iRobot Military Bots To Patrol Coming World Cup in Brazil
Brazil နိုင်ငံမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားပွဲမှာ လုံခြုံရေး အတွက် စစ်ဘက်ပိုင်းမှာ အသုံးပြုနေတဲ့ iRobot တွေကို ပါထည့်သွင်း အားဖြည့် ထားတယ်လို့ ဆိုပါတယ်။
တကယ်လို့သင်ဟာ password ပြောင်းလေ့ သိပ်မရှိဘူးဆိုရင် သင့်အိမ်နီးနားချင်း တွေထဲက နည်းပညာ အကြောင်း သိတဲ့သူ တစ်ယောက်ယောက်က သင့်အိမ်က wi-fi network အတွက် password ကိုသိရင် သိနေနိုင်ပါတယ်။
အဲဒါကို သုံးပြီးတော့ data တွေ၊ ညစ်ညမ်းရုပ်ရှင်နဲ့ ခိုးကူးရုပ်ရှင်တွေ download လုပ်၊ ဒါမှမဟုတ်သင့် personal network ကို ခိုးကြည့်ရင်ကြည့်၊ အဲလို ဖြစ်နိုင်ပါတယ်။ ဒါကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းကတော့ ဒီ anti-wi-fi wallpaper သုံးဖို့ပါပဲ။ ဒီ wallpaper မှာ crystal ပုံစံ ငွေရောင် အကွက်တွေ ပါပါတယ်။ သင့် router က wi-fi frequencies ကို ဘလော့လုပ်ထားမှာ မို့လို့ အပြင်ကို ထွက်မသွား နိုင်သလို အပြင်က frequency လည်းအထဲကို ဝင်လာမှာ မဟုတ်ပါဘူး။ ဒီနံရံကပ် စက္ကူကို ၂၀၁၃က စပြီးတော့ Alhstrom လို့ခေါ်တဲ့ Finland ကကုမ္ပဏီ တစ်ခုက ရောင်းပေးမှာ ဖြစ်ပါတယ်။ သာမန်အလယ် အလတ်တန်းစား wallpaper ဈေးနဲ့ပဲ ရောင်းမှာမို့ လို့ဒါဝယ်ဖို့ အတွက်တော့ ဒေဝါလီခံရမှာ မဟုတ်ပါဘူး။ သင့်အိမ်က ရှိသမျှ အခန်းတိုင်းမှာ ကပ်ထားမယ် ဆိုရင်တော့ သင်ကိုယ်တိုင် အိမ်ထဲမှာ wi-fi သုံးလို့ မရအောင် ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အပြင်ဘက်နံရံတွေမှာပဲ ကပ်သင့်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေမှာ သုံးဖို့ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ ရုံးအဆောက်အဦးရဲ့ နံရံတွေမှာ ကပ်ရင် တခြား လုပ်ငန်းတွေက သုံးလို့ မရတော့ဘူးပေါ့။ သေချာအောင်တော့ wallpaper ကို မျက်နှာကြက်မှာကော ၊ ကြမ်းပြင်မှာကော ကပ်ဖို့လို ပါလိမ့်မယ်။ ပြတင်းပေါက်တွေ ရှိနေတာ ကလည်း ပြဿနာ တစ်ခုပါပဲ။ မြေအောက်ခန်း ထဲမှာ ဒါမှမဟုတ် Batman လို Batcave မှာ နေတာ မဟုတ်ရင်တော့ မလွယ်ပါဘူး။ သူတို့နဂို ဒီဇိုင်းကို မကြိုက်ဘူးဆိုရင် အဲဒီပေါ်မှာ ဆေးထပ်သုတ်လို့ ရပါတယ်။ ဒါပေမဲ့ ဒီအတိုင်းလည်း တော်တော်ကြည့်လို့ လှပါတယ်။

Written by GG, Images and Source from Techabob.com
အခု Post ကိုကြိုက်နှစ်သက်ပါ သလား၊ အသစ်တင်တိုင်း သိရအောင် Subscribe လုပ်လို့ရပါတယ်။
MYMC ကို Google+ မှာလည်း Follow ပါ