့တဲ့ တစ်ခုဆိုတာထက် ကျွန်တော်ကတော့လှုပ်ရှားမှု တစ်ခုလိုပါပဲ။ ဒီHipHop ကိုကြိုက်တဲ့သူတွေ အကုန်လုံးနဲ့ သက်ဆိုင်ပါတယ်။ အမ်.. ပတ်သက်တဲ့ပေါ့နော်။
မေး - MHAရဲ့ရည်ရွယ်ချက်လေးကိုလည်း ရှင်းပြပေးပါဦး။
ဖြေ - သက်သက်မတ်မတ်ကြီးတော့ မရှိပါဘူး။ ကျွန်တော်တို့ အကုန်လုံးရဲ့ ရည်ရွယ်ချက်ကတော့ ဒီHipHopကို
ပိုပြီးကျယ်ပြန့်အောင် ပိုပြီးအောင်မြင်လာအောင် ဒီHiphopလူငယ်တွေ ဒီHipHopနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင်ပေါ့နော် ဒါပါပဲ။
မေး - အခုဆိုရင်ကိုချစ်စိုးတို့ရဲ့ D.C.T Group လေးရဲ့ Gold Digger သီချင်းလေးကို လူတွေအတော်သိလာကြတယ် သိလား။
ဖြေ - ဟုတ်ကဲ့။
မေး - အခုလိုအောင်မြင်မှုကို ကိုချစ်စိုးအနေနဲ့ ကျေနပ်အားရမှုမျိုး ရှိပါသလားရှင့်။
ဖြေ - ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပိုပါတယ်။
မေး - ကိုချစ်စိုးအနေနဲ့ လက်တလောဖြစ်နေတဲ့ ခိုးကူးတွေ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ကော ဘာများပြောချင် ပါသလဲရှင့်။
ဖြေ - အဲဒါကတော့ ဒီမြန်မာနိုင်ငံ ဂီတလောက၀ဋ်လည်တယ်ပဲ ပြောရမှာပေါ့။ အခုနာမည်ကြီးနေတဲ့ လူတွေအကုန်လုံးက ဒီနိုင်ငံခြားသီချင်းတွေ အကုန်လုံးကိုခိုးချတယ်၊ကူးတယ်၊ဖြတ်ညှက်ကပ်လုပ်တယ်၊
ဒါတွေကတော့ အဲလိုမျိုးဆိုတော့ ၀ဋ်လည်တယ်ဆိုတဲ့ သဘောပဲပေါ့နော်။ ဒါပေမဲ့အခုနောက်ပိုင်း Hiphop လူငယ်တွေတော်တော်များများ Own Tune တွေလုပ်လာကြတယ်။ ကိုယ်ပိုင်Beatတွေ ကိုယ်ပိုင်Flowတွေ ကိုယ်ပိုင်ကာရံတွေ အဲဒီလိုမျိုးတွေဖြစ်လာကြတော့ ခိုးကူးကတော့ အနှေးနဲ့အမြန် ပျောက်ကွယ်သွားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်၊ ဆုတောင်းပါတယ်။
မေး - ဘာလိုလိုနဲ. သင်္ကြန်တောင် နီးလာပြီနော်။ ကိုချစ်စိုးရော .. သင်္ကြန်မှာ ဘာအစီအစဉ်လေးများ ရှိလဲ။
ဖြေ - ဒီနှစ်တော့ထွေထွေထူးထူးတော့တော့ မရှိပါဘူး။ အရင်လိုပဲ။
မေး - သင်္ကြန် Hip Hop သီချင်း album တွေရော လုပ်ထားသေးလားရှင့်။
ဖြေ - အဲဒါတော့ မရှိဘူးခင်ဗျာ။
မေး - မဏ္ဍပ်တွေမှာ သီချင်းလိုက်ဆိုမှာလား ဒါမှမဟုတ် အပျော်တမ်း ရေပက်ခံထွက်တာတို. မဏ္ဍပ်ထိုင်တာတို. လုပ်မှာလား။
ဖြေ - အခုထိတော့ဘာမှသေသေချာချာ မစီစဉ်ရသေးဘူးပေါ့။
မေး - မေးခွန်းတွေလည်း များသွားပြီနော် ကိုချစ်စိုးရေ.. ကဲ နှစ်သစ်မှာ ကိုချစ်စိုး၁ယောက် သီချင်းသစ်လေးတွေကို style သစ်နဲ.အတူ ပရိတ်သတ်တွေကို ပိုမိုပြီး စွဲဆောင်နိုင်ပါစေ။
ဖြေ - ကျေးဇူးတင်ပါတယ်။
မေး - D.C.T အဖွဲ.လည်း အောင်မြင်မှုတွေ အများကြီး ရပါစေလို. MYMC အဖွဲ.သားတွေ ကိုယ်စား July က ဆုတောင်းပေး လိုက်ပါတယ်။
ဖြေ - ပေးတဲ့ဆုနဲ့ ပြည့်ပါစေခင်ဗျာ။
မေး - ခုလို July တို. မေးတဲ့ မေးခွန်းလေးတွေကို စိတ်ရှည်လက်ရှည် ဖြေပေးတဲ့ ကိုချစ်စိုးရေ... ကျေးဇူးတင် ပါတယ်နော်။
ဖြေ - ကျွန်တော်ကလည်း အခုလိုတကူးတက မေးမြန်းတဲ့ MYMCအဖွဲ့နဲ့ Julyကိုလည်း ကျေးဇူးတင်ပါတယ်။
အင်တာဗျူးလေးကိုအသံနဲ့နားထောင်ချင်တယ်ဆိုရင်တော့...
MYMC Team
Interviewer : HoneyJuly
Write-up/Questions : Streetthugz, မီးအိမ်ရှင်, Mahuyar
Manager : Mahuyar
| < Prev | Next > |
|---|